Wednesday, December 28, 2011

Gripe Water ကလေး လေဆေး



သားလေးက ၉ လရှိပါပြီ။ ဖြည့်စွက်အစာလဲ ကျွေးနေပါပြီ။ အစာကျွေးပြီးတိုင်လဲ ဘားပလက်အရည် နဲ့ Gripe mixture တိုက်ပါတယ်။ သူက အရင် ၄ ရက် လောက်က ညဘက်တွေဆိုရင် နို့ ဆာရင် နိုးလာပြီး အိအိ နဲ့ နည်းနည်းငိုတယ်။ သူ့ အမေက နို့တိုက်လိုက်ရင် ပြန်အိပ်သွားကော ခုသုံးလေးရက်အတွင်းမှာ ပုံစံပြောင်းပြီး အိပ်နေတာကနေထထပြီး မတရား ကော့ကော့ထိုးပြီး ငိုတယ်။ ဘယ်လို ချီချီ ထိန်းထိန်း မရဘူး။ ဒီအတိုင်းမှာ နို့ကိုလဲ တန်းတိုက်လို့မရဘူး။ ထက်လင်း ရင်လူးဆေးလိမ်း Air X တိုက်လိုက်ပြီးမှ ငြိမ်သွားပြီး နို့ကိုလဲ စို့တယ်။ ထက်လင်း ရင်လူးဆေးလိမ်း Air X တိုက်တာကိုပဲ အတင်းရုန်းနေလို့ ချုပ်ပြီး တိုက်ရတယ်။ ပြီးမှ ပြန်အိပ်သွားတယ်။ ဗိုက်ထဲမှာတော့ လေသံတွေကြားရတယ်။ သိချင်တာက ကလေးဗိုက်ထဲက လေတွေ ထွက်အောင် Air X ကို ညတိုင်းတိုက်လို့ ကောင်းပါ့မလား။ တခြား နည်းလမ်းလေးတွေရှိသေးရင်လဲ ညွန်းပေးပါဦး။

Saturday, December 10, 2011

အိမ်ထောင် သားမွေး

အိမ်ထောင်ပြု ပြီး ကြပြီ ဆိုရင် ချစ်လို့ ဘဲ ပြုပြု တခြားဘာကြောင့်ဘဲ ပြုပြု ချက်ချင်းမဟုတ်တောင် သားသမီး လိုချင်လာတာ ထုံးစံပါ ။အိမ်ထောင်ပြုပြီး သားသမီး မယူလိုသူတွေ ရှားမှာပါဘဲ။
ခုတော့ စလုံးမှာ တချို့ စုံတွဲတွေ သားသမီး မယူချင်ဘူးလို့ ဆုံးဖြတ်သတဲ့ ။ခေတ်ကလဲ ခေတ်ကျပ်ကြီးကို ။

အရွယ်လေး ရောက်လာတော့ မိဘ အိမ်နဲ့ ခွဲခွာပြီး ကျောင်းသွား အလုပ်ဝင် ပြီးတော့ နိုင်ငံ ရပ်ခြားမှာဘဲ ဖူးစာဘက်ရှာ အိမ်ထောင်ပြု ကြပြန်တော့ တချို့ လဲ အိမ်ထောင်သားမွေး ၀ီစိ ကိတ်စများတာကို သိပ်မသိဘူေးပါ့ ။

Tuesday, November 29, 2011

Paracetamol Syrup (ပါရာစီတမော) အရည်




(ယူကေ) နိုင်ငံ အစိုးရအဖွဲ့အစည်းတခုဖြစ်တဲ့ Medicines and Healthcare products Regulatory Agency (MHRA) ကနေ ဆေးဝါးနဲ့ ဆေးသုံးပစည်းတွေကို အမြဲမပြတ် လေ့လာဆန်းစစ်မှုတွေလုပ်ပြီး လမ်းညွှန်ချက် အသစ်တွေ ထုတ်ပြန် ပေးနေပါတယ်။ အခုအစီရင်ခံစာကတော့ (ပါရာစီတမော) အရည်အတွက် လမ်းညွှန်ချက်သစ် ဖြစ်ပါတယ်။

Saturday, October 22, 2011

ကမ္ဘာ့ အသန်စွမ်းဆုံး အမျိုးသမီး


Irene အမည်ရ အမျိုးသမီးဟာ ဒိန်းမတ်နိုင်ငံမှာ မွေးဖွားပြီး အသက် ၂ နှစ်အရွယ်မှာ ဆွီဒိန်နိုင်ငံသို့ ပြောင်းရွေ့နေ ထိုင်ခဲ့ပါတယ်။

ယခုချိန်ခါမှာတော့ သူမဟာ ဆွီဒိန်နိုင်ငံရဲ့ အသန်စွမ်းဆုံး အမျိုးသမီးလို့ စံချိန်တင်နိုင်ခဲ့ပြီး အမျိုးသမီး ကာယဗလ ပြိုင်ပွဲတိုင်းမှာ ပထမဆုအမြဲဆွတ်ခူးပါတယ်။

Friday, March 11, 2011

ရဲဘော် သက်နိုင်ဦးနှင့်Interview








ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ