မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အနောက်ရွာတော်ကျေးရွာတွင်
ခင်ပွန်းဖြစ်သူနှင့် စကားများ ခင်ပွန်းဖြစ်သူအား ပြောမရသဖြင့် ဆွဲကြိုးချ
သေဆုံးခြင်းမှု သြဂုတ် ၂၀ ရက်၊ နံနက် (၇) နာရီဖြစ်ပွားရာ ကျောက်ဆည်မြို့
မြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ်လွင်အောင်က သက်သေများနှင့်အတူ
သွားရောက်စစ်ဆေးကြောင်း သိရသည်။
ဖြစ်စဉ်မှာ အနောက်ရွာတော်ကျေးရွာနေ မချောစု (၂၅) နှစ် (ဘ) ဦးကျော်ဝင်းသည်
နေအိမ် ဘုရားခန်း သစ်သားထုတ်တန်းတွင် ရေပုံကြိုးအား ကွင်းလျောလုပ်၍
တွဲလောင်းအနေအထားဖြင့် သစ်သားခုံတန်း လက်တန်ပေါ်တွင် ခြေလွတ်၊ လက်လွတ်
ထိုင်သည့်အနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမျှ မတွေ့ရှိဘဲ
သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အလောင်းအား မှုခင်းဆေးစာဖြင့်
ကျောက်ဆည်ဆေးရုံသို့ တင်ပို့ခဲ့ပြီး မချောစု သေဆုံခြင်းအား ကျောက်ဆည်မြို့
မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၄) ဖြင့် အမှုဖွင့်ဆောင် ရွက်ပြီး
စခန်းမှူး ဒုရဲမှူး အေးအောင်က ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
No comments:
Post a Comment