Monday, April 1, 2013

ဒုက္ခသည် အကူအညီပေးသူတွေ တားမြစ်ခံရ





လက်တလောဖြစ်ပွားခဲ့တဲ့ မြန်မာ - မွတ်စလင် အဓိကရုဏ်းတွေကြောင့် ပဲခူးတိုင်း မင်းလှမြို့နယ် နဲ့ မန္တလေးတိုင်း မိတ္ထီလာမြိ့နယ်က ဒုက္ခသည်တွေကို အကူအညီပေးဖို့ သွားရောက်ခဲ့တဲ့ ရွှေဝါရောင်သံဃာတော်များကွန်ယက်အဖွဲ့နဲ့
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တ­ို့ဟာ လုံခြုံရေးအရဆိုပြီး အာဏာပိုင်တွေရဲ့ တာမြစ်မှုကို ခံခဲ့ရတယ်လို့သိရပါတယ်။

ဒီနှစ်ဖွဲ့ဟာ မန္တလေးတိုင်း မိတ္ထီလာမြိုနယ်နဲ့ ပဲခူးတိုင်း မင်းလှမြို့နယ်က အဓိကရုဏ်းကြောင့် ဒုက္ခရောက်နေကြသူတွေကို မတ်လ ၂၅ ရက်နေ့က တစ်ကြိမ် ၃၀ ရက်နေ့က တစ်ကြိမ် သွားရောက်အကူအညီ ပေးရာမှာ
တားမြစ်ခံခဲ့ရတာပါ။

အဲဒီကိစ္စနဲ့ပတ်သက်လို့ ရွှေဝါရောင်သံဃာတော်များ ကွန်ယက်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တ­ို့မှ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ စီးတီးစတားမှာ
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ မိတ္ထီလာအဓိကရုဏ်းကြောင့် ဒုက္ခရောက်ခဲ့ကြသူတွေအတွက် ငွေကျပ် သိန်း ၃၀ ကျော်ဖိုး ပဲခူးတိုင်းမင်းလှမြို့နယ် ဒုက္ခသည်တွေအတွက် ငွေကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိတဲ့
အလှူရှင်တွေ လှူဒါန်းထားတဲ့ အဝတ်အစား ၊ ရေသန့် ၊ခေါက်ဆွဲခြောက် ၊ ကြက်သွန် ၊ မုန့်အမျိုးမျိုး စတာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေမှတဆင့် ပေးအပ်လှူဒါန်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒေသခံတွေကတော့ အဓိက ဆန်လိုအပ်နေကြောင်း ၊ နောက်ပြီး မိုးရာသီ မရောက်ခင် အိမ်ပြင်ဖို့ သစ် နဲ့ သွပ်မိုးကာတွေ လိုအပ်နေကြတယ်လို့ သိရပါတယ်။

ရွှေဝါရောင်သံဃာတော်များကွန်ယက်အဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တ­ို့ကတော့ ဒုက္ခသည်တွေအတွက် အကူအညီတွေ ထပ်မံပြီး လိုအပ်နေအုံးမယ်ဆိုရင်
နောက်ထပ်သွားရောက်ပြီး အကူအညီပေးအုံးမှာဖြစ်တယ်လို့သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment