Sunday, November 24, 2013
ဘာသာရေး ပြဿနာ တွေကို ဘယ်လို အဆုံးသတ်မလဲ
Friday, November 22, 2013
ဒီမိုကရေစီရဲ့ ထိချက်၊ တပ်မတော်နဲ့ မိတ်ဖက်
(၆၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ တပ်မတော် အရာရှိကြီးများ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို စည်းရုံးရနိုင်တယ်လို့
ဥရောပတိုက် (၅) နိုင်ငံ နိုင်ငံတကာ ခရီးစဉ်တစ်ခုမှာ
ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း အခြေခံ ဥပဒေ
ပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး NLD ရဲ့ လူထုဆန္ဒခံယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က
တပ်မတော်ကို ရည်ရွယ်ပြီး ပြောဆိုသွားခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတာဟာ တပ်မတော်ရဲ့ အခွင့်အရေးတွေကို
လျှော့ချချင်လို့ မဟုတ်ဘဲ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစနစ်နဲ့
ကိုက်ညီတဲ့တပ်မတော်ဖြစ်ဖို့ ပြည်သူတွေက လေးစား ချစ်ခင်တဲ့ တပ်မတော်ကောင်း
တစ်ခုဖြစ်စေချင်လို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဆိုသွားပါတယ်။Thursday, November 21, 2013
နေပြည်တော်တိုင်းစစ်ဌာနချှုပ်အတွင်း ဦးသန်းရွှေ၏ ဓါတ်ပုံများကို ဖြူတ်ချနေကြ
ဦးသန်းရွှေမှ ကာချုပ်အား ပြစ် တင်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ဦးသန်းရွှေ အား လာရောက်တွေ့ဆုံရန် ဆင့်ခေါ်ခဲ့ရာ ဦးအောင်သောင်းနှင့် ဦးတင်အေး တို့မှ ဦးသန်းရွှေ အားတောင်းပန်နှစ်သိမ့်ကာ အခြေအနေ ကို ထိန်းသိမ်းခဲ့သည်။
ကာချုပ်ကလည်း လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခဲ့ခြင်းဖြစ်၍ မိမိအားဖိအားပေးလာလျှင် ရာထူးမှ စွန့်လွှတ်ဖို့ အချိန်မရွေးရှိကြောင်း တုန့်ပြန်မည့်အနေအထားများ နေပြည်တော် စစ်ရုံးအတွင်း သတင်းပျံ့နှံ့ခဲ့သည်။
လူ့ပြည်က အပ်တစ်စင်း နဲ့ နတ်ပြည်က အပ်တစ်စင်း ထိခါနီးမှ လွဲချော်ခြင်း အကြောင်းများ
မာရသွန်ပြိုင်ပွဲဝင် တို့ ပန်းဝင်ခါနီး ခြေခေါက်လဲသွားရင်တောင်
ဘေးကကြည့်နေတဲ့သူတွေအဖို့ ဟာ ခနဲ ဟင် ခနဲ မချင့်မရဲ တနုံ့နုံ့ဖြစ်ကြရသေးတာ
...လူ့ပြည်က အပ်တစ်စင်း နဲ့ နတ်ပြည်က အပ်တစ်စင်းတို့ ထိတွေ့ခါနီးမှ
လွဲသွားတယ် ၊ သူတို့ ထိတော့ တွေ့တော့မှာကို ဟိုးအစထွက်လာထဲက
ကြည်နူးကျေနပ်မှူနဲ့ အစဉ်တစိုက်ကြည့်လာတဲ့သူတွေအဖို့ ကတော့ မချင့်မရဲ
တနုံ့နုံ့ သာမက ခံစားရတော့မှာ ။ ဒါက ဘေးလူအဆင့်ပေါ့ ။
ကာယကံရှင်တွေမှာတော့ သူတို့အမျှော်လင့်ကြီး မျှော်လင့်နေတဲ့ လက်ဝယ်ရခါနီး ရတနာလေးဟာ ဗြုန်းဆို ပျောက်သွားရင် မယုံနိုင်မှူ နဲ့အတူ တစ်မြေ့မြေ့ ပူဆွေးတဲ့သောက ကိုခံစားရမှာ ။

ဘလော့ခရီးသည်ရဲ့ဘလော့ပညာများစုစည်းမှု
မိတ်ဆွေအပေါင်းး မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေ သည်တစ်ခါ ကျနော်
သေခြာစဉ်းစားမိပြီးတော့ စီစဉ်ထားတဲ့ ပို့စ်လေးကိုတင်ပေးထားပါတယ်.. ဒါကတော့
ဘလော့ခရီးသည်ကိုအားပေးကြသော မိတ်ဆွေ ညီကို မောင်နှမများအတွက် ကျနော့်ရဲ့
ဘလော့ပညာများအား အလွယ်တကူ ရှာဖွေနိုင်ရန်ဆိုတဲ့ စိတ်ကူးလေးနဲ့
သည်လိုလေးစုစည်းထားလိုက်ရတာပါ... မဟုတ်ရင် မိတ်ဆွေတို့လဲ ရှာဖွေရခက်ခဲသလို
ကျနော့်အတွက်လဲ အကူညီလာတောင်းသမျှ ပြန်လည်ရှာဖွေပေးနေရတော့
အချိန်နှောင့်နှေးစေပါတယ်.. ဒါလေးကတော့ လုံးဝ (လုံးဝ) ကိုအဆင်ပြေစေတယ်ဗျာ..
ဒါလေးကို လက်ကိုင်ထားလိုက်ကြပါ... လိုခြင်တာတွေကို ခေါင်းစဉ်လေးတွေ နဲ့
အမြန်ရှာနိုင်ပါပြီ..
Wednesday, November 20, 2013
DVB -ပုဒ်မ ၁၈နဲ့ ၅၀၅ (ခ) ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့တဲ့ ကိုထင်ကျော် ကို တ...
ပုဒ်မ ၁၈နဲ့ ၅၀၅ (ခ) ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့တဲ့ ကိုထင်ကျော်ကို ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ် တရားရုံးတွေက အမိန့် ချမှတ်လိုက်ပြီဖြစ်ပါတယ်။ဦးမင်းညို သတင်းပေးပို့ ထားပါတယ်။
Tuesday, November 19, 2013
၉၆၉ နှင့် ဗုဒ္ဓဘာသာ အစွန်ရောက်များ
Sunday, November 17, 2013
ဟင်းသီးဟင်းရွက် စားသုံးခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းမှ လျော့ပါးစေနိုင်
မုန်လာဥကို နေ့စဉ် သို့မဟုတ် ရက်သတ္တ တစ်ပတ်တွင် တစ်ဥ စားပေးခြင်းဖြင့်
အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ၏ ထက်ဝက် သို့မဟုတ် ထို့ထက်ပို၍ လျော့နည်း
သွားစေကြောင်း ကင်ဆာ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးစိုးအောင်က
ပြောကြားခဲ့သည်။
Friday, November 15, 2013
လတ်တလော မြန်မာ့နိုင်ငံရေး ၀ဲဂယက်များ
အခုရက်ပိုင်းအတွင်း မြန်မာ့နိုင်ငံရေးသတင်းတွေက စုံလင်လှသည်။ ဂျာနယ်များ အကြိုက်တွေ့သည့် ရက်သတ္တပတ်ဟုပင် ဆိုရမည်ထင်သည်။
(က) နိုင်/ကျဉ်းတွေ ထပ်လွှတ်ပေးလိုက်သည်။ ဒါက ဘာမျှမထူးဆန်း။ ထူးဆန်းတာက
ဦးနေ၀င်းရဲ့ မြေး ၂ ဦးပါ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ သူတို့လည်း
သူတို့ဝဋ်ကျွေး ကုန်သွားသည့်အတွက် လွတ်မြောက်သွားတာဟုပဲ
နှလုံးသွင်းလိုက်ပါသည်။ ကျန်တာတွေ လျှောက်စဉ်းစားနေလျင် စိတ်ညစ်နေရဦးမည်။
အသက်တိုနေဦးမည်။
Saturday, November 9, 2013
ထောင်ထဲမှာ ကျူပ်ထောင်ချထားတဲ့ကုလားမရှိတဲ့ထောင် ခပ်ရှားရှားပဲ(
Friday, November 8, 2013
ဘောလုံးပွဲ အကြွေးတင်နေသော တပ်မတော် အရာရှိတစ်ဦး ရွှေဆိုင်ကို ဓားပြတိုက်
သထုံ အခြေစိုက် လေကြောင်းရန် ကာကွယ်ရေး (လကသ-၃၀၁၄) တပ်ရင်းမှ ဗိုလ်ကြီးအောင်ခန့်မင်း ဆိုသူသည် မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက် ကျေးရွာရှိ ဦးတင်မြင့် ရတနာရွှေဆိုင်ကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ တွင် ဓားပြတိုက်ခဲ့ကြောင်း ဇင်းကျိုက် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Thursday, November 7, 2013
သူခိုးဝန်ကြီးဌာန ၁၈ ခုကို သာဓု ခေါ်ရမလား?
ဒီကနေ့
၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းတွင် ဘီဘီစီ အသံလွှင့်ဌာနမှ ညပိုင်း
အစီစဉ်တွင် ထုတ်လွှင်သွား ၀န်ကြီးဌာ ၁၈ ခု၏ မြန်မာကျပ်ငွေ သိန်း
သန်းပေါင်းများစွာအား ဘုန်းထားကြသည်မှာ အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း ၆
ထောင်နီးပါမျှရှိသည်ဟု နိုင်ငံတကာ ငွေကြေးဆိုင်ရာ နှင့် အာဂတိ
စောင့်ကြည့်သူများအဖွဲ့ အမေရိကန် နယူးယောက်တိုင်းမ်တွင် ယနေ့ ပြောဆိုပါသည်။
Wednesday, November 6, 2013
နေပြည်တော်ကောင်စီ၏ နောက်ထပ်တောင်းခံငွေ လွှတ်တော် ထက်ဝက်ဖြတ်တောက်
နေပြည်တော်ကောင်စီမှ ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတောင်းခံသည့်
ဘဏ္ဍာငွေ သန်း ၂၆၀၀တွင် သန်း ၁၃၀၀ ကျော်ကို လွှတ်တော်ကိုယ်စားလှယ်များ၏
ဆန္ဒမဲအရ ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်လျှော့ချခွင့်ပြုလိုက်သည်။
နေပြည်တော် အသုံးစရိတ် ကြမ်းဟု လွှတ်တော် ဝေဖန်
နေပြည်တော်ကောင်စီ က နေပြည်တော် တည်ဆောက်ရေး စီမံကိန်း များအတွက် ကျပ် ငွေ ၂၀၀ ဘီလျံကျော် တောင်းခံ ထားသည့်အပြင် ငွေလုံးငွေရင်း အသုံး စရိတ်အဖြစ် ၂၆ ဘီလျံ ထပ်မံတောင်းခံ လာသောကြောင့် နေပြည်တော်ကောင်စီ ဘတ်ဂျက် ကို ပြည်ထောင်စုလွှတ်တော်တွင် အပြင်း အထန် ဝေဖန်ဆွေးနွေးမှု များ ရှိနေသည်။ ထပ်မံတောင်းခံလာသော ငွေအလုံးငွေရင်း အသုံးစရိတ်ကို လွှတ်တော်က အပြည့်အ၀ခွင့်မပြုဘဲ ကျပ်သန်းပေါင်း ၁.၃ ဘီလျံကို လွှတ်တော်က စိစစ်ဖြတ်တောက်လိုက်ကြောင်းလည်း လွှတ်တော်အမတ်များက ဧရာဝတ်ီသို့ ပြောဆိုသည်။