သံဃာ သင်းကွဲမှု (သံဃဘေဒ) ဟူသည်မှာ နယ်ပယ်ရပ်ဝန်း တစ်ခုတွင် ဓမ္မဝိနယ နှင့်
အညီ ကျင့်ကြံညီညွတ်သည့် မူလ သံဃာ အဖွဲ့အစည်းမှ အဖွဲ့ နှစ်ဖွဲ့
ကွဲထွက်သွားပြီး ထိုနှစ်ဖွဲ့ အနက် တစ်ဖွဲ့တွင် အနည်းဆုံး သံဃာငါးပါး
ပါဝင်ကာ ကျန်တစ်ဖွဲ့တွင် အနည်းဆုံး သံဃာလေးပါး ပါဝင်ခဲ့သော်
သံဃာသင်းကွဲခြင်း မြောက်ပါသည်။
ဗုဒ္ဓသည် သံဃာသင်းကွဲမှုကို ပြင်းထန်စွာ ရူံ့ချပြီး ရှင်တော်က
မြွက်ကြားသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် ဓမ္မဝိနယကို မှန်ကန်စွာ နားလည်
ကျင့်ကြံသော သံဃာ အဖွဲ့အစည်းတွင် မူလတွင် ပါဝင်ခဲ့ပြီး တရားဓမ္မနှင့်
မလျော်ညီစွာ ကျင့်ကြံသည့် သံဃာ အဖွဲ့အစည်း ဘက်သို့ ၄င်းသံဃာအဖွဲ့သည်
တရားဓမ္မ နှင့် မလျော်ညီစွာ ကျင့်ကြံသည်ကို မိမိက သိထားပါလျက်
(သို့မဟုတ်) သံသယ ရှိပါလျက် နှင့် ကူးပြောင်းခဲ့သော် ထို ပုဂ္ဂိုလ်သည်
ကပ်ကမ္ဘာ တစ်ခုလုံး ငရဲတွင် ကျက်ရပါလိမ့်မည်။
ခန္ဓကဝဂ် တွင် ဗုဒ္ဓသည် ရဟန်းသံဃာတို့အား သံဃာသင်းကွဲမှုကို ကာကွယ် တားဆီး
ဖြတ်တောက်ရန် နည်းလမ်းတို့ကို ညွှန်ပြထားပြီး သံဃဘေဒ အမှုကို တားဆီးဖို့
အတွက်ဆို ဘိက္ခုတို့ ဝါမဆိုနိုင်ခြင်းကိုပင် အထူးခြွင်းချက် အနေဖြင့်
ခွင့်ပြုတော် မူပါသည်။ သို့သော် ခန္ဓကဝဂ် တွင် ကိုယ်တော်မြတ်ကြီးသည်
လူပုဂ္ဂိုလ်များ သံဃာသင်းကွဲသော ကိစ္စမှာ ဝင်မပါနဲ့လို့ တော့ တားမြစ်လို့
ထားတော် မမူပါ။ ထိုအစား ရှင်တော်က တရားဓမ္မနှင့် အညီ ကျင့်ကြံသော
အဖွဲ့ဘက်သို့ ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းတော် မူပါသည်။
နောက်ပြီးတော့လည်း သံဃာသင်းကွဲမှုကို အလျင်စလို စေ့စပ်ပြေငြိမ်းခြင်းကို
ကိုယ်တော်မြတ်ကြီး အားပေးတော် မမူပါ။ အကယ်၍ ကွဲပြားခဲ့သော သံဃာတို့သည်
ကွဲပြားရခြင်း အကြောင်းရင်းကို ပြန်လည် မတည့်မတ် နိုင်ဘဲ
ပြန်ပူးပေါင်းခဲ့သော် ထိုသို့ ပူးပေါင်းခြင်းသည် တရားဝင်လိမ့်မည်
မဟုတ်ဘဲ ကွဲပြားခဲ့ရသော အမှု အကြောင်းရင်းကို ပြန်ဖွင့် စစ်ဆေးရပါမည်။
ဥပမာ ၉၆၉ ကို ကိုးကွယ်မှု နှင့် ရတနာ သုံးပါးကို ကိုးကွယ်မှုဆိုပြီး
ကွဲပြားခဲ့ပြီ ဆိုလျှင် နှစ်ခုလုံး ကိုးကွယ်လို့ရသည်ဆိုပြီး
သံဃာနှစ်ဖွဲ့ ပြန်ဇာတ်ပေါင်း၍ မရပါ၊ ၉၆၉ သံဃာတို့သည် မိမိတို့သည် တရားဓမ္မ
နှင့် အညီ မကျင့်ကြံခဲ့ပါ ၊ အဓမ္မ တရားတို့ကို ပြုမိမိုက်မှား
ဟောပြောခဲ့ ပါသည် ဟု သံဃာကောင်းတို့ကို လူသိရှင်ကြား တရားဝင်
ဝန်ခံရပါမည်။ ထို့အတူပင် သာသနာ့ပါလ အဖွဲ့ ဝင်တို့သည်လည်း ၄င်းအဖွဲ့၏
ဖွဲ့စည်းခြင်း ရည်ရွယ်ချက် စေတနာ (ဝါ) အမျိုး ဘာသာ သာသနာ သည်
ဘုရားဆုံးမထားသည့် တရားဓမ္မနှင့် မညီပါ ဟု အတိအလင်း ကြေညာဝန်ခံမှ သာလျှင်
မူလသံဃာ နှင့် ပြန်ပေါင်းခွင့် (ဝါ) သံဃာတော် ပြန်ဖြစ်ခွင့် ရှိပါသည်။
တစ်နည်းအားဖြင့် ဗုဒ္ဓသည် အပေါ်ယံ ညီညွတ်သော သံဃာကို လုံးဝ ခွင့်ပြုတော်
မမူပါ။ အဘယ်ကြောင့်လဲဆိုတော့ အဲသလို အပေါ်ယံ ညီညွတ်ပြတယ် ဆိုတာမျိုးဟာ
သံဃာဟာ တရားဓမ္မကို မရိုသေ၊ ခြေနဲ့နင်းတဲ့ သဘော ဖြစ်သည်ဟု
ကိုယ်တော်မြတ်ကြီးက မြင်သောကြောင့် ပါတည်း။
ဥပမာအားဖြင့် မဟန သံဃာ အဖွဲ့ (နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့သည်) ငါတို့
ဘုန်းကြီး လုပ်မပျက်ရင် ပြီးရောဆိုပြီး ၉၆၉ ကို ကိုးကွယ်တာဟာလဲ
မှန်ပါတယ်ဟု ၉၆၉ ဂိုဏ်းနှင့် စေ့စပ်ခဲ့သော် မဟန အစိုးရသံဃာ အဖွဲ့ နှင့်
၉၆၉ ဘိက္ခုမာဖီးယားတို့ ပေါင်းသွားသောဂိုဏ်း ဟူသည် သံဃာမမြောက်။ အဲသလို
ပေါင်းလျှင် လူမိုက်ကို လက်ခံပေါင်းသင်းသော မဟန အဖွဲ့ပါ သံဃာ အဖြစ်မှ
ဆုံးရူံး၏။
လွယ်လွယ်မှတ်မည် ဆိုလျှင် ဖောက်ပြန်ခွဲထွက်သည့် ရဟန်းအဖွဲ့က မိမိတို့၏
ခွဲထွက်ရခြင်း အကြောင်းရင်း အပြစ်ကို ဝန်ခံခြင်း မရှိလျှင် (အမှန်တကယ်
နောင်တရခြင်း မရှိလျှင်) ၄င်း ဖောက်ပြန်ခွဲထွက်သူတို့ နှင့်
စေ့စပ်ပူးပေါင်းခြင်းကို ခွင့်ပြုတော် မမူ။ ဒါမျိုး ငြိမ်းချမ်းရေး
ရဖို့ဘဲ လိုတယ် ဟု ဆိုကာ အထပ်ထပ် ပူးပေါင်းနေပါလျှင် လူဆိုး
သံဃာဂိုဏ်း တစ်ဂိုဏ်းဟာ သံဃာထု တစ်ရပ်လုံးကို ကောက်စားကာ တောမသတ်
ကြီးထွားလာနိုင်ပါသည် (infinite regress)။
ဝီရသူက သံဃာ ငါးသိန်းလုံး သူ့နောက်မှာ ရှိတယ် ဆိုတဲ့ စကားကို ပေါ့သေးသေး
မထင်ပါနဲ့။ သင်းသည် ခုပြသလို သံဃာကို ကောက်စား မျိုချဖို့
စဉ်းစားထားပြီး ဖြစ်၍ မျိုလည်း မျိုသွားနိုင်လောက်သည့် အခြေအနေ
ရှိနေပါသည်။ ဒါကြောင့်လည်း “လူမိုက်တွေနဲ့ ရွှေပြည်အေး လုပ်ပြီး စေ့စပ်
ပေါင်းထုပ်ခွင့် လုံးဝမရှိ” လို့ မြတ်စွာဘုရားက ပြခဲ့သော မူလအာဘော် သည်
အင်မတိ အင်မတန် အရေးကြီးပါ ၏။ ခေတ်သုံး ဘိုစကား နဲ့ ပြောရင် The Sangha
will never negotiate the Sangha corrupted လို့ လည်း တစ်မျိုး
မှတ်နိုင်ပါပေ သတည်း။
No comments:
Post a Comment