သွက်သွက်လက်လက်
 သီချင်းများနှင့် လူငယ် ပရိသတ်များစွာကို ဖမ်းစားနိုင်သည့် လူငယ် အဆိုရှင်
 မိစန္ဒီသည် ပြည်တွင်း ဖျော်ဖြေရေး ပွဲများနှင့် မတူဘဲ ပြည်ပသို့ 
သွားရောက်ဖျော်ဖြေ ရသည့်အခါ ပိုကြောက်မိတယ်လို့ ပြောပြခဲ့သည်။
''မိစန္ဒီ ပြည်ပဖျော်ဖြေရေး ပွဲတွေသွားတာ 
သုံးကြိမ်၊ လေးကြိမ်တော့ ရှိပါပြီ။ အခုတစ်ခေါက် သွားတာက စင်ကာပူပါ။ 
စင်ကာပူမှာ သွားဖျော်ဖြေ ရတာကတော့ ပထမဆုံးပါ။ ပြည်ပမှာ ဖျော်ဖြေရတဲ့ 
ခံစားချက်က ပြည်တွင်းမှာနဲ့ မတူဘူး။ ပြည်ပမှာ ဖျော်ဖြေရမယ်ဆိုတဲ့ 
ခံစားချက်က ဘာကြောင့်မှန်း မသိဘူး။ နည်းနည်း ပိုကြောက်တယ်လို့ ပြောရမယ် 
ထင်တယ်။ အမှားအယွင်း ပါမှာလည်း စိုးရိမ်မိတယ်။ ပြည်ပမှာလည်း မိစန္ဒီရဲ့ 
သီချင်း အသစ်လေးတွေ ဆိုဖို့ ရှိပါတယ်။ စက်တင်ဘာလထဲမှာ သြစတြေးလျမှာလည်း 
သွားရောက် ဖျော်ဖြေဖို့ ရှိပါတယ်'' ဟု သူမက ပြောပြခဲ့သည်။
မကြာသေးမီက ထွက်ရှိထားသည့် ပစ်တိုင်းထောင်
 တေးသီချင်း ခွေအပေါ် ပရိသတ် အားပေးမှုနှင့် ပတ်သက်၍ ''မိစန္ဒီရဲ့ 
ပစ်တိုင်းထောင် အခွေလေးက ပရိသတ်အားပေးမှု ရခဲ့ပါတယ်။ ဒီအခွေလေးကလည်း 
မိစန္ဒီရဲ့ ခံစားချက်တွေနဲ့ ထပ်တူကျတဲ့ သီချင်းလေးတွေ ဖြစ်ခဲ့တယ်။ အဲဒီလို 
ထပ်တူကျတဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေနဲ့ အတူထပ်တူ ကျတဲ့အတွက် 
အရမ်းဝမ်းသာပါတယ်။ ပရိသတ်တွေက ပစ်တိုင်းထောင်နဲ့ ကျေးကျွန်တို့ကို အားပေးတာ
 များတယ်။
ကျန်တဲ့ သီချင်းတွေကိုလည်း ကြိုက်ကြပါတယ်။
 ပစ်တိုင်းထောင် သီချင်းဆိုရင် ပရိသတ် ကြိုက်မယ်လို့ မထင်ထားမိဘူး။ ဒါပေမဲ့
 အရမ်းကို အားပေးကြတဲ့အတွက် ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ မိစန္ဒီရဲ့ 
ပစ်တိုင်းထောင် VCD လေးအတွက်လည်း ရိုက်ကူးရေး တွေလုပ်နေပါပြီ။ 
သီချင်းနှစ်ပုဒ် လောက်ကိုတော့ ရိုက်ပြီးသွားပါပြီ။ ပရိသတ်ကြိုက်မယ်လို့ 
လည်းမျှော်လင့်ပါတယ်။ မိစန္ဒီဘက်ကတော့ ရိုက်ကူးမှုကို ဇာတ်လမ်းလေးတွေလည်း 
မရိုး အောင်လို့ အကောင်းဆုံး ကြိုးစားထားပါတယ်။ ထွက်လာရင်လည်း ပရိသတ်တွေ 
ကြိုက်နှစ် သက်မယ်လို့ မျှော်လင့်ထားပါတယ်။ VCD ကိုတော့ မိစန္ဒီ 
ပရိသတ်ကြီးအတွက် ၂ဝ၁၄ ခုနှစ် နှစ်ကုန် ပိုင်းလောက်မှာ တင်ဆက်ပေး 
သွားမှာပါ'' ဟု ပြောပြခဲ့သည်။
 
     
No comments:
Post a Comment