သရုပ်ဆောင် လင်းဇာနည်ဇော်က
သူ့အိမ်ထောင်ဘက်နဲ့ လမ်းခွဲခဲ့ကြတာ ၁၄ နှစ် ကြာပါပြီ လို့
ပြောဆိုတဲ့အကြောင်း တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်မှာ ရေးထားပါတယ်။
လမ်းခွဲခဲ့တာ နှစ်တွေ ဒီလောက်ကြာပေမယ့်လည်း ဥပဒေအရ ဆိုရင် သူတို့က လင်မယားဖြစ်နေကြတုန်းပါပဲ။
ဥပဒေမှာတော့...
တရားသူကြီးရှေ့မှောက်မှာ နှစ်ယောက် မျက်နှာချင်းဆိုင် လက်မှတ်ရေးထိုးမှသာ
တရားဝင် ကွာရှင်းပြတ်စဲခြင်းဖြစ်မယ်လို့ ဆိုထားပါတယ် တဲ့။
အဲဒီလို ဆိုထားပေမဲ့ ရဲကိုကိုက မြန်မာပြည်မှာမရှိ၊ ဂျပန်နိုင်ငံ ရောက်နေပါတယ်။
တရားသူကြီးရှေ့မှောက်မှာ
နှစ်ယောက် မျက်နှာချင်းဆိုင် လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်သေးဘူး ဆိုတော့
...တရားဝင် ကွာရှင်းခွင့်ရမယ့် နောက်ထပ် နည်းလမ်းတခုကို သုံးရပါတယ် တဲ့။
အဲဒါကတော့ တရားရုံးက ငြင်းချက်ထုတ် သမ္မန်စာကြော်ငြာကို သတင်းစာမှာ ထည့်ဖို့ပါပဲ။အဲဒီသမ္မန်စာကြော်ငြာက
ရုံးစာဆန်လွန်းပါတယ်။ ဆိုလိုရင်းကတော့ ဒီလ ၂၃ ရက်နေ့ တရားရုံးကို ရဲကိုကို
ရောက်မလာရင် တရားဝင် ကွာရှင်းခွင့် အတည်ပြုပေးလိုက်မယ့်သဘော
ဖြစ်ပါလိမ့်မယ်။
ရဲကိုကို ကိုယ်တိုင်က ကွာရှင်း ပြတ်စဲဖို့ ဘယ်လို
အကူအညီပေးရမလဲ လို့ ဆိုလာတာကြောင့် သူလည်း ဂျပန်ကနေ ပြန်လာဖို့
မလိုအပ်တဲ့နည်းက ဒီတနည်းပဲ ရှိတော့တာကြောင့် သတင်းစာထဲကနေ
ကြေညာလိုက်ရတာပါလို့ မင်းသမီးက ဆိုပါတယ်။
ဒီတော့ ဒီလ ၂၃ ရက်နေ့က အစပြုပြီး တရားဝင် ကွာရှင်းပြတ်စဲကြပြီလို့ ယူဆရပါမယ်။
ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်း သူတို့ လမ်းခွဲကြတာကို ပရိသတ်က မသိတာကြောင့် သူ့ကို တွေ့တဲ့အခါ ရဲကိုကို မပါဘူးလားလို့ မေးတိုင်း -
ဟုတ်ကဲ့၊ ကျန်ရစ်တယ် လို့သာ အလွယ်တကူ ဖြေခဲ့တယ်လို့ မင်းသမီးက ပြောပါတယ်။
အမျိုးသမီးသရုပ်ဆောင်တွေ
အိမ်ထောင်ပြုလွယ်၊ ကွဲလွယ်တယ်လို့ မြင်နေကြချိန်မှာ ဒီလိုကြေညာချက်မျိုး
ထည့်ရတာ စိတ်မကောင်းပါဘူး၊ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ တသက်မှာ
တစ်မင်္ဂလာပဲ ဖြစ်ချင်တယ်
မလွဲသာ မရှောင်သာလို့သာ လမ်းခွဲခဲ့ရတာဖြစ်ပါတယ်လို့ မင်းသမီးက ပြောပါတယ်။
No comments:
Post a Comment