Monday, August 11, 2014

တစ်လအတွင်း ယာဉ်တိုက်မှု လေးဆယ်ကျော်ဖြစ်

ပြည်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတစ်ခု (ဓာတ်ပုံ - နစ်ကီ)
ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်မတော်တဆဖြစ် ပွားမှုနှုန်းမှာ သြဂုတ်လပထမပတ် အတွင်း အမှုပေါင်းလေးဆယ် ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူငါးဦးရှိခဲ့ကြောင်းယာဉ်ထိန်းရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။
 သြဂုတ်လပထမပတ်အ တွင်း ယာဉ်မတော်တဆမှု ၄၂မှု ဖြစ်ပွားခဲ့ပြီး ဇူလိုင်လနောက်ဆုံး ပတ်ကထက် ယာဉ်မတော်တဆမှု  ရှစ်မှုလျော့နည်းခဲ့ကာ၊ ညပိုင်းတွင်ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုမှာ ၁၂ မှု ထိလျော့နည်းခဲ့သည်။

‘‘ယာဉ်တွေအမှားတွေပါသ လို လမ်းအသုံးပြုသူတွေရဲ့သတိမ မူမှုကြောင့်လည်းပါတယ်။ပြီးခဲ့ တဲ့အပတ်က ညဘက်တိုက်တာ တွေထက်ဒီတစ်ပတ်မှာ ညဘက် တိုက်တာ ၁၂မှုလောက်ထိလျော့ ကျခဲ့တယ်’’ဟု ယာဉ်ထိန်းရဲတပ် ဖွဲ့မှ ဒုရဲမှူးကြီးဦးလင်းထွဋ်က ပြောသည်။
 ရန်ကုန်တိုင်းဒေသကြီးအ တွင်း ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့များက MobileTeam အဖွဲ့ ကိုးဖွဲ့ဖြင့် ရန်ကုန်မြို့တွင်း လှည့်လည်သွားလာကာဖမ်းဆီး အရေးယူလျက်ရှိကြောင်း၊ ထို့အ ပြင်စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို လိုင်စင်ပိတ်သိမ်းအ ရေးယူခြင်းတို့ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း ၎င်းကပြော သည်။
 ရန်ကုန်တိုင်းဒေသကြီးအ တွင်း လမ်းစည်းကမ်းဖောက်ဖျက် သည့် ယာဉ်များကို ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့်ဂျီမေးလ်သို့ တိုင်ကြားနိုင်ပြီး စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း၊ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကိုလိုင်စင်ပိတ်သိမ်းခြင်း၊ ဒဏ်ငွေပေးဆောင်ခြင်းများ ပြုလုပ်စေမည်ဖြစ်ကြောင်း ဦးလင်းထွဋ်ကပြောကြားသည်။
ထို့အပြင် ၂၀၁၄ခုနှစ် ဇန်န ၀ါရီမှ ဇူလိုင်လအထိ မထသ (ဗဟို)လက်အောက်ရှိ ခရီးသည် တင်ယာဉ်လိုင်းများမှ ယာဉ်မ တော်တဆမှု ၁၃၉မှုဖြစ်ပွားခဲ့ပြီး ငါးဆယ်ကျော်သေဆုံး၍ ၄၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment