Sunday, August 10, 2014

ဦးနှောက်ဟင်း

သတင်း ထောက် တယောက် ဆောင်းပါး ရေးရန် လမ်းပြ နှင့် အတူ လူ သားစား လူရိုင်း များ နေထိုင် ရာ ဒေသ ကို ရောက်လာ သည်၊၊
လမ်းပြ က ပြောလိုက် သည်။ “ရှေ့မှာ ထမင်း ဆိုင် ရှိတယ်။ ထူးထူး ဆန်းဆန်း ဟင်း တွေ ရ တတ်တယ်၊”

သတင်းထောက်ဆိုင်ထဲဝင်လိုက်သည်၊ ကောင်တာရှေ့တွင် ကြော်ညာသင်ပုန်းတချပ် ထောင်ထားသည်။

ယနေ့အထူးဟင်းလျာ
ဦးနှောက်ဟင်းများ
ဆရာဝန်ဦးနှောက် ၅၀ သား ——————-၅၀၀၀ ကျပ်
ရှေ့နေဦးနှောက် ၅၀ သား ———————၆၀၀၀ ကျပ်
ကျောင်းဆရာဦးနှောက် ၅၀ သား ————–၇၀၀၀ ကျပ်
ကြံ့ဖွံ့ဦးနှောက် ၅၀ သား———————–၄၀၀၀၀ ကျပ်
သတင်းထောက်က တအံ့တသြမေးမိသည်။ “ကြံ့ဖွံ့ဦးနှောက်က တော်တော်စားကောင်းသလား။”
မြန်မာစကားတတ်သော ဆိုင်ရှင်က ၀င်ဖြေလိုက်သည်။
“မဟုတ်ပါဘူး၊ ၅၀ သားပြည့်ဖို့ ကြံ့ဖွံ့တွေ အများကြီး သတ်ရလို့ပါ၊”

No comments:

Post a Comment