နအဖ စစ်တပ် ခမရ ၄၄၀၊ စကခ(၇)
လက်အောက်ခံ ခမရ ၄၂၅၊ ခမရ ၄၂၇ တို့ သည် ရှမ်းပြည်နယ် နယ်ဆပ် ဒေသတွင် ရွာသူရွာသားများ၏ ကြက်၊ ဘဲ များကို သတ်ဖြတ်စားရုံမက
ဒေသခံတို့ ၏ အိုးခွက်၊ ပန်းကာ၊ ဓါးတို့ ကိုပါ ခိုးယူကြပါသည်။
၁၇၊၀၃၊၂၀၁၄
မှ ၁၉၊၀၃၊၂၀၁၄ အထိ ရှမ်းပြည်နယ် နယ်ဆပ်ဒေသရှိ ရွာများ ပန်းဝန်းကျင် တလျှောက်တွင် မီးရို့ ပြီး ရွာသူရွာသားများ၏
ကွမ်းသီးခြံ၊ ဖာလာခြံ၊ဥယဉ်ခြံများ မီးလောင်ကုန်ပါသည်။ ရွာသားများကိုယ်တိုင်
မီးကိုကြိုးစားငြိမ်းသတ်သော်လည်း တောမီးမှာ အရှိန်ရနေပြီဖြစ်၍ တော်တော်နှင့်မီးကို မငြိမ်းသတ်နိုင်ခဲ့ပါ။
၁၅၊ ၀၃၊ ၂၀၁၄ရက်နေ့ တွင်လည်း ရှမ်းပြည်နယ် လာရှိုးခရိုင် တွင်နေထိုင်သော ဒေသခံ စိုင်းလုံဖ(၄၅)နှစ်အား အကြောင်းမဲ့ နံနက် ၉း၄၀ အချိန်တွင် သတ်ပစ်လိုက်ပါသည်။
အထက်ပါလုပ်ရပ်များသည် ရှမ်းအမျိုးသားများအပေါ် ထားရှိတဲ့ ဗမာ့တပ်မတော်၏ စိတ်ရင်းစေတနာ
အမှန်တွေဖြစ်ပါသည်။ ရှမ်းအမျိုးသားများ သမိုင်းစာမျက်နှာတွင် မှတ်တမ်းတင်
ထားကြပါ။ ငါးဖမ်းမရတော့
ရေအိုင်ထဲက ရေကို ခမ်းခြောက်အောင်ပက်ထုတ်တဲ့ မင်းတို့ ရဲ့ မြေလှန်
မျိုးတုန်းသတ်ဖြတ်မှု ပေါ်လစီ ကို ကျင့်သုံးနေသ၍ တော့ မင်းတို့ ပြောနေတဲ့
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုဒါ ကျနော်တို့ ရှမ်းအမျိုးသားတွေ
အတွက်တော့ ပျက်လုံးတစ်ခုလို ဖြစ်နေပြီး ရာဇ၀င်မှာ မဟာဗမာဝါဒသည် ငါတို
့ရှမ်းအမျိုးသားတွေ အတွက် မကောင်းဆိုးဝါးတွေပါပဲဆိုဒါ အသိပေးလိုပါသည်။
ထပ်ပြီးသတိပေးလိုဒါက မင်းတို့ ရေခမ်းခြောက်သွားအောင် မင်းတို့ ပဲထုတ်နေတဲ့
ရေဟာ ထ၀ရ သက်စမ်းရေ ဖြစ်ပြီး ဘယ်တော့မှ မခမ်းခြောက်ဘူးဆိုဒါ အသိပေးပါရစေ။
No comments:
Post a Comment