Pan-American Highway လို့အမည်ပေးထားပါတယ်။ စုစုပေါင်း အရှည် ကတော့ ၂၉၈၀၀ မိုင် ရှိပါတယ်။
အမေရိကန်နိုင်ငံ၊ အလက်စကာ ပြည်နယ်က Fairbanks မြို့ ကနေ စပြီး ဘရာဇီးနိုင်ငံ Brasilia မြို့ မှာ ဆုံးပါတယ်။ ကြားထဲမှာ နိုင်ငံ
၁၂ ငံ ဖြတ်ပြီး စုစုပေါင်း ၁၄ နိုင်ငံ ဖြတ်သွားတဲ့ ဟိုင်းဝေး ဖြစ်ပါတယ်။
အမေရိကန်က တိုက်အတွင်းက နိုင်ငံအတော်များများကို ဖြတ်သွားခြင်း ဖြစ်ပါတယ်။
Wednesday, October 22, 2008
Friday, October 17, 2008
အရမ်း ၁၀ ပါး

အလွမ်း ၁၀ ပါးရေးပြီးပြန်တော့လဲ အရမ်း ၁၀ ပါးရေးကြည့်ချင်စိတ်ပေါက်လာတယ်။ လန်ဒန်မှာနေပြီး ဘာမှတိတိကျကျမသိဘဲ ရမ်းလုပ်တာတွေက အရမ်းများတာကိုးဗျ။ သူတို့ယဉ်ကျေးမှုကို ကောင်းကောင်းသိတာမဟုတ်ဘူး။ ကိုယ်လုပ်ချင်တာဘဲ ကိုယ်သိတယ်။
ဟိုတစ်နေ့လဲ
သူငယ်ချင်းတစ်ယောက်ရဲ့  ဗြိတိသျှနိုင်ငံသားခံယူပွဲ အခမ်းအနားကို ကျနော်လိုက်သွားဖြစ်တယ်။
အခမ်းအနားအပြီးမှာ ဘုရင်မကြီးဝတ်စုံဝတ်ဆင်ထားတဲ့ အဘွားအိုနှင့်တွဲပြီး တစ်လှည့်စီဓါတ်ပုံရိုက်ဖြစ်ကြတယ်။
ကျနော်က ကင်မရာလက်ထဲမှာရှိရင် အငြိမ်မနေတတ်ဘူး။ မြင်သမျှအားလုံး ရိုက်ချင်တော့တာပါဘဲ။ ဗြိတိသျှနိုင်ငံသားခံယူတဲ့သူအားလုံးကို ကျနော် ဓါတ်ပုံရိုက်ဖြစ်တယ်။
Thursday, October 16, 2008
အလွမ်း ၁၀ ပါး

အကန်း ၁၀ ပါးရေးပြီးတဲ့အခါမှာ သူရဲ့ ကာရန်ခပ်ညီညီဖြစ်တဲ့ အလွမ်း ၁၀ ပါးကို ခပ်ကြောင်ကြောင် ကြံဖန်ရေးရရင်ကောင်းမှာဘဲဆိုပြီး ကျနော် ခံစားမိတဲ့ အလွမ်း ၁၀ မျိုးကို ရေးလိုက်မိပါတယ်။
မိဝေးဖဝေး ဆရာဝေး နိုင်ငံဝေးပြီး တစ်နယ်တစ်ကျေးမှာ ပညာရှာနေရပေမဲ့ အလွမ်းဓါတ်ခံ ရှိသူမို့
နေပူရင်လဲ လွမ်းတယ်။ မိုးရွာရင်လဲ လွမ်းတယ်။ နှင်းကျရင်လဲ လွမ်းတယ်။ သစ်ရွက်ကလေးတွေ ကြွေကျရင်လဲ လွမ်းတယ်။ ပူအိုက်ရင်လဲ လွမ်းတယ်။ ချမ်းအေးရင်လဲ လွမ်းတယ်။ အကုန်လုံး လွမ်းစရာတွေချည်းပါဘဲဗျာ။
လွမ်းစရာတွေ ဆွေးစရာတွေ အများအပြားရှိပေမဲ့လဲ အခု အလွမ်း ၁၀ ပါးကတော့ အလွမ်းတကာ့ အလွမ်းဆုံးလေးတွေရယ်ပါ။ ဖတ်ပြီးရင် ခပ်ကြောင်ကြောင်ကောင်ဘဲလို့ စိတ်ထဲ ရေရွတ်လိုက်ကြဦးပေါ့။ ဒါမှ ဖတ်ရကျိုးနပ်မှာ မဟုတ်လား။ ဟဲ ဟဲ။
Wednesday, October 15, 2008
အကန်း ၁၀ ပါး

အကန်းတကာ့အကန်းတွေထဲက ဒီအကန်းလေးတွေကို ခံစားကြည့်ပေးပါဦး။ ။