
အခုတလော အင်တာနက်စာမျက်နှာများပေါ်မှာ အများစိတ်ဝင်စားနေတဲ့ သတင်း တစ်ပုဒ်ကို သတိထားမိပါတယ်။ နေမျိုးဝေက ကုရ်အန်ကျမ်းစာကို လွတ်တော်တင် မယ် တရားစွဲမယ်ပြင်ဆင်ခိုင်းမယ်ဆိုတဲ့ ဟာသသတင်း တစ်ပုဒ်ကြောင့် နေမျိုးဝေ ဆိုတာ ဘယ်သူလဲ ဘယ်လိုလူမျိုး လဲဆိုပြီး အများကအာရုံစိုက်လာအောင်တော့ လုပ်နိုင်ခဲ့တဲ့ အတွက် သူ့အကြောင်း သိအောင် ဒီစာကိုရေးသား လိုက်ရခြင်းဖြစ် ပါတယ်…. နေမျိုးဝေရဲ့နောက်ခံနိုင်ငံရေးဖြတ်သန်းမှုဟာ ဘယ်လိုရှိခဲ့ပါသလဲ? သူရဲ့ဇာတ် ကြောင်းဟာဘယ်လိုရှိခဲ့ပါသလဲ? အများပြည်သူသိရှိနိုင်အောင် သတိထားနိုင် အောင်လို့ပြောပြပါရစေ…. ကျနော်ဟာ၁၉၉၆ခုနှစ် YIT စက်မှုတက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်ပြီး နေမျိုးဝေ ကိုကျနော်စတင်သတိထားမိတာကတော့ လှည်းတန်းလမ်းဆုံမှာကျနော်တိုကျောင်း သား တွေဆန္ဒဖော်ထုတ်ခဲ့တဲ့ညကသူရဲ့ ရဲရဲတောက် စကားများကို နားထောင်ရင်း အထင်ကြီးလေးစားခဲ့သူတစ်ဦးပါ….