နှစ်ပေါင်း များစွာကြာအောင် ခုချိန်ထိ သူ့ရဲ့အောင်မြင်မှု ကို ထိန်းသိမ်း ထားနိုင်သူ၊
Iron
Crossရဲ့ ရှိုးပွဲတိုင်း မှာ လည်း ကိုကြီးငဲ၊ ကိုကြီးငဲ ဆိုပြီး အမြဲတမ်း
ပွဲတောင်းခံ ရတဲ့ အငဲတို့ ICအဖွဲ့က ဇူလိုင် လ၁၄ရက်နေ့မှာaတာ့
အင်္ဂလန်နိုင်ငံကို ဖျော်ဖြေရေးသွားမှာ ဖြစ်ပါတယ်။
ICက အင်္ဂလန် ခရီးစဉ်
အနေနဲ့ လွန်ခဲ့တဲ့၎နှစ်က တစ်ကြိမ်သွားခဲ့ပြီး အခုကတော့ ဒုတိယ တစ်ခေါက်ပါ။
ရှိုးပွဲမတိုင်ခင်မှာ အငဲရဲ့ ခံစားမှုက..''အခုထိကို အရင် အတိုင်း ပဲ
ဖြစ်နေကျ၊ လုပ်နေကျဆိုပေမယ့် နည်းနည်းကြောက်တတ်သေးတယ်။ အတွေ့အကြုံ
ရလာတာပဲရှိတယ်။ ရှိုးတက်တဲ့အခါမှာတော့ ကြောက်တဲ့ ခံစားမှုတော့ ရှိသေးတယ်။
သီချင်းကိုတော့ ရှိုးမှာ ပရိသတ်တွေ အဆင်ပြေနိုင် မယ့် သီချင်း အနေနဲ့တော့
ကွာသွားတာပေါ့။ လတ်တလော မှာ သူတို့ ကြိုက်နေတဲ့ သီချင်းကို ဆိုပေးရမှာ
ကိုယ့်တာဝန်ရှိတယ်လေ။ ဒါပေမဲ့ ရုတ်တရတ် ကျွန်တော်တို့ သိပ်မတိုက်ဘူးတဲ့
သီချင်းမျိုး ပရိသတ် ကတောင်းရင်တော့ ဘယ်လိုလုပ် ဆိုနိုင်မှာလဲ။
အဲဒီအခါကျရင်တော့လည်း မတိုက်ရသေးဘူးလို့ပဲ ပြောရတာပေါ့'' လို့ ပြောပါ တယ်။
အငဲရဲ့
၂ဝ၁ဝ မှာ ထွက်တဲ့ ပထမဆုံး ကိုယ်ပိုင်သံစဉ်'ကိုး' အခွေထဲက သီချင်းပုံစံကို
ဘယ်လို ခံစားမှုနဲ့ ဘယ်လိုရွေးဖြစ်ခဲ့သလဲလို့ မေးတော့အငဲက.. ''တမင်
တည်ပြီးရွေး တာတော့ မဟုတ်ဘူး။ ထိပ်ဆုံးခွေ ဖြစ်နေတော့ နည်းနည်း Safe
ဖြစ်အောင် သီချင်းကို နည်းနည်း ပိုလုပ်တယ်။ ၁၅ပုဒ်၊ ၁၆ပုဒ်လောက်
တီးဖြစ်သွား တယ်။ အဲဒီထဲကမှ အဆင်ပြေသလို ရွေးလိုက်တော့ 'ကိုး'အခွေက အခု
ပရိသတ် မြင်တဲ့ ပုံမျိုးဖြစ်သွားတယ်။ ၃၊၄ပုဒ်လောက်က အဆင်မပြေ လို့
ဖြုတ်လိုက်တယ်''လို့ပြော ပါတယ်။ အရင် ကော်ပီခွေတွေလုပ်ခဲ့တာနဲ့ ဒီ
'ကိုး'လိုမျိုး Own Tune Album လုပ်ရတာက ဘာတွေ ကွာခြားလဲလို့ အငဲ ကို
ဆက်မေးကြည့်တော့ ..''ဘာကွာလဲဆိုတော့ ဒါက နည်းနည်း လွတ်လပ် တယ်။ မဆိုးပါဘူး။
တစ်မျိုးစီပါပဲ။ ကော်ပီခွေ လုပ်တုန်းက လည်း ပျော်ပါ တယ်။ ခု Own
tuneလုပ်တော့ တချို့ဟာလေးတွေက ကိုယ့်ဟာကိုယ် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး
လွတ်လပ်မှုတော့ ရှိတာပေါ့'' လို့ ပြောပါတယ်။
အငဲရဲ့ 'ကိုး'အခွေအမ်
တီဗီမှာလူငယ် ရော့ခ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Wanted အဖွဲ့လည်း
တစ်ပုဒ်ပါဝင်သရုပ်ဆောင် ထားတာကြောင့် မျိုးဆက်သစ် လူငယ် ရော့ခ်အဖွဲ့တွေ
ကိုရော ကိုအငဲအနေနဲ့ ဘယ်လိုမြင်မိလဲ၊ လက်တွဲ လုပ်ဆောင်ဖို့ကော ရှိလား
ဆိုတော့အငဲက..''သူတို့ တွေနဲ့တွေ့တဲ့ အချိန်တော့ ချစ်ချစ်ခင်ခင်နေကြတာ
များပါတယ်။ ကျွန်တော်ကမြို့ထဲ သိပ်မထွက်တော့ သိပ်တော့မတွေ့ ဖြစ်ဘူး။
ဒါပေမဲ့ မြူးဇစ်လုပ်တဲ့ လူတွေ ကတော့ ကိုယ့်မိသားစုလိုပါပဲ။
သူတို့ကိုကြည့်ရတာ အားရပါတယ်။ သူတို့လည်း ကြိုးစားကြပါတယ်။ တကယ်ဆိုရင်
ဒီ့ထက် တောင်ဖြစ်သင့် ပါသေးတယ်။လက်တွဲလုပ်ဖို့ဆိုတာထက်
သူတို့ကိုအကြံပေးတာတို့၊ သူတို့ရေးထားတဲ့ သီချင်းတွေ ကျွန်တော့်ကို
ဝင်ဆိုမလား၊ အဆင်ပြေတာ မျိုးတွေဆိုရင် ဝင်ဆိုပေးပါတယ်''လို့ ပြောပါတယ်။
ရော့ခ်ကာကြီး အငဲက လူငယ်မျိုးဆက်သစ်လေးတွေ အပေါ်မှာလည်း အငဲရဲ့အားပေးစကားက..
''တကယ်လုပ်ချင်စိတ်ရှိတဲ့လူ၊ တကယ်ကိုယ်ခံအားကောင်းပြီး ဝမ်းစာပြည့်တဲ့
လူတွေအားလုံးကို ဖြစ်စေချင်ပါတယ်။ ဘာအကြောင်းကြောင့် မှတော့ သူတို့ကို
မကျဆုံး စေချင်ပါဘူး''လို့ ဆိုပါတယ်။ အငဲရဲ့'ကိုး' အခွေ အမ်တီဗီကတော့
တမင်ရည်ရွယ်တာ မဟုတ်ဘဲ ထူးထူးခြားခြား ပဲ လေးဖြူက တစ်ခွေလုံး ရိုက်တာလို့
အငဲက ပြောပြီး အားလုံး ပြီးပေမယ့် ရည်မှန်းထား တဲ့အတိုင်းမဖြစ်တာကြောင့်
နည်းနည်းတော့ ကြာဦးမယ်လို့လည်း အငဲကဆက်ပြောပါတယ်။
ICရဲ့စုစည်းမှုတွေဖြစ်တဲ့
'ရာစုသစ်'လို၊ 'LMN'လို၊ အခွေမျိုးကော ပရိသတ်တွေ အတွက် စီစဉ်ထားတာ
ရှိလားဆိုတော့ ''ကြိုတင်တော့ မစီစဉ် ထားဘူးဗျ။ တစ်ခါတလေကျ ရင် လေးဖြူတို့၊
မျိုးကြီးတို့ နဲ့ တွေ့တဲ့ အချိန် 'လုပ်ကြဦးမလား'ပြောပြီး ၃ယောက်စလုံး
ဖီလင်ရှိရင် လုပ်တာပဲ။ တစ်ယောက်က မလုပ်ချင်ရင်မလုပ်တော့ ပြန်ဘူး။
အဲလိုမျိုး ဖြစ်နေတာ''လို့ ဆိုလာပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံ
ဂီတအစည်း အရုံးလည်း အသစ်ပြန်လည် ဖွဲ့စည်းတော့ မှာဖြစ်တာကြောင့်
အစည်းအရုံးနဲ့ ပတ်သတ် ပြီး မေးတော့ ..''အမှန်တိုင်းပြောရရင် ကျွန်တော်က
ထဲထဲဝင်ဝင် သိပ်မနေတော့ သိပ်တော့ မသိဘူးဗျ''လို့ဆိုပါတယ်။ အငဲက လက်ရှိ
ဂီတဈေးကွက်ကိုတော့ 'ဈေးကွက်က တော့ သိတဲ့အတိုင်းပဲ။ သိပ်အားမရ ဘူး။
ကိုယ်ဖြစ်တာ ကို ပြောတာ မဟုတ်ဘူး။ ခုဖြစ်နေတဲ့ ဈေးကွက်ကိုပြောတာ။ ထုတ်ဝေ
သူတွေ၊ ပရိုဂျူဆာတွေနဲ့ တွေ့ရင် သူတို့ပြောကြတဲ့ စကားနားထောင် ရတာ
ပြောပါတယ်။ တကယ် ဘယ်လို ဖြစ်နေလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။
တဖြည်းဖြည်းနဲ့ ခြစားသလိုပါပဲ''လို့ ပြောပါ တယ်။

No comments:
Post a Comment