၁၄.၁၁.၂၀၁၄ရက်နေ့ ၁၈၄၅အချိန် ကွမ်းခြံကုန်းမြို့နယ်၊ ဝါးကောက်တော ကျေးရွာ၊ ဗိုလ်ချုပ်လမ်း အတိုင်း ဒေးဒရဲမြို့ဘက်မှ ကွမ်းခြံကုန်းမြို့ဘက်သို့ ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့နယ်နေ ယာဉ်မောင်း ကိုအောင်ကိုလတ် (၃၀)နှစ် မောင်းနှင်လာသော 8F---ကင်တာ ကုန်တင်အငှားယာဉ်သည် မိုင်တိုင်အမှတ် (၄/၀)နှင့် (၄/၁)ကြားရှိ တံတားဖြူအနီးအရောက် လမ်း၏ယာဘက်ဘေးတွင် ဝါးများတင်ဆောင်၍ ရပ်ထားသော ယာဉ်အား ရှောင်တိမ်းရန်အတွက် ၎င်း၏ကားအား ဘရိတ်အုပ် လိုက်စဉ် အဆိုပါယာဉ်မှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လမ်းဘေးတွင် ထိုင်နေသူ ဒေါ်ခိုင်ခိုင်မိုးပေါ်သို့ လဲကျပိမိ သွားခဲ့ပါသည်။
ယာဉ်တိမ်းမှောက်ပိမိသဖြင့် ဒေါ်ခိုင်ခိုင်မိုးတွင် မျက်နှာ၊ ကျောကုန်းနှင့် ရင်ဘတ်တို့၌ ညိုမဲဒဏ်ရာများ ရရှိခဲ့ကာ ကွမ်းခြံကုန်းဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူနေစဉ် ယင်းနေ့ ၁၉၄၅ အချိန်တွင် သေဆုံးသွားခဲ့ပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုအောင်ကိုလတ်အား ကွမ်းခြံကုန်းမြို့မရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။




































No comments:
Post a Comment