ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့ အတွက် အကယ်ဒမီ အကဲဖြတ်ဒိုင် လူကြီးအဖွဲ့မှ နုတ်ထွက် သွားကြောင်း ဇာဂနာက ပြော သည်။
”အဓိက က ကျွန်တော် ကိုယ်တိုင် လည်း အဲဒီဇာတ်ကားတွေ တစ်ကားမှ မကြည့်ခဲ့တဲ့ အတွက် မလုပ်ချင်တာပါ” ဟု ၄င်းကပြောသည်။
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက
ပထမဆုံး လက်ခံ ကျင်းပမည့် အကယ် ဒမီပွဲတွင် အကယ်ဒမီ စိစစ်ရေး ဒုတိယ အကြိမ်၌
ဇာဂနာကို ဒိုင်လူကြီးအဖြစ် ဖိတ်ကြား ထားသည်ဟု သိရသည်။
”ရုပ်ရှင်ကို မရိုက်တာ နှစ်တွေ တော်တော်
ကြာပြီ။ အခုကိုယ်က မကြည့် ဖူးတဲ့ ကားကို သွားဆုံးဖြတ်ပေးရမှာ ဆို
တော့မဖြစ်နိုင်ဘူးလေ” ဟု ၄င်းက ပြော သည်။
နိုင်ငံတကာ အဆင့်မီအောင် ရုပ်ရှင်
လောကသားများက ကြိုးစားဖော်ဆောင် နေသော်လည်း ပြည်တွင်း ဈေးကွက်ကို အရင်
ထိုးဖောက်ဖို့ အခက်အခဲ ရှိနေသည် ဟု သိရ သည်။
”အဓိက က စကားဖောင်းပွ တာပဲ ရှိတယ်။ ဒီ
အကယ်ဒမီစာရင်းကားတွေ နိုင်ငံတကာ စံချိန်နဲ့ရုပ်ရှင် အကယ်ဒမီ လုံးဝ
မဖြစ်ဘူး”ဟု ၄င်းက ဆက်ပြောသည်။
”ဘယ်လောက် အဆင့် ရှိတယ် ဆို တာ
ကိုယ့်ဟာကိုယ်ပဲ သိတယ်။ ဒီဟာ နဲ့ နိုင်ငံတကာ စံချိန်သွားလို့ မဖြစ်သင့်
သလို မဖြစ်နိုင်သေးဘူး” ဟု ၄င်းက ဆိုသည်။
No comments:
Post a Comment