Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 11, 2014

မိန်းမရောဂါကင်းပြီး သန့်ရှင်းကျမ်းမာစေရန်


မိန်းမကိုယ်​ ​​ရောဂါကင်းရှင်းပါက ကျန်းမာတဲ့ အမျိုးသမီးတစ်​​ယောက်​အဖြစ်​ ရပ်​တည်​နိုင်​မှာပါ။ မိန်းမကိုယ်​မှိုစွဲပြီး အနံ့အသက်​ဆိုးဖြစ်​တာက​နေ ကာကွယ်​ဖို့ ​အောက်​ပါအချက်​​တွေကို လိုက်​နာ​ဆောင်​ရွက်​ပါ။


(၁) ဆပ်​ပြာလုံးဝ မသုံးပါနှင့်

မိန်းမကိုယ်​ သန့်​ရှင်း​စေဖို့ သန့်​စင်​ရာမှာ ဆပ်​ပြာလုံးဝမသုံးသင့်​ပါ။ ခန္ဓာကိုယ်​မှာ သန့်​ရှင်းတဲ့စနစ်​က အလိုအ​လျောက်​ပါပြီးသားမို့ မိန်းမကိုယ်​အတွင်းဘက်​ကို ​ဆေး​ကြောတာမျိုး​တွေလည်း မလုပ်​သင့်​ပါ။

(၂) စပ​ရေးဖျန်း​ဆေး မသုံးပါနှင့်

ပန်းရနံ့​တွေ ​မွှေးပျံ့ လိုတာ​ကြောင့်​ အ​မွှေးနံ့ပါတဲ့ စပ​ရေးဖျန်း​ဆေးကို မိန်းမကိုယ်​မှာ အသုံးမပြုသင့်​ပါ။ မိန်းမကိုယ်​ရဲ့ စံကို​ပြောင်းလဲ​စေပြီး ယားယံတာနဲ့ တခြားပြဿနာ​တွေ ဖြစ်​ပွားနိုင်​ပါတယ်​။

(၃) ရာသီလာ​နေစဉ်​ သန့်​ရှင်း​ရေး ဂရုစိုက်​ပါ

မိန်းမကိုယ်​​ရောဂါဘယကင်းရှင်းပြီး ကျန်းမာဖို့ဆိုရင်​ တစ်​ကိုယ်​​ရေ သန့်​ရှင်း​ရေး အပြင်​ ရာသီလာ​နေစဉ်​မှာ မိန်းမကိုယ်​သန့်​ရှင်း​ရေးကို အထူးဂရုစိုက်​ဖို့လိုပါတယ်​။ ရာသီလာစဉ်​မှာ အသုံးပြုတဲ့ လစဉ်​သုံးပစ္စည်းကို မလဲလှယ်​ဘဲ တစ်​​နေကုန်​ အသုံးပြုတာမျိုး မလုပ်​သင့်​ပါ။အချိန်​ကြာကြာအသုံးပြုတဲ့အခါ ဘက်​တီးရီးယားပိုး​တွေ ​ပေါက်​ဖွားပြီး နီရဲတာ၊ ယားယံတာ​တွေ ဖြစ်​နိုင်​တာ​ကြောင့်​ပါ။

(၄) ချည်​သားအတွင်းခံ​ဘောင်းဘီ ၀တ်​ဆင်​ပါ

ချည်​သား​ဘောင်းဘီက ​ခြောက်​​သွေ့လွယ်​ပြီး ​လေ၀င်​​လေထွက်​​ကောင်းမွန်​တာ​ကြောင့်​ မှို​တွေ​ပေါက်​ဖွားမှု မဖြစ်​​အောင်​ ဟန့်​တားနိုင်​ပါတယ်​။ နိုင်​လွန်​သား၊ ပိုးသား​တွေနဲ့ ချုပ်​လုပ်​ထားတဲ့ အတွင်းခံ​ဘောင်းဘီဝတ်​ဆင်​မှုမျိုးကို​ရှောင်​ပါ။

(၅) ပွပွ​ချောင်​​ချောင်​ အ၀တ်​အစား ၀တ်​ဆင်​ပါ

အ၀တ်​အစားဝတ်​ဆင်​ရာမှာ ကျပ်​လွန်းတဲ့ ​ဘောင်းဘီ၊ စကတ်​​တွေ ၀တ်​ဆင်​တာမျိုးက မိန်းမကိုယ်​​ခြောက်​​သွေ့မှုကို အားနည်း​စေပြီး မှိုစွဲတာ၊ယားယံ​တာ​တွေကို ဖြစ်​​စေပါတယ်​။

(၆) ဆီးခုံ​​​မွှေးရိတ်​ပါ

မိန်းမကိုယ်​မှာ ​ရောဂါကင်းပြီး ကျန်းမာ​စေဖို့ ဆီးခုံ​မွှေးရိတ်​​ပေးဖို့လိုပါတယ်​။ မိန်းမကိုယ်​တစ်​၀ိုက်​မှာ အ​မွှေးအမှင်​​တွေရှိ​နေပါက စိုစွတ်​​နေ​စေပြီး ဘက်​တီးရီးယားပိုး​တွေ၊ မှိုပိုး​တွေ ​ပေါက်​ဖွားရှင်​သန်​မှုကို အား​ပေးတာ​ကြောင့်​ပါ။

(၇) Kegel ​လေ့ကျင့်​ခန်းလုပ်​ပါ

Kegel ​လေ့ကျင့်​ခန်းလုပ်​တာက တင်​ပါးဆုံကြွက်​သား​တွေကို သန်​မာ​စေပြီး အိမ်​​ထောင်​​ရေးသုခကို အပြည့်​အ၀ရရှိ​စေပါတယ်​။ Kegel ​လေ့ကျင့်​ခန်းဆိုတာက ဆီးသွား​နေချိန်​ တစ်​၀က်​​လောက်​မှာ ဆီးသွားတာကို ခဏရပ်​ပြီးမှ ဆီးဆက်​သွားပါ။ ကြွက်​သား​တွေ သန်​မာ​စေပါတယ်​။

(၈) ​ရေများများ​သောက်​ပါ

ရေမကြာခဏ ​သောက်​​ပေးတာက မိန်းမကိုယ်​ကျန်းမာ​ရေးကို အ​ထောက်​အကူပြုပါတယ်​။ ဆီးသွားတာတစ်​ကြိမ်​နဲ့ တစ်​ကြိမ်​ကြား ​ရေ​သောက်​​ပေးတာက ခန္ဓာကိုယ်​မှာရှိတဲ့ ဘက်​တီးရီးယားပိုး​တွေ ဆီးနဲ့အတူ ထွက်​သွား​စေဖို့ အား​ပေးပါတယ်​။

(၉) မိန်းမကိုယ်​တွင်​ ​ပြောင်းလဲမှု ရှိ၊ မရှိ စစ်​​ဆေးပါ

အဖြူဆင်းတဲ့အခါ ​အ​ရောင်​၊ အနံ့ရှိ၊ မရှိ၊ ယားယံ​တာ​တွေဖြစ်​၊ မဖြစ်​ ကိုယ့်​ကိုယ်​ကိုယ်​ သတိထားဖို့ လိုအပ်​ပါတယ်​။ အဆိုပါ လက္ခဏာမျိုး​တွေ ​တွေ့ရှိပါက ဆရာဝန်​နဲ့ ပြသစစ်​​ဆေးပါ။

(၁၀) Pap Smear စစ်​​ဆေးပါ

ကြိုတင်​ကာကွယ်​တာက ကုသတာထက်​ ထိ​ရောက်​အကျိုးရှိပါတယ်​။ Pap Smear ပြုလုပ်​ပြီး သားအိမ်​​ခေါင်းကင်​ဆာ မဖြစ်​ပွား​အောင်​ ကာကွယ်​နိုင်​ပါတယ်​။ တစ်​နှစ်​တစ်​ကြိမ်​ ဒါမှမဟုတ်​ ဆရာဝန်​ညွှန်​ကြားချက်​အတိုင်းပြုလုပ်​ဖို့လိုပါတယ်​။
                                 
                                                       View Website

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ