Monday, March 31, 2014

နေမျိုးဝေ၏ သရုပ်မှန်အားဖော်ထုတ် ဖွင့်ချခြင်း


1557576_1453230504891509_1498454933_n

အခုတလော အင်တာနက်စာမျက်နှာများပေါ်မှာ အများစိတ်ဝင်စားနေတဲ့ သတင်း တစ်ပုဒ်ကို သတိထားမိပါတယ်။ နေမျိုးဝေက ကုရ်အန်ကျမ်းစာကို လွတ်တော်တင် မယ် တရားစွဲမယ်ပြင်ဆင်ခိုင်းမယ်ဆိုတဲ့ ဟာသသတင်း တစ်ပုဒ်ကြောင့် နေမျိုးဝေ ဆိုတာ ဘယ်သူလဲ ဘယ်လိုလူမျိုး လဲဆိုပြီး အများကအာရုံစိုက်လာအောင်တော့ လုပ်နိုင်ခဲ့တဲ့ အတွက် သူ့အကြောင်း သိအောင် ဒီစာကိုရေးသား လိုက်ရခြင်းဖြစ် ပါတယ်…. နေမျိုးဝေရဲ့နောက်ခံနိုင်ငံရေးဖြတ်သန်းမှုဟာ ဘယ်လိုရှိခဲ့ပါသလဲ? သူရဲ့ဇာတ် ကြောင်းဟာဘယ်လိုရှိခဲ့ပါသလဲ? အများပြည်သူသိရှိနိုင်အောင် သတိထားနိုင် အောင်လို့ပြောပြပါရစေ…. ကျနော်ဟာ၁၉၉၆ခုနှစ် YIT စက်မှုတက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်ပြီး နေမျိုးဝေ ကိုကျနော်စတင်သတိထားမိတာကတော့ လှည်းတန်းလမ်းဆုံမှာကျနော်တိုကျောင်း သား တွေဆန္ဒဖော်ထုတ်ခဲ့တဲ့ညကသူရဲ့ ရဲရဲတောက် စကားများကို နားထောင်ရင်း အထင်ကြီးလေးစားခဲ့သူတစ်ဦးပါ….

Saturday, March 29, 2014

ဆိပ်ကမ်းဗောတံတား ပျက်စီးနေမှုအား ပြန်လည်ပြင်ဆင် ပေးနိုင်ပါရန်

သို့

ဆည်းဆာ

အယ်ဒီတာခင်ဗျား..

လူကြီးမင်းမှ တဆင့် တာဝန်ရှိ အများပြည်သူ သိစေ၇န် တင်ပြအပ်ပါသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ရှိ ဧရာဝတီဆိပ်ခံ ဗောတံတားမှာ အလွန်အမင်း ပျက်ဆီးယိုယွင်းနေ ခြင်းကြောင့်ခရီးသည်များ၊ အလုပ်သမားများ၊ ဒေသခံပြည် သူများအနေဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရပါသည်။

Saturday, March 22, 2014

ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူ တစ်ချို့ ကြောင့် ရပ်ကွက်ဒေသခံများ စိတ်အနှောင့်အယှက်များစွာဖြစ်

သို့

ဆည်းဆာ

အယ်ဒီတာခင်ဗျား..

လူကြီးမင်းမှ တဆင့် တာဝန်ရှိ အများပြည်သူ သိစေ၇န် တင်ပြအပ်ပါသည်။

မိတ္ထီလာ မတ် ၂၂
မန္တလေးတိုင်း ဒေသကြီး ၊ မိတ္ထီလာမြို့  ပြည်သာယာ မြောက်ပိုင်းရပ်ကွက် ၁ လမ်းအနီး တစ်ဝိုက်တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူတစ်ချို့ ကြောင့် ရပ်ကွက်ဒေသခံများ စိတ်အနှောင့် အယှက်များစွာ ဖြစ်လျက်ရှိကြောင်း ၁ လမ်းတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။