Friday, October 22, 2010

ပဲရစ်မြို့ က ဧရာမ ဖယောင်းရုပ်တုကြီးများ

ပြင်သစ်နိုင်ငံ က ဗိသုကာ ပညာရှင် Ron Mueck ရဲ့  ဖန်တီးတင်ဆက်ထားမှု ဖြစ်ပါတယ်။ သာမန် မြင်နေကျ ဖယောင်းရုပ်ထု အသေးလေးတွေ မဟုတ်ပဲ အကြီးစားကို ထုတ်လုပ်ထားပါတယ်။ အချို့ ကျတော့ သာမန်အရွယ်ထက် ငယ်အောင် ထုထားပါတယ်။

Wednesday, October 20, 2010

နှလုံးသားဧည့်သည် နှလုံးသားသရဲ

 အနောက်ဘက်စွန်းစွန်းဆီမှ ရွှေအိုရောင် နေလုံးကြီးဟာ နေ့ခင်းဘက်က တောက်ပထွန်းလင်း ပူလောင်ခြင်းအလင်းတန်း မာန်မာနတွေခ၀ါချပြီး တဖြေးဖြေးမှေးမိန်ကာ ကမ္ဘာလောကကြီးကထွတ်ခွါဖို့ နှုတ်မဆက်ချင်ဆက်ချင်နဲ့ပေါ့။နေလုံးကြီးကိုကြည့်ပြီး ကျွန်မလည်း
ဝမ်းသာသလိုလို ၀မ်းနည်းပူဆွေးသလိုလို ဒွိဟစိတ်နဲ့ ၀မ်းသာတာက ပူလောင်မှု့တွေပေးပြီး အဝေးထွက်သွားလို့ ၀မ်းနည်တာက နှုတ်ဆက်နေတဲ့ နေလုံးမျက်နှာဟာ ကမ္ဘာမြေကိုမခွဲချင်မခွါချင်သံယောဇဉ်အမျှင်တန်းလေးကို ကျွန်မတွေ့ရှိခံစားရလို့ပါပဲလေ။ဒီလိုနဲ့ နှလုံးသားကို ထပ်ပြီးမနာကျင်အောင် မတွေးဘူး မစဉ်းစားဘူးလို့ ဦးနှောက်ကို အထပ်ထပ်ကတိပေးထားတဲ့ ကတိစကားကို နှလုံးသားက စတင်ဖောက်ဖျက်ပြီး ဆိုးရွားနာကျင် မလှပတဲ့သူ့ရဲ့ အချစ်စာမျက်နှာကို တရွက်ချင်း လှန်ကြည့်ဖို့ အားသန်နေလေရဲ့ စာမျက်နှာတွေ မျာများစားစားမရှိတဲ့ အချစ်စာမျက်နှာဟာ တရွက်ချင်း စိတ်ဝိညာဉ်အတူလွင့်မြောသွားပါတော့တယ် ။