
Wednesday, April 3, 2013
သင်္ကြန်ရက်တွေကို ဂုဏ်သိက္ခာရှိရှိနဲ့ ဖြတ်သန်းတာအကောင်းဆုံးပါပဲဆိုတဲ့ တင်မိုးလွင်နှင့်အင်တာဗျူး
အခု သင်္ကြန်ကို မဆင်နွှဲဖြစ်တာ (၁၂)နှစ် ရှိသွားပါပြီ။ ဒီ(၁၂)
နှစ်အတွင်းမှာလည်း အန္တရာယ်တွေကို စိုးရိမ်စိတ်နဲ့ပဲ သင်္ကြန် ကို
ဖြတ်သန်းခဲ့ရတာပါ။ အခုတော့ မိသားစုနဲ့ပဲ ခရီးထွက် တယ်၊ အေးတဲ့နေရာမှာပဲ
သွားနေတယ်။ အလှူတွေ လုပ်တယ်။ အဲဒီလိုလုပ်ရတာကလည်း သင်္ကြန်ကို တော်တော်
စိတ်ကုန်သွားလို့ပါပဲ ... ။ အခုခေတ်သင်္ကြန်က စိုးရိမ်စိတ် တွေနဲ့ ပျော်နေရ
တယ်လို့ထင်တယ်။ အစ်မတို့လည်း သင်္ကြန်မှာ Talents & Models အနေနဲ့
ကြီးမားတဲ့ ၀န်ဆောင်မှု တွေပေးပြီး လုပ်ခဲ့တာတွေလည်း အများကြီး ရှိပါတယ်။
ဒါပေမဲ့ အခုခေတ်သင်္ကြန်က အရမ်းကြမ်းတမ်း လာကြတယ်။ ရေပက်ရင် လည်း
မီးသတ်ပိုက်တွေနဲ့ ပက်လာကြတယ်။ မူးတဲ့လူတွေ အရမ်းများလာကြ တယ်။ ပြီးတော့
ပြန်တဲ့အခါမှာလည်း လမ်းတွေပိတ်ပြီး ညဘက်ပြန် ရတာ မိုးချုပ်တော့ ကိုယ့်အတွက်
အန္တရာယ် ကလည်း များတယ်။
Tuesday, April 2, 2013
မုဒိန်းမှုကို Youtube ပေါ်တင်ခဲ့သည့် GTC ကျောင်းသူလေး
၄၈ လမ်း မီးလောင်မှုမှ လွတ်မြောက်လာသူအချို့ ဘာပြောကြသလဲ
ယခုကျောင်းသား သုံးဦးမှာ ဧပြီ ၂ ရက် နံနက် သုံးနာရီက ဗိုလ်တထောင်မြို့နယ်
၄၈ လမ်းတွင် မီးလောင်ရာ၌ ရှိနေခဲ့သူများ ဖြစ်သည်။ ဧပြီ ၂ ရက် ညနေ ၅
နာရီကျော်တွင် မီဒီယာအချို့နှင့် တွေ့ဆုံ ခွင့်ရခဲ့သည်။ မီးလောင်မှု
ဖြစ်စဉ်အတွင်း သူတို့ကြုံတွေ့ခဲ့ရမှုများအား ကျွန်တော်တို့ကို ပြောပြခဲ့သည်။
ထို့ပြင် ဗလီဥက္ကဋ္ဌ ဦးဘနီနှင့် ကျောင်းဆရာ ဦးဆာအိ တို့က
သတင်းစဉ်သို့ပြောကြားချက် များကို လည်း ပေါ်ပြူလာနယူးစ်
ပရိသတ်များသိရှိနိုင်ပါရန် စုစည်း တင်ဆက်လိုက်ပါသည်။
Monday, April 1, 2013
ဒုက္ခသည် အကူအညီပေးသူတွေ တားမြစ်ခံရ
လက်တလောဖြစ်ပွားခဲ့တဲ့ မြန်မာ - မွတ်စလင် အဓိကရုဏ်းတွေကြောင့် ပဲခူးတိုင်း မင်းလှမြို့နယ် နဲ့ မန္တလေးတိုင်း မိတ္ထီလာမြိ့နယ်က ဒုက္ခသည်တွေကို အကူအညီပေးဖို့ သွားရောက်ခဲ့တဲ့ ရွှေဝါရောင်သံဃာတော်များကွန်ယက်အဖွဲ့နဲ့
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တ
ဒီနှစ်ဖွဲ့ဟာ မန္တလေးတိုင်း မိတ္ထီလာမြိုနယ်နဲ့ ပဲခူးတိုင်း မင်းလှမြို့နယ်က အဓိကရုဏ်းကြောင့် ဒုက္ခရောက်နေကြသူတွေကို မတ်လ ၂၅ ရက်နေ့က တစ်ကြိမ် ၃၀ ရက်နေ့က တစ်ကြိမ် သွားရောက်အကူအညီ ပေးရာမှာ
တားမြစ်ခံခဲ့ရတာပါ။
အဲဒီကိစ္စနဲ့ပတ်သက်လို့ ရွှေဝါရောင်သံဃာတော်များ ကွန်ယက်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တ
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ မိတ္ထီလာအဓိကရုဏ်းကြောင့် ဒုက္ခရောက်ခဲ့ကြသူတွေအတွက် ငွေကျပ် သိန်း ၃၀ ကျော်ဖိုး ပဲခူးတိုင်းမင်းလှမြို့နယ် ဒုက္ခသည်တွေအတွက် ငွေကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိတဲ့
အလှူရှင်တွေ လှူဒါန်းထားတဲ့ အဝတ်အစား ၊ ရေသန့် ၊ခေါက်ဆွဲခြောက် ၊ ကြက်သွန် ၊ မုန့်အမျိုးမျိုး စတာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေမှတဆင့် ပေးအပ်လှူဒါန်းခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒေသခံတွေကတော့ အဓိက ဆန်လိုအပ်နေကြောင်း ၊ နောက်ပြီး မိုးရာသီ မရောက်ခင် အိမ်ပြင်ဖို့ သစ် နဲ့ သွပ်မိုးကာတွေ လိုအပ်နေကြတယ်လို့ သိရပါတယ်။
ရွှေဝါရောင်သံဃာတော်များကွန်ယက်အဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တ
နောက်ထပ်သွားရောက်ပြီး အကူအညီပေးအုံးမှာဖြစ်တယ်လို့သိရပါတယ်။