Tuesday, February 4, 2014

အလုပ်လုပ်ခိုင်းတဲ့ ၀န်ကြီး၊ စာဖတ်ခိုင်းတဲ့ ၀န်ကြီးကို ဖွကြပါဦး

ကဲ နွားနို့သောက်ခိုင်းတာ၊ ထမင်းတစ်နပ် လျှော့စားခိုင်းတာ၊ နယ်လှည့်ပါးရိုက်တာတွေကို ဖွခဲ့တဲ့ ကိုကို၊ မမတို့ရဲ့ ဘယ်မီဒီယာကများ ပြည်သူတွေကို သက်သက်သာသာ မထားဘဲ၊ ပင်ပန်းအောင် အလုပ်လုပ်ခိုင်းတဲ့ ၀န်ကြီး၊ ပြည်သူတွေ မျက်စိမွဲ၊ ခေါင်းခြောက်ဖြစ်အောင် စာဖတ်ခိုင်းတဲ့ ၀န်ကြီးလို့ ဖွကြဦးမလဲ။ ဖွကြပါဦးဗျာ။ မြန်မာ့နိုင်ငံရေးက တစ်ခုတစ်လေမျှ ငြင်းခုန်ရတာ၊ ဝေဖန်ရတာ၊ ဆဲဆိုရတာ မရှိဘူးဆိုရင် ပျင်းစရာကြီးဗျ။