Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 3, 2014

အရက်သေစာ သောက်စားပြီး ကားမောင်းသည့် ဘုန်းကြီးအိုအား သာသနာတော်ညှိုးနွမ်းစေမှုဖြင့် လူဝတ်လဲ

 


2 November 2014 22:58(+0630) (လွန်ခဲ့သော 20 နာရီ ခန့်က)
တာချီလိတ်မြို့နယ်သည် နယ်စပ်ဒေသမြို့ဖြစ်ပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများ အနေဖြင့် စေတနာသဒ္ဒါအား ထက်သန်သည့် မြို့တစ်မြို့ဖြစ်ရာ တာချီလိတ်မြို့ပေါ်တွင် နိုင်ငံတော် အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် တရားဝင်ဘုန်းကြီးကျောင်း (၁၁၃)ကျောင်းရှိပြီး အထောက်အထားမရှိသည့် ဘုန်းကြီးကျောင်း (၆၀)ခန့်ရှိရာ သာသနာတော် သန့်ရှင်းတည်မြဲရေးနှင့် ပတ်သက်၍လည်း မြို့နယ်သာသနာရေးဦးစီးဌာန နှင့် မြို့နယ်သံဃာနာယကအဖွဲ့ အပါအ၀င် တာဝန်သိ ပြည်သူများ၊ သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်လျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့ ညပိုင်းတွင် အရက်သေစာ သောက်စားပြီး ကားကို ကိုယ်တိုင်မောင်းကာ ရမ်းကားနေသူ ဘုန်းကြီးတစ်ပါးအား သာသနာညှိုးနွမ်းစေမှုဖြင့် လူဝတ်လဲပြီး တရားဥပဒေအရ ဆောင်ရွက်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊ ၀မ်လုံးကျေးရွာအုပ်စု၊ မြို့ပတ်လမ်းအနီး ဓမ္မ၀ိဟာရ အေးရိပ်သာ ကျောင်းနေ ဦးကောသလ္လ (ခ) မြင့်ဦး (ခ) ကံကြီးမောင်သည် အသက်အားဖြင့် (၇၆)နှစ်ရှိပြီး ၀ါတော်အားဖြင့် (၂၆)၀ါရှိရာ ၎င်းသည် သင်္ကန်းဝတ်ဖြင့် အရက်သေစာ သောက်စား မူးယစ်ပြီး မကာဟိုခမ်းရပ်ကွက် မြို့နယ်လ၀ကရုံးလမ်းပေါ်တွင် ယာဉ်အား မဆင်မချင် မောင်းနင်ပြီး ရမ်းကားနေမှုကြောင့် မြို့နယ်သံဃာနာယက(သုဓမ္မာ)အဖွဲ့၏ ဆုံးဖြတ်ချက်အရ လူဝတ်လဲစေပြီး တာချီလိတ်မြို့မရဲစခန်းတွင် ရာသေးမှုအမှတ် ၆/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၂၉၅-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဝမ်ကောင်းရပ်ကွက်နေ ဦးမင်းအောင်က "သင်္ကန်းဝတ်တွေနဲ့ ဒီလိုမျိုးတွေ နောက်မရှိအောင် သာသနာ ရှင်းလင်းရေးအနေနဲ့ သက်ဆိုင်ရာတွေက ၀ိုင်းဝန်းပြီး ဥပဒေအရ ဆောင်ရွက်မှ ပိုထိရောက်မှာဖြစ်ပါတယ်။ တခြားဘာသာခြားတွေလည်း မြင်သွားရင် မသင့်လျော်ပါဘူးပေါ့"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၃၁)ရက်နေ့ မဟာဘုံကထိန် အစည်းအဝေးတွင် နိုင်ငံတော်သြ၀ါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ honorary ph.d. နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"က ရဟန်းသိက္ခာကျင့်ဝတ် ၀ိနည်းများနှင့် မလျော်ညီသည့် ကိစ္စများနှင့် ပတ်သက်၍ အရက်သေစာ သောက်စားမူးယစ်နေသော သင်္ကန်းဝတ်ရဟန်းများ နှင့် စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ကားများကို ကိုယ်တိုင်မောင်းနင်နေသည့် သံဃာများကို တရားဥပဒေအရ စိစစ်အရေးနိုင်ရန် အတွက် သာသနာတော် သန့်ရှင်းတည်မြဲရေး ကိစ္စရပ်များကို မိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယခုလို ကိစ္စရပ်နှင့် ပတ်သက်၍ သင်္ကန်းဝတ်နှင့် အရက်သေစာ သောက်စားခြင်း၊ ယာဉ်များမောင်းနင်ခြင်း စသည့် မလျော်ညီသော ကိစ္စရပ်များကို မဖြစ်ပေါ်စေရန်အတွက် သာသနာရှင်းလင်းမှုများ ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။







ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ