Sunday, August 10, 2014

မအိုသောအရာ (စိတ်ဝင်စားစရာပါ)…ဖြစ်ရပ်မှန်

ရုပ်သည် အိုတတ်သော သဘောရှိ၏။ အသက်သည် ရက်မှလ၊ လမှနှစ်သို့ တဖြေးဖြေးချင်းကူးပြောင်းကာ ကြီးလာတတ်၏။ ရုပ်အိုခြင်းနှင့် အသက်ကြီးခြင်းနှစ်မျိုးသည် နောက်ပြန်မလှည့်သော သဘောတရားများပေတည်း။ ရုပ်အိုခြင်းနှင့် အသက်ကြီးခြင်းနှစ်မျိုးကို ဇရာ-ဟု ဘာသာရေးစာပေများက ဆို၏။
ထို့ကြောင့် ဇရာဟူသည် လူတို့မလွန်မြောက်နိုင်သော၊ ထို့ထက်ဆိုရပါမူ သတ္တ၀ါတိုင်း မလွန်ဆန်နိုင်သော လွှမ်းမိုးမှုကြီးတစ်မျိုးဖြစ်ပေတော့၏။ သို့သော် ရုပ်နှင့် အသက်ကဲ့သို့ အိုခြင်း၊ ကြီးခြင်းမရှိသော သဘောတစ်မျိုးကား သတ္တ၀ါတို့သန္တာန်မှာ ရှိပြန်၏။ ထိုသဘောကြောင့် လူအပါအ၀င် သတ္တ၀ါမှန်သမျှတို့သည် ဘ၀ကို မက်မော၏၊ တွယ်တာ၏။ ထိုတွယ်တာ မက်မောမှုတို့ဖြစ်သည်နှင့်အမျှ ဘ၀အဆုံးသို့ ရောက်မည့်နေ့ကိုတွေးကာ ကြောက်ကြ၏။ ထို့ကြောင့် ယင်းသဘောတရားသည် မက်မောမှု၏ အရင်းမြစ်လည်းဖြစ်၏။ တွယ်တာမှု၏ ရေသောက်မြစ်လည်းဖြစ်၏။ ကြောက်ရွံ့မှု၏ အချက်အချာလည်းဖြစ်၏။ ထိုအရာကား ချစ်ခြင်းပင်တည်း။
သူမဘ၀မှာ အိမ်ထောင်ဆက်ပေါင်း များခဲ့ပါပြီ။ အချို့ယောက်ျားများကို ရှင်ကွဲကွဲကာ လွဲခဲ့ရသည်။ အချို့ကိုကား သေကွဲကွဲကာ လွဲခဲ့ဖူးလေသည်။ ထို့ကြောင့် သူမ၏ ဘ၀သည် အထီးကျန်ဆန်မှုများနှင့် မကြခဏဆိုသလို တွေ့ကြုံနေခဲ့ရသည်။ ကြာလာသောအခါ အထီးကျန်ဆန်မှုသည် သူမမနှစ်မြို့ဆုံးသော မုန်းတီးဆုံးသော အရာတစ်ခုဖြစ်လာခဲ့ရတော့သည်။ သူမအနားမှာ တစ်ယောက်ယောက် အမြဲရှိနေစေချင်သော ဆန္ဒသည် သူမ၏ အကြီးမားဆုံးသော ဆန္ဒတစ်ခုဖြစ်သည်။ ယင်းဆန္ဒ၏ စေ့ဆော်မှုကြောင့် တစ်စုံတစ်ယောက်သောသူနှင့် ရှင်ကွဲကွဲရသည်ဖြစ်စေ၊ သေကွဲကွဲရသည်ဖြစ်စေ နောက်တစ်ယောက်ကို ရှာတတ်သော အကျင့်သည် သူမ၏ ကြီးရင့်လာသော အသက်နှင့် ထပ်တူဖြစ်နေခဲ့တော့သည်။ ကိုယ့်ကိုယ်ကို ချစ်ခြင်းလား? သူများကို ချစ်ခြင်းလား? သူမ တစ်ခါမှ မစဉ်းစားခဲ့။ အချစ်မရှိလျှင် သူမမနေတတ်သည်ကတော့ အမှန်။ သူမကား အခြားမဟုတ်၊ အသက် (၁၀၇)နှစ် အရွယ်ရောက်နေပြီဖြစ်သော Wook Kundor အမည်ရှိ မလေးရှားနိုင်ငံသူ အဘွားအိုတစ်ယောက်ပါတည်း။
အဘွားအို ကွန်ဒါမှာ သူမ၏ အသက် (၁၀၇) နှစ်ဟူသော အချိန်ကာလအတွင်း အိမ်ထောင်ဆက်ပေါင်း (၂၂) ကြိမ်တိတိရှိခဲ့ပေပြီ။ အခုလက်ရှိအမျိုးသားမှာ လွန်ခဲ့သော လေးနှစ်ကမှ လက်ထပ်ထားခဲ့သော Muhammad Noor Che Musa ဆိုသူဖြစ်သည်။ သူမထက် အသက် (၇၀) တိတိ ငယ်သည်။ မူးယစ်ဆေးဝါးစွဲနေသူ တစ်ယောက်ဖြစ်သည်။ သူမနှင့်လက်ထပ်စဉ်က သူပြောခဲ့သော စကားတစ်ခွန်းမှာ ဘုရားသခင်၏
အလိုတော်အတိုင်းပါပဲ-ဟူ၏။ သူ့စကားအဓိပ္ပါယ်ကို သူကိုယ်တိုင်သာ ကောင်းစွာနားလည်ပေလိမ့်မည်။ သို့သော် မစ္စတာမူဆာမှာ အခုလောလောဆယ် သူမအနားတွင်မရှိ။ မြို့တော်ကွာလာလမ်ပူသို့သွားကာ မူးယစ်ဆေးဝါးဖြတ်ဖို့အတွက် ဆေးရုံတက်နေရသည်။ သူမရင်ထဲမှာ အထီးကျန်ဆန်ခဲ့ရပြန်ချေပြီ။ “ယောက်ျားဖြစ်သူ ကိုမူဆာတစ်ယောက် မူးယစ်ဆေးဝါးပြတ်သွားခဲ့လျှင်—-”၊ သူမ ဆက်မတွေးရဲ။ မူးယစ်ဆေးဝါးစွဲနေစဉ်က သူမကဲ့သို့ ဆံဖြူ၊ သွားကျိုး၊ အသရေမတိုးတော့တဲ့ အဘွားအိုတစ်ယောက်အပေါ် ပေးခဲ့သော ကိုမူဆာ၏ အချစ်သည် မူးယစ်ဆေးဝါး ပြတ်သွားသောအခါ အရင်လို ပေးနိုင်ပါဦးမည်လော? သူမတစ်ယောက်တည်း အိပ်ယာထဲဝယ် နဖူးပေါ်လက်တင် စဉ်းစားရင်း အိပ်မပျော်သော ညများနှင့်လည်း အလီလီ ကြုံနေရပေပြီ။
ထို့ကြောင့် သူမဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာချလိုက်သည်။ နောက်တစ်ယောက်ကို ရှာတော့မည်။ ယင်းနောက်တစ်ယောက်သည် သူမ၏ (၂၃) ယောက်မြောက် ဘ၀ကြင်ဖေါ်ဖြစ်လာမည်သူတည်း။ ၂၃ ယောက်မြောက်ကြင်ဖေါ်ကို ရှာတဲ့နေရာမှာ သူမသည် ဆင်ခြေတစ်ခုကို ပေးခဲ့သည်။ “My intention to remarry is to fill my forlornness and nothing more than that,” “နောက်တစ်ယောက်ကို ထပ်ရှာတဲ့ ရည်ရွယ်ချက်ကတော့ အဘွားရဲ့ အထီးကျန်ဆန်မှုကို ဖြည့်ဆည်းပေးဖို့ပါပဲ၊ ဒိထက်တော့ မပိုပါဘူးကွယ်” တဲ့။ လာမည့်သတင်းပတ်ထဲတွင် Eid al-Fitr ခေါ် မူစလင်ပွဲတော်တစ်ခု ကျင်းပဖို့ရှိသည်။ ယင်းပွဲတော်ရာသီအတွင်း သူမအပါးမှာ သူမချစ်ရသူတစ်ယောက်ရှိနေစေချင်သောဆန္ဒသည် သူမ၏ ကြီးမားသောဆန္ဒတစ်ခုပင် ဖြစ်ပေသည်။ သို့သော် သူမဆန္ဒ တကယ်ပြည့်ဝပါမည်လော? အဘယ်သို့သော ယောက်ျားမျိုးသည် သူမအချစ်ကို လက်ခံပါလိမ့်မလဲ? ဟူသော အမေးလဲဟုတ်၊ အတွေးလဲဟုတ်သော ၀ါကျတစ်ခုသည် မလေးရှားသားတို့ ရင်ထဲတွင် ထပ်ခါတလဲလဲ ပေါ်လာကာ အဖြေကို စောင့်မျှော်လျက်ရှိကြလေတော့သတည်း။

107-year-old Malaysian woman seeks 23rd hubby

A 107-year-old Malaysian woman says she is ready to marry for the 23rd time because she fears her current drug addict husband might leave her for a younger woman, a report said Monday.
Wook Kundor made headlines four years ago when she married Muhammad Noor Che Musa, a man 70 years her junior in northern Terengganu state, with pictures of the couple’s wedding splashed across regional newspapers.
But Wook is now looking for new love as she fears that Muhammad, 37, who is undergoing voluntary drug rehabilitation treatment in the capital Kuala Lumpur, will leave her once the programme ends, she told the Star newspaper.
“Lately, there is this kind of insecurity in me,” the paper quoted her as saying, showing a photograph of the smiling, wrinkled-faced centenarian wearing a Muslim headscarf.
“I realise that I am an aged woman. I don’t have the body nor am I a young woman who can attract anyone.”
“My intention to remarry is to fill my forlornness and nothing more than that,” she said, adding that she felt lonely without her husband by her side to celebrate the coming Muslim festival of Eid al-Fitr next week.
Wook said she planned to visit Muhammad on the second day of Eid if her neighbours were willing to drive her to the capital.
Muhammad, who was a lodger in Wook’s house, had previously said it was “God’s will” that the couple fell in love.old

No comments:

Post a Comment