Thursday, August 21, 2014

တူနဲ့ ခေါက်ခ


ကုမ္ပဏီ တခုတွင် ၀န်ထမ်းများ အားလုံးအသုံးပြုနေသော မိန်းဖရိန် ကွန်ပြူတာကြီးမှာ ရပ်သွားလေ၏။

ဝန်ထမ်းများမှလည်း တတ်သလောက် မှတ်သလောက်နှင့် ကွန်ပြူတာကို ပြုပြင်ကြသော်လည်း မည်သို့မှ လုပ်မရ ဖြစ်နေ၏။

သို့နှင့် နောက်ဆုံးတွင် အလွန်ကပ်စေးနဲ သည့် ကုမ္ပဏီ သဌေး ထံတင်ပြပြီး ကျွမ်းကျင်သူ ပညာ ရှင်တဦးကို ခေါ်၍ ပြရလေသည်။

ပညာရှင်သည် ကွန်ပြူတာကိုစစ်ဆေးကြည့်ရှု့ ၏။

ပြီးနောက်.....တူသေးသေးလေး ကိုထုတ်ကာ ကွန်ပြူတာ နေရာ အနှံအပြားကိုလိုက်ခေါက်ရာ.....

.မိနစ်အနည်းငယ်အကြာသော် ကွန်ပြူတာကြီးမှာ ပြန်ကောင်းသွား၏။

ရက်အနည်းငယ်ကြာသော်.....ကျွမ်း
ကျင်သူ ပညာရှင်၏ ငွေတောင်းခံလွှာရောက်လာလေ၏။

ကွန်ပြူတာပြင်ခ........ငွေ သုံးသိန်းကျပ်တောင်းထားခြင်းဖြစ
်၏။

ထိုအခါ ငွေတောင်းခံလွှာကို ဖတ်ရသည့် ကုမ္ပဏီ သဌေး သည်ကွန်ပြူတာ ပညာရှင်နှင့် ချက်ချင်း သွားတွေ့ပြီး...................

" ဒီမှာ မောင်ရင်။ ကွန်ပြူတာပြင်ခ သုံးသိန်းဆိုတာ သိပ်များပါတယ်။ငါ မင်းလုပ်တာအကုန် ရပ်ကြည့်နေတာပါကွ။

ငါးမိနစ်လောက် တူကလေးနဲ့ ဟိုခေါက် ဒီခေါက် လုပ်ပြီး ဒီလောက်မယူသင့်ဖူး.....မင်းရဲ့ ငွေတောင်းခံလွှာကိုပြန်ပြင်ပေးပါ
.."..

ဟုပြောပြီး ဒေါသတကြီးဖြင့် ထွက်သွားလေ၏။

နောက်တနေ့ တွင် ငွေတောင်းခံလွှာ အသစ် ရောက်လာလေရာ အောက်ပါအတိုင်း ဖြစ်သည်။

ကွန်ပြူတာကို တူနဲ့ ခေါက် ခ =၁၀၀၀ ကျပ် ( တစ်ထောင်ကျပ်)

တူနဲ့ ခေါက်ရမည့်နေရာကိုသိသည့်အတွက် ကျသည့် အခ =၂၉၉၀၀၀ကျပ် ( နှစ်သိန်း၉သောင်း၉ထောင်ကျပ်)

စုစုပေါင်း ကျသင့်ငွေ =၃၀၀၀၀၀ကျပ် ( သုံးသိန်းကျပ် )


တိန်....

No comments:

Post a Comment