လူတို့သည် မွေးကင်းစမှ စပြီး ရောဂါ
ကာကွယ်ဆေး မျိုးစုံကို အသက်အရွယ် အလိုက် ထိုးနှံခဲ့ကြသည်။ မွေးကင်းစတွင်
အသည်းရောင် ရောဂါ ဘီပိုး ကာကွယ်ဆေး ဘီစီဂျီတို့ကို ပထမဦးဆုံး ထိုးနှံရသည်။
ထို့နောက် လအလိုက် နှစ်အလိုက် ကာကွယ်ဆေးများကို ထိုးနှံလာကြရပြန်သည်။
ကြက်ညှာ ၊ဆုံဆို့၊ မေးခိုင်း ၊ ပိုလီယိုမှ ၀က်သက် ၊ ကျောက်ရောဂါနှင့်
တိုင်ဖွိုက် စသဖြင့် လေး ငါး ခြောက် နှစ်အထိ ကာကွယ်ဆေး မှန်သမျှ အဆင့်ဆင့်
ထိုးကြရပြန်သည်။
အချို့သော ကာကွယ်ဆေးဆိုလျှင် နှစ်ကြိမ် သုံးကြိမ် အထိ
ထိုးနှံကြရ၏။ ထို့သို့ထိုးနှံရခြင်းသည် ထိုထိုသော ရောဂါများ မဖြစ်စေရန်
ကြိုတင် တားဆီး ကာကွယ်ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် လူတို့သည် ရောဂါ မှန်သမျှ
မဖြစ်ပွားနိုင်အောင် ၊ ဖြစ်ပွားခဲ့ပါကလည်း ပျောက်ကင်းချမ်းသာ အမြန်ရအောင်
ဆေးဝါးများကို တီထွင်ကာ ကာကွယ် တားဆီးကြစမြဲ ဖြစ်လေသည်။
သို့သော ယနေ့ထိ ကာကွယ် မတားဆီးနိုင်သော
ရောဂါကြီးကား ကမ္ဘာကြီးပ်ါတွင် ရှိနေဆဲ ဖြစ်သည်။ ထိုရောဂါကို လူသားတိုင်း
ကျားမ မဟူ အရွှယ်မရွှေး အနည်းဆုံး တစ်ကြိမ်တော့ ခံစားကြရစမြဲပင် ဖြစ်တော့၏။
ထိုရောဂါကား အခြား မဟုတ်ပေ အချစ်နာတည်း ။ ကိုယ်တွင်းရောဂါ ၊ အချစ်နာကား ၊
ကုရာနတိဆေးမရှိ ဟုဆိုခဲ့ကြရလောက်အောင် ပြင်းထန်သည်။ လူမျိုး ၊ ဘာသာ ၊
အရွှယ်မရွှေး ၊ ကျားမ မရွှေး အရွယ်ရောက် စမှ စပြီး ၀င်ရောက်လာကြသည်။ ထိုအခါ
ကိုယ့်ခံအားနှင့် ရောဂါပိုး အလိုက် ရောဂါ ပြင်းထန်မူကို အနည်းနဲ့အများ
ခံစားကြရလေတော့၏။
အချစ်နာ ကျရောက်ခြင်းကို
ခံစားကြရပြီးဆိုလျှင် ၊ ဆိုခဲ့သော ရောဂါ အမျိုးမျိုး ကဲ့သို့
တားဆီးကာကွယ်ရန် ၊ ပျောက်ကင်းရန် စားဆေး ၊ ထိုးဆေး ၊ လိမ်းဆေး
မရှိသောကြောင့် ရောဂါဒဏ်ကို အပြင်းထန် ခံစားကြရလေတော့၏။ တချို့က သာမန် ၊
တချို့က ပြင်းပြင်းထန်ထန် ၊ အချို့က အသက် ( မိမိဘာသာ) ရန်ရှာသည် အထိ
ခံစားကြရသည်။ ထိုအခါ ကျောင်းသား ဘ၀ဆိုပါက ပညာရေးကို ထိခိုက် ၊ အလုပ်ခွင်
ဝင်နေသည် ဆိုပါက အလုပ်အကိုင်တွင် မတည်ငြိမ် ၊ စီးပွားရေးလိုပ်နေပါက လစ်ဟင်း
ချွတ်ယွင်းသည် အထိ ဖြစ်တတ်ပေတော့သည်။
အချစ်နာကျနေပါက ဆးမတိုးပေ။ ဆေးနှင့် တူသော
မိဘ ဆရာများနှင့် မိမိအကျိုးကို လိုလာသော လူကြီးသူမတို့က ဖျောင်းဖျသော ၊
လမ်းညွှန်းသော ၊ တားမြစ်ော စကားတို့သည် ဆေးခါးကြီးများ ဖြစ်နေလေတော့သည်။
မျိုမကျဖြစ်ရသည်။ ခါးသည်းသော စကားများဟု ထင်၏။ နားမ၀င်ဖြစ်ရသည်။ မစားနိုင်
၊မသောက်နိုင် ၊ငူငူငိုင်ငိုင် ဖြစ်နေကြရသည်။ ထို့သို့ဖြစ်ရသည်မှာလည်း
ရောဂါ၏ သဘာဝဖြစ်သည်။ ထိုရောဂါ လွန်မြောက်ပြီးသူတို့က ရောဂါ ဖြစ်နေသူကို
ကြည့်ပြီး အသည်းယား ကြသည်။ သို့သော်လည်း ထိုသူတို့ကိုယ်တိုင်လည်း ထိုရောဂါ
ဖြစ်ခဲ့ပြိးပြီ ဖြစ်ရွှေ့ အပြစ်တင်မည့်သာ တင်ကြရည်၊ သဘာဝပေးကိုဟု ဆိုကာ
တစ်ဖက်မှ ဖြေသိမ့်ရသည်။
အချစ်နာကျခြင်းမှာ ယနေ့မှ မဟုတ် ၊
လူသားတို့ တင်ခဲ့ပြီး ကတည်းက ဖြစ်၏်။ အာ3မ် ဧ၀ ပေါ်စဦး ၊လူသားတို့
မြေပေါ်သို့ ကျရောက်လာကြဦးကပင် အချစ်ကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။
ကျားနှင့် မ ပေါ်ပေါက်လာကြောင့် အချစ်သည် အပြန်လှန်သဘော ရှိ၏။ သို့ကလို
အပြန်လှန် သဘာဝကျစွာ သဟဇာတ ဖြစ်သော အခါ အချစ်နာဟု မဆိုနိုင်ပေ။ သို့သော်
တစ်ဖက်သတ် စီးဆင်းသော အခါ အနာ ရောဂါ တစ်ခု အသွင် ကျရောက်စေတော့သည်၊
ရေစီးပေါက် မဖြစ်ပေါ်မချင်း ရေလျှံမူ ပြင်းထန်သလို နစ်မြုပ်မူ ဖြစ်ရသည်ပင်။
အချစ်နာ အတွက် ဆေးမရှိဟု ဆိုကြသည်။ လောက
အလို ထိုးဆေး စားဆေး သောက်ဆေး တကယ် မရှိခြင်းကား မှန်ပါ၏။ သို့သော် အနာရှိက
ဆေး ရှသည်သာ ဖြစ်၏။ ထိုဆေးကား အချိန် ပေတည်း။ အချစ်နာ အတွက်
အကောင်းဆုံးဆေးသည် အချိန်ဖြင့် ကုစားခြင်းသာ ဖြစ်တော့၏။ ဥပမာကား အချစ်သည်
ပူလောင် ပြင်းပြခြင်းကို ဖြစ်စေသော မီးသဖွယ် ဖြစ်၏။ မီးကြောင့်
ပူလောင်ခံရသော 3ဏ်ရာကို အခြားသော အရည် ၊ ဆေးတို့ဖြင့် လာင်းပါက ကွဲအက်
ကြေမွခြင်းသာ ဖြစ်စေလိမ့်မည်။ တောင်လောင်နေသော မီးတို့ သဘာဝတိုးရွှေ့
လောင်ကျွမ်းခြင်း မဖြစ်နိုင်သော အခါ တ့ဖြည်းဖြည်းချင်း ငြိမ်းရွှေ့
တဖြည်းဖြည်းခြင်းဖြင့်သာ အေးငြိမ်းခြင်းကို ဖြစ်စေနိုင်သည်။ အချိန်ကြာသော
အပူသည် သက်သာလာ၏။ မူလအတိုင်း ဖြစ်လာစေ၏။
ထိုကအတူ အချိန်တည်းဟူသော သမားတော်၏
ကုစားခြင်းဖြင့်သာ အချစ်နာတည်းဟူသော ရောဂါသည် သက်သာစေ၏။
ပျောက်ကင်းနိုင်စေ၏။ အချိန်ကာလတစ်ခုကို ကျော်ဖြတ်ပြီး သောအခါ
ဖြစ်စဉ်တို့ကို ပြန်လည် တွေးတောကြည့်နိုင်လာသည်။ ထိုအခါ ထိုရောဂါများ၏
ဖြစ်ပျက်မူသည် စိတ်ဍ် (ထိုစဉ်က ကဲ့သို့) ခံစားမူ မရှိတော့။ တုန်လှုပ်မူ
မ၇ှိတော့ပေ။
သို့သော်လည်း အသက်အရွှယ် အလျောက်
(သဘာဝဖြစ်စဉ်နှင့် ဇီဝဗေ3ဖြစ်စဉ်တို့ကြောင့် ) လူပျို အပျိုဖော်
ဝင်လာသောအခါ ၊ အချစ်ကို ဗီဇစိတ်ဖြင့် တောင့်တလာသည်။ ထို့ကြောင့်လည်း
ချစ်ခြင်း ဖြစ်ပေါ်လာ၏။ အပြန်အလှန် မေတာ သက်ဝင်သွားသော အခါ ထူးခြားသော
ဖ်ြဏသ် (အနာ ရောဂါ) မရှိပေ။ တစ်ဖက်သတ် အချစ်မျိုး ဖြစ်ပေါ်လာသော အခါ အချစ်နာ
ကျရောက်လေတော့သည်။ ဆိုခဲ့သည် အတိုင်း စိတ်ခံစားမူ
ဖြစ်စဉ်ကြောင့်ဖြစ်ပေါ်လာရသော ထိုဝေ3နာကို သက်သာရာ ရစေသော နည်းမှာ
အချိန်ပင် ဖြစ်ကြောင်း သိသာနိုင်သည်။
အချစ်နာ ကျစဉ်က ပူလောင် ပြင်းပြစွာ၊
အသက်ပင်ဆက်ရွှေ့ မရှင်သန်လောက်စွာ ၊ ဝေခွဲ စဉ်းစား ဆင်ခြင် နိုင်ခြင်း
မစွမ်းသာနိုင်စွာ့ ဖစ်ပေါ်ခဲ့ရသော သောက ဝေ3နာသည် နောင်တစ်ချိန်
(ကျော်ဖြတ်ပြီးသော အခါဍ်) အေးဆေး တည်ငြိမ်လာသော စိတ်ဖြင့် စဉ်းစားလျှင်
ပြုံးမိကောင်း ပြုံးမိပေမည်။ အဆင်ပြေရွှေ့ နှစ်ဦးသာ လက်ထ်ခွင့် ရလျှင်
လည်းကောင်း၊ တစ်ယောက်နှင့် တစ်ယောက် သမီး မြေး သား တခြားစီဖြင့်
ဖြစ်သွားလျှင်လည်းကောင်း တစ်ဘ၀တည်း တစ်ဘ၀စီ အဖြစ်မျှသာဟု ကောင်းစွာ
မြင်နိုင်ပေလိမ့်မည်။ ထို့ကြောင်းလည်း….ပြီးတော့လည်း
ပြီးသွားတာပါပဲ…ဆိုတဲ့စကား ပေါ်ပေါက်လာခဲ့သည်။
ယခု အချစ်နာကြောင့် အခြားသူများထံ
အကူအညီတောင်းနေသော၊ မိမိဘာသာ မဆုံးဖြတ်နိုင်ဘဲ သောက ဒုတ်ခ ဝေ3နာ
ခံစားနေရသော အပျိုစင် မိန်းကလေးများသည်လည်းကောင်း ၊ လူငယ်
ယောကျာင်္းလေးများသည် လည်းကောင်း …အချိန်…တစ်ခုကို ဖြတ်သန်းနိုင်အောင်
ကြိုးစားခြင်းပင် အနာကင်းပြီး ဘ၀ အဆင်း လှနိုင်ပါသည်ဟု စကားလက်ဆောင်
ပါးလိုက်ရပေတည်း…..။
No comments:
Post a Comment