အင်္ဂလန်ပရီးမီးယား
လိဂ်ရာသီကန့် လန့်ကာအဖွင့်ပွဲ တွင် မန်ချက်စတာစီးတီးနှင့်
အာဆင်နယ်တို့ယှဉ်ပြိုင်ကစားခဲ့ကြ ပြီး အာဆင်နယ်က သုံးဂိုးပြတ်ဖြင့်
အနိုင်ရရှိကာ ကွန်မြူနတီဖလား ကို ရယူသွားသည်။
ပွဲစပြီး မိနစ် ၂၀ ခန့်တွင် ကာဇိလာက အာဆင်နယ်အ တွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီး နောက်ထပ်မိနစ် ၂၀ ခန့်တွင် ရမ် ဆေးက ဒုတိယဂိုးသွင်းယူခဲ့၍ ပထမပိုင်း၌ အာဆင်နယ်က နှစ်ဂိုးဦးဆောင်နေသည်။
ဒုတိယပိုင်းတွင်လည်း ကစားပုံတိုးတက်မှုမရှိဘဲ မန် စီးတီးမှာ ပွဲချိန် ၆၂ မိနစ်တွင် ဂျီ ရော့ဒ်ကို ဂိုးပေးလိုက်ရသည်။
ယင်းအတွက် အာဆင်နယ် ၏ ရာသီအဖွင့်လှပခဲ့သည်။ ယင်း မတိုင်မီလီဗာပူးက ၎င်းတို့၏ ပရီး မီးယားလိဂ်ဖွင့်ပွဲမတိုင်မီ နောက် ဆုံးခြေစမ်းပွဲ၌ ဂျာမနီမှ ဒေါ့မွန်း ကို လေးဂိုးပြတ်အနိုင်ရရှိခဲ့သည်။
လီဗာပူးအတွက် စတာရစ်၊ လော့ဗ်ရန်ကော်တင်ဟိုနှင့် ဟန် ဒါဆင်တို့က မိနစ် ၆၀ အတွင်း ဂိုး များသွင်းယူပေးခဲ့ပြီး ဧည့်သည် ဒေါ့မွန်မှာ သိက္ခာဆည် ဂိုးပင် မရရှိခဲ့ပေ။

No comments:
Post a Comment