Saturday, March 22, 2014

ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူ တစ်ချို့ ကြောင့် ရပ်ကွက်ဒေသခံများ စိတ်အနှောင့်အယှက်များစွာဖြစ်

သို့

ဆည်းဆာ

အယ်ဒီတာခင်ဗျား..

လူကြီးမင်းမှ တဆင့် တာဝန်ရှိ အများပြည်သူ သိစေ၇န် တင်ပြအပ်ပါသည်။

မိတ္ထီလာ မတ် ၂၂
မန္တလေးတိုင်း ဒေသကြီး ၊ မိတ္ထီလာမြို့  ပြည်သာယာ မြောက်ပိုင်းရပ်ကွက် ၁ လမ်းအနီး တစ်ဝိုက်တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူတစ်ချို့ ကြောင့် ရပ်ကွက်ဒေသခံများ စိတ်အနှောင့် အယှက်များစွာ ဖြစ်လျက်ရှိကြောင်း ၁ လမ်းတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်သာယာမြောက်ပိုင်း ၁ လမ်း မှာ ကျွန်မနေထိုင်တာပါ။ မကြာသေးခင်နှစ်များက ဒီဘက်မှာ တရားမ၀င်အနှိပ်ခန်းတွေ ဖွင့်တာကို  သက်ဆိုင်ရာက ၀င်ရောက် ဖမ်းဆီးအရေးယူပါတယ် ။ အဲဒီနောက် သိပ်မကြာပါဘူး။ ရပ်ကွက်ထဲမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူတစ်ချို့ ပေါ်လာပြီး ရပ်ကွက်ဒေသခံ ကောင်းရောင်းကောင်းဝယ်လုပ်စားသူတွေ အတွက် သွားလာ နေထိုင်ရတာ များစွာ စိတ်အနှောင့်အယှက် ဖြစ်ကြတယ်။

ရပ်ကွက်ထဲက လူနှစ်ဦးစ သုံးဦးစကလည်း ဒီလုပ်ငန်းက မပင်မပန်း ငွေရလွယ်တာမို့  ပါဝင်လုပ်ကိုင်နေကြတယ်။ ဟိုဘက်တစ်လောက ရပ်ကွက်ထဲက လူငယ်တစ်ဦး အဖမ်းခံရတယ်။ မကြာဘူး ပြန်လွှတ်လာတယ်။ ဒီလုပ်ငန်းပဲ ပြန်လုပ်တာပဲ။ ရပ်ကွက်ထဲမှာ ဒီပြည့်တန်ဆာလုပ်ငန်းက တရားဝင်လုပ်ငန်းလို လုပ်ကိုင် နေတာကို ရပ်ကွက်အတွင်း က တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်တာမျိုး မရှိတော့ ဒီလုပ်ငန်းက မပျောက်ကွယ်သွားဘူး။

က/ခနယ်မြေ ( မြင်းခြံလမ်းမအနီး) က လူနေ၀ိုင်းသုံးခုတွဲတစ်ခုမှာလည်း အဲဒီလုပ်ငန်း လုပ်ကိုင်နေတယ်။ ရပ်ကွက်ဒေသခံ သာမန်ပြည်သူတွေက ပြည့်တန်ဆာလုပ်ငန်း ရပ်ကွက်ထဲမှာ လုပ်ကိုင်နေတာကြောင့် စိတ်အနှောင့် အယှက်တော်တော် ဖြစ်နေကြတယ်။ သက်ဆိုင်ရာ မြို့ နယ်အဆင့် တာဝန်ရှိသူတွေအနဲ့  ဒီကိစ္စကို ဖြေရှင်းဆောင်ရွက်ပေး သင့်ပါတယ်ဟု အဆိုပါ အမျိုးသမီးက ပြောသည်။    

ပြည်သာယာသူ

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment