Thursday, October 10, 2013

အစ္စလာမ် ဘာသာဝင်တစ်ဦးအား မီးရှို့ သတ်ဖြတ်ခဲ့သူ မိတ္ထီလာ ဝရမ်းပြေး လူသတ်သမာ...





အစ္စလာမ် ဘာသာဝင်တစ်ဦးအား ရိုက်နှက် သတ်ဖြတ်ကာ အသက်မသေမှီ အချိန်တွင် ထပ်မံ မီးရှို့ခဲ့သဖြင့် လူသတ်မှု (ပုဒ်မ ၃ဝ၂) ဖြင့် မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းက ဖမ်းဝရမ်း ထုတ်ပြန်ထားသည့် ကျော်သီပာ (ခ) ဒိုလေး အသက် ၃၀ နှစ် (ဘ) ဦးမိုးကျော်ကို အောက်တိုဘာ ၉ ရက်နေ့တွင် ပြန်လည် ဖမ်းဆီး မိပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ သတင်းပေးပို့သည်။ ပာဘီဘွလ္လာပာ် (ခ) သန်းနိုင်မြင့် အသက် ၂၇ နှစ်အား ယခင်ကတရားခံပြေးအဖြစ် ဖမ်းဝရမ်း ထုတ်ခံထားရသူ ကျော်သီပာ (ခ) ဒိုလေး သည် ယခုနှစ် မတ်လ ၂၀ ရက်နေ့တွင် မိတ္ထီလာမြို့ ကားဝင်းထိပ် (ကားပစ္စည်းကြက်တန်း) နေရာ၌ ရိုက်နှက်ကာ အရှင်လတ်လတ် မီးရှို့ခဲ့သူများအနက်မှ တစ်ဦးဖြစ်ပြီး ရိုက်နှက်မီးရှို့ခံရသူမှာ ဆေးရုံအရောက်တွင် ရှပီားဒ် အဖြစ် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ "ဆေးရုံကို ကျတော်သွားကြည့်ဖြစ်တယ်၊ မီးရှို့ခံရတဲ့ ဘုန်းကြီးနဲ့ ဆေးရုံမှာ ကုတင်နီးနီးလေးပဲ။ ဘုန်းကြီးကပဲ အသတ်ခံရတယ်လို့ နာမည်ထွက်ပြီး သူ့ကျတော့ ဘယ်သတင်းကမှ မဖေါ်ပြခဲ့ကြဘူး" ပာု မိတ္ထီလာမြို့ခံတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ ပြောသည်။ ဖမ်းဆီးမိပြီဖြစ်သည့် တရားခံပြေး ကျော်သီပာ (ခ) ဒိုလေးအား ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ တရားရုံးရှိ တွဲဘက် ခရိုင်တရားသူကြီးရုံးတွင် ရမန်ယူရန် ရုံးတင်ခဲ့ကြောင်းလည်း သိရသည်။ အစ္စလာမ်ဘာသာဝင် သန်းနိုင်မြင့် (ခ) ပာဘီဘွလ္လာပာ်၊ အသက် ၂၇ နှစ်၊ (ဘ) ဦးမောင်မောင်မြင့်အား ရိုက်နှက်မီးရှို့ သတ်ဖြတ်မှုဖြင့် တရားမဝင် ဘာသာရေးဂိုဏ်း ဖြစ်သည့် ၉၆၉ ဂိုဏ်းဝင် ကျော်သီပာ (ခ) ဒိုလေး ကို ရဲအုပ်မြင့်သန်းက တရားလိုပြုကာ ပ/၇၇/၂ဝ၁၃ အရ ဖမ်းဝရမ်း ထုတ်ထားခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ပြောသည်။
မိတ္ထီလာမြို့တွင် အစ္စလာမ် ဘာသာဝင်များအား အကြမ်းဖက် သတ်ဖြတ်ခဲ့သူများကို ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ခြင်း ပြုလေ့ မရှိသောကြောင့် မြန်မာမွတ်စ်လင်မ် မီဒီယာအနေဖြင့် အထက်ပါ အမှုစီရင်ရာတွင် အထောက်အကူ ပြုနိုင်စေခြင်း အလို့ငှါ ရည်ရွယ်ကာ အစ္စလာမ်ဘာသာဝင် သန်းနိုင်မြင့် (ခ) ပာဘီဘွလ္လာပာ် သတ်ဖြစ်ခံခဲ့ရပုံ ရုပ်သံမှတ်တမ်း အထောက်အထား တစ်ခုအား ပူးတွဲ တင်ဆက် ပေးလိုက်ရပါသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment