တနင်္ဂနွေနေ့
နံနက်အစောပိုင်း တွင် ထိုင်းနိုင်ငံရှိ အဝတ်အထည် ဆေးဆိုးစက်ရုံတစ်ရုံ၌
ဘွိုင်လာအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံ မှ
အလုပ်သမားအများစုအပါအဝင် စုစုပေါင်း ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအနက်
ငါးဦး ၏အခြေအနေသည် စိုးရိမ်ရသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ ဆမွတ်ပရာခန်
ရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိတစ်ဦး ၏အဆိုအရ ပေါက်ကွဲမှုသည် တနင်္ဂ နွေနေ့
နံနက်၎နာရီ မိနစ်၅ဝခန့်တွင် ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ပေါက်ကွဲမှုဖြစ်
ပွားရာစက်ရုံသည် ဆမွတ်ပရာခန်၏ မောင်းခရိုင်တွင်းမှ တိုင်ဆန်လမ်းပေါ် တွင်
တည်ရှိသည်ဟု သိရသည်။
ထိုစက်ရုံအား
ဝေါင်ပါဆစ်ပုံနှိပ် ကုမ္ပဏီမှ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့်
စက်ရုံအနောက် ဘက်ရှိ သစ်သားအိမ် ၁ဝလုံးပါ မီးလောင် ပျက်စီးခဲ့ရသည်။
ဘွိုင်လာအိုး ပေါက် ကွဲမှုအား မီးသတ်ကားလေးစီးဖြင့် ငြိမ်းသတ်ခဲ့ရပြီး
မီးလောင်ကျွမ်းမှု ကြောင့် ခန့်မှန်းခြေ ဘတ်တစ်သန်း နီးပါးဆုံးရှုံးခဲ့ရသည်။
ရဲတပ်ဖွဲ့က ယခုပေါက်ကွဲမှု သည် ဘွိုင်လာအိုးအတွင်း ရေလုံ လောက်စွာမရှိခြင်းကြောင့်ဟုလည်း သံသယဝင်လျက်ရှိသည်။
”စက်ရုံအတွင်းပိုင်းရှိ
အဆောက် အအုံအတွင်း အလုပ်လုပ်နေစဉ် ပေါက်ကွဲသံတစ်ခုကြားခဲ့ရကြောင်း နှင့်
အပြင်သို့ ထွက်ကြည့်သောအခါ ဘွိုင်လာအိုးကြီးတစ်ခုလဲကျကာ ခေါင်မိုးသို့
မီးကူးစက်နေသည်ကို တွေ့ခဲ့ရသည်ဟု ထိုစက်ရုံမှ အလုပ်
သမားတစ်ဦးကလည်းပြောသည်။

No comments:
Post a Comment