Thursday, October 31, 2013

“I Love You Darling.”


လင်မယား ၂ ယောက် ငါးနှစ်ကြာ အိမ်ထောင်ပြုနေထိုင်ပြီးမှ ကလေး တစ်ယောက် ရပါတယ်။ ကလေးငယ်လေး ၁ နှစ်သား အရွယ်အရွယ်ရောက်တဲ့ အချိန်မှာ ဖြစ်ပါတယ်။ အိမ်မှာ ပုရွက်ဆိတ်တွေရှင်းဖို့ ဆေးဗူး တစ်ဗူး ရှိသတဲ့။ အဲ့ဒါကို ရုံးသွားခါနီး လှမ်းမြင်လိုက်တဲ့ အမျိုးသားက မီးဖိုချောင်ထဲမှာ ရှိနေတဲ့ ဇနီးကို အရှေ့ရောက်ရင် ပိတ်လိုက်ပါအုံးလို့ လှမ်းအော်ပြီး ကမန်းကတန်းနဲ့ ထွက်သွား ပါတယ်။

Wednesday, October 23, 2013

ရခိုင် အကြမ်းဖက်သမားများ မွတ်စလင်အိမ် မီးရှို့ရန် နီးကပ်လာပုံ








ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

Tuesday, October 22, 2013

အမေရိကန်မှာ ကြောင်တစ်ကောင်ကို မြို့ တော်ဝန်အဖြစ် ခန့်အပ်ထား



ကြောင်တစ်ကောင်ကို မြို့ တော်ဝန်ခန့်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ ယူဆပေမယ့် တကယ်ကို ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း အလက်စကာပြည်နယ်ရှိ Talkeetna မြို့ ငယ်လေးရဲ့  မြို့ တော်ဝန်အဖြစ် Stubb အမည်ရ ကြောင်ကို မြို့ တော်ဝန် အဖြစ် ခန့်အပ်ထားပါတယ်။ ခန့်အပ်ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။

တစ်ခါတစ်လေ မေ့လျော့နေတတ်တယ်



အလုပ်တွေ အရမ်းများနေတဲ့ အခါ ဒါမှမဟုတ်ရင် အရမ်းပျော်ရွှင်နေတဲ့ အခါမှာ မေ့လျော့နေ တတ်ကြတယ်။ သို့သော အခက်အခဲ အတားအဆီတွေနဲ့ ကြုံတွေ့တဲ့ အခါကြရင်တော့ မိဘတွေကို အရင်ဆုံး သတိရတတ်ကြတယ်။

ရေစိုသွားသော ဖုန်းကို ပြန်လည်ပြုပြင်နည်း (၅) ချက်


(၁) ဘတ္တရီကို ချက်ချင်းဆွဲဖြုတ်လိုက်ပါ

ဖုန်းကို ရေစိုလိုက်တာနဲ့ Power ပိတ်ဖို့ လုပ်မနေဘဲနဲ့ ဘတ္တရီကိုသာ ချက်ချင်း ဆွဲဖြုတ်
လိုက်ပါ။ အဲလို ဘတ္တရီကို ဖြုတ်လိုက်ခြင်း အာဖြင့် သင့်ရဲ့ ရေစိုနေသော ဖုန်းကို ပြန်လည် ပြုပြင်နိုင်ပါလိမ့်မယ်။ အကယ်၍ iPhone ဆိုရင်တော့ power ကိုပဲ အမြန်ပိတ်လိုက်ပါ။

Monday, October 21, 2013

လေကြောင်းပို့ဆောင်ညွှန်ကြားမှုဦးစီးဌာန ချီးထုပ်ကျခြင်း


Golden-Myanmar-Airline
အခုအသစ်ပေါ်လာတဲ့ မြန်မာပုဂ္ဂလိကပိုင်လေကြောင်းလိုင်းအသစ်ဖြစ်တဲ့ Golden Myanmar Airway (GMA) အကြောင်းလေးပြောချင်ပါတယ်။ မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ချစားမှုကင်းစင်ခြင်း၊ Clean Governance အစိုးရဖြစ်ရမယ်လို့ သမ္မတကြီးက တစ်ကြော်ကြော်နဲ့အော် နေသလောက် ပို့ဆောင်ရေးဝန်ကြီးဌာနကတော့ သမ္မတကြီးမျက်နှာ အိုးမဲ သုတ်နေသလား မှတ်ရတယ်။

နှလုံးသားဧည့်သည် နှလုံးသားသရဲ

 အနောက်ဘက်စွန်းစွန်းဆီမှ ရွှေအိုရောင် နေလုံးကြီးဟာ နေ့ခင်းဘက်က တောက်ပထွန်းလင်း ပူလောင်ခြင်းအလင်းတန်း မာန်မာနတွေခ၀ါချပြီး တဖြေးဖြေးမှေးမိန်ကာ ကမ္ဘာလောကကြီးကထွတ်ခွါဖို့ နှုတ်မဆက်ချင်ဆက်ချင်နဲ့ပေါ့။နေလုံးကြီးကိုကြည့်ပြီး ကျွန်မလည်း
ဝမ်းသာသလိုလို ၀မ်းနည်းပူဆွေးသလိုလို ဒွိဟစိတ်နဲ့ ၀မ်းသာတာက ပူလောင်မှု့တွေပေးပြီး အဝေးထွက်သွားလို့ ၀မ်းနည်တာက နှုတ်ဆက်နေတဲ့ နေလုံးမျက်နှာဟာ ကမ္ဘာမြေကိုမခွဲချင်မခွါချင်သံယောဇဉ်အမျှင်တန်းလေးကို ကျွန်မတွေ့ရှိခံစားရလို့ပါပဲလေ။ဒီလိုနဲ့ နှလုံးသားကို ထပ်ပြီးမနာကျင်အောင် မတွေးဘူး မစဉ်းစားဘူးလို့ ဦးနှောက်ကို အထပ်ထပ်ကတိပေးထားတဲ့ ကတိစကားကို နှလုံးသားက စတင်ဖောက်ဖျက်ပြီး ဆိုးရွားနာကျင် မလှပတဲ့သူ့ရဲ့ အချစ်စာမျက်နှာကို တရွက်ချင်း လှန်ကြည့်ဖို့ အားသန်နေလေရဲ့ စာမျက်နှာတွေ မျာများစားစားမရှိတဲ့ အချစ်စာမျက်နှာဟာ တရွက်ချင်း စိတ်ဝိညာဉ်အတူလွင့်မြောသွားပါတော့တယ် ။

Wednesday, October 16, 2013

DVB -Debate ဘာသာရေး ပြဿနာ တွေကို ဘယ်လို အဆုံးသတ်မလဲ








ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

Thursday, October 10, 2013

အစ္စလာမ် ဘာသာဝင်တစ်ဦးအား မီးရှို့ သတ်ဖြတ်ခဲ့သူ မိတ္ထီလာ ဝရမ်းပြေး လူသတ်သမာ...





အစ္စလာမ် ဘာသာဝင်တစ်ဦးအား ရိုက်နှက် သတ်ဖြတ်ကာ အသက်မသေမှီ အချိန်တွင် ထပ်မံ မီးရှို့ခဲ့သဖြင့် လူသတ်မှု (ပုဒ်မ ၃ဝ၂) ဖြင့် မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းက ဖမ်းဝရမ်း ထုတ်ပြန်ထားသည့် ကျော်သီပာ (ခ) ဒိုလေး အသက် ၃၀ နှစ် (ဘ) ဦးမိုးကျော်ကို အောက်တိုဘာ ၉ ရက်နေ့တွင် ပြန်လည် ဖမ်းဆီး မိပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ သတင်းပေးပို့သည်။ ပာဘီဘွလ္လာပာ် (ခ) သန်းနိုင်မြင့် အသက် ၂၇ နှစ်အား ယခင်ကတရားခံပြေးအဖြစ် ဖမ်းဝရမ်း ထုတ်ခံထားရသူ ကျော်သီပာ (ခ) ဒိုလေး သည် ယခုနှစ် မတ်လ ၂၀ ရက်နေ့တွင် မိတ္ထီလာမြို့ ကားဝင်းထိပ် (ကားပစ္စည်းကြက်တန်း) နေရာ၌ ရိုက်နှက်ကာ အရှင်လတ်လတ် မီးရှို့ခဲ့သူများအနက်မှ တစ်ဦးဖြစ်ပြီး ရိုက်နှက်မီးရှို့ခံရသူမှာ ဆေးရုံအရောက်တွင် ရှပီားဒ် အဖြစ် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ "ဆေးရုံကို ကျတော်သွားကြည့်ဖြစ်တယ်၊ မီးရှို့ခံရတဲ့ ဘုန်းကြီးနဲ့ ဆေးရုံမှာ ကုတင်နီးနီးလေးပဲ။ ဘုန်းကြီးကပဲ အသတ်ခံရတယ်လို့ နာမည်ထွက်ပြီး သူ့ကျတော့ ဘယ်သတင်းကမှ မဖေါ်ပြခဲ့ကြဘူး" ပာု မိတ္ထီလာမြို့ခံတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ ပြောသည်။ ဖမ်းဆီးမိပြီဖြစ်သည့် တရားခံပြေး ကျော်သီပာ (ခ) ဒိုလေးအား ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ တရားရုံးရှိ တွဲဘက် ခရိုင်တရားသူကြီးရုံးတွင် ရမန်ယူရန် ရုံးတင်ခဲ့ကြောင်းလည်း သိရသည်။ အစ္စလာမ်ဘာသာဝင် သန်းနိုင်မြင့် (ခ) ပာဘီဘွလ္လာပာ်၊ အသက် ၂၇ နှစ်၊ (ဘ) ဦးမောင်မောင်မြင့်အား ရိုက်နှက်မီးရှို့ သတ်ဖြတ်မှုဖြင့် တရားမဝင် ဘာသာရေးဂိုဏ်း ဖြစ်သည့် ၉၆၉ ဂိုဏ်းဝင် ကျော်သီပာ (ခ) ဒိုလေး ကို ရဲအုပ်မြင့်သန်းက တရားလိုပြုကာ ပ/၇၇/၂ဝ၁၃ အရ ဖမ်းဝရမ်း ထုတ်ထားခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ပြောသည်။
မိတ္ထီလာမြို့တွင် အစ္စလာမ် ဘာသာဝင်များအား အကြမ်းဖက် သတ်ဖြတ်ခဲ့သူများကို ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ခြင်း ပြုလေ့ မရှိသောကြောင့် မြန်မာမွတ်စ်လင်မ် မီဒီယာအနေဖြင့် အထက်ပါ အမှုစီရင်ရာတွင် အထောက်အကူ ပြုနိုင်စေခြင်း အလို့ငှါ ရည်ရွယ်ကာ အစ္စလာမ်ဘာသာဝင် သန်းနိုင်မြင့် (ခ) ပာဘီဘွလ္လာပာ် သတ်ဖြစ်ခံခဲ့ရပုံ ရုပ်သံမှတ်တမ်း အထောက်အထား တစ်ခုအား ပူးတွဲ တင်ဆက် ပေးလိုက်ရပါသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ