Sunday, August 10, 2014

စာတော်မှလူရာဝင်လား။

လူဆိုတာ စိတ်အမျိုးမျိုးရှိပါတယ်။ ထို့အတူဝါသနာလဲအမျိုးမျိုးအဖုံအဖုံပါ။ ဒီခေတ်ကြီးမှာကိုယ်ဝါသနာပါတာကိုကိုယ်ပုံဖော်ပြီး အောင်မြင်
ကျော်ကြားတဲ့လူတွေလဲအများမှအများကြီးပါ။ သို့သော်အချို့သူတွေက စာတော်မှ၊ စာတတ်မှ လူရာဝင်တယ်လို့ထင်နေကြပါတယ်။

ဆိုလိုတာကစာမတတ်ရ၊ စာမတော်ရလို့ပြောနေတာမဟုတ်ပါ။ လူတိုင်းစာတတ်သင့်၊ ဖြစ်နိုင်ရင်စာတော်ရင်လဲအကောင်းဆုံးဆိုတာ
သိကြမှာပါ။ သို့ပေမဲ့လောကမှာစာတွေထူးချွန်နေပေမဲ့ ဘာကောင်မှဖြစ်မလာတဲ့သူတွေ၊ ကိုယ်တတ်ထားတဲ့ပညာတွေကိုမဝေမျှချင်တဲ့လူ
တွေ၊ ပညာကိုမကောင်းတဲ့နေရာမှာသုံးတဲ့လူတွေအများကြီးရှိကြပါတယ်။ ကြားဖူးတာတခုက ၂၁ ရာစုမှာဥာဏ်အကောင်းဆုံးလို့
တင်စားခံရတဲ့အိုင်းစတိုင်းဟာသင်ချာဘာသာရပ်မှာချာလှပါတယ်တဲ့၊ Microsoft ပိုင်ရှင်Bill Gates ဟာလဲအတန်းထဲက အတော်ဆုံးလူ
မဟုတ်ခဲ့ပါဘူးဆိုတာတွေပါပဲ။ ဂီတ၀ါသနာပါရင်ဂီတကိုဇွဲရှိရှိနဲ့လုပ်ကိုင်ပါ၊ အခြားနေရာတွေမှာဝါသနာပါရင်လဲကိုယ်ဝါသနာပါတာကို
ထူးချွန်အောင်လုပ်သင့်ပါတယ်။ အရေးကြီးတာကဇွဲ၊ ၀ီရိယရှိဖို့ပါ။ ပြီးတော့ကိုယ်ရဲ့သင်ယူလိုစိတ်ပေါ့။ နိုင်ငံခြား၊ အထူးသဖြင့်အမေရိက
လိုနိုင်ငံတွေမှာသင်ကြားရေးကို Child Center နည်းနဲ့သင်ကြတာပါ။ ပြောချင်တာကတော့ ကလေးတွေရဲ့စိတ်ဝင်စားမှု(concentration)
ကိုပစ်မှတ်လုပ်ပြီးသင်တာပါ။ သူတို့ဆီမှာဂီတကိုဝါသနာပါတဲ့လူတွေ၊ ဂီတမှာheroလိုဖြစ်နေတဲ့လူတွေ ကျောင်းစာမှာတော်လေ့မရှိပါဘူး။
စာတော်တဲ့လူတွေကလဲကျွန်မတို့ဆီမှာလိုစာဂျပိုးတွေမဟုတ်ပါဘူး။ စာမှာမတရားတော်သလို၊ အားကစား၊ ဂီတဆိုတဲ့activites တွေမှာ
ပါဝင်တာကိုတွေ့ရပါတယ်။ သူတို့ကိုကြည့်လိုက်ရင်လဲ စာပိနေတဲ့ပုံတွေလုံးဝမပေါ်စေရဘူး။ သွက်လက်ထက်မြက်နေတာပါ။ သူတို့ဟာ
ဇွဲတော့ရှိတာကိုတွေ့ရပါတယ်။ ဆိုလိုချင်တာက၀ါသနာပါတာကိုဇွဲရှိရှိနဲ့သာလုပ်ဖို့ပါ။ ၀ါသနာပါတိုင်းလဲမပြီးသေးပါဘူး။ ဇွဲရှိရပါတယ်။
သူတို့ဆီမှာPEဆိုတဲ့Pysical Educationကို အချိန်သတ်သတ်ပေးပြီးလုပ်ကြပါတယ်။ ပြီးတော့Cheer leading ဆိုတဲ့မြန်မာအခေါ် ပန်းဖွား
အကလဲရှိပါတယ်။ မြန်မာနိုင်ငံကပန်းဖွားဆိုတာလှရုံသတ်သတ်ကတာပါ။ သူတို့ဆီကCheer leading ကိုကြည့်ဖူးတဲ့သူဆိုသိကြမှာပါ။
ကျွမ်းဘားလိုခုန်ပျံကစားရတာပါ။ ဒီလိုအမေရိကနိုင်ငံကကျောင်း တွေရဲ့ပုံစံကိုHighschool musical, Bring it on လိုမျိုးလူငယ်ကားကြည့်
ဖူးတဲ့လူတွေဆိုသိမှာပါ။ အချို့ပါရမီရှင်တွေဆိုရင် ၀ါသနာပါတာကိုလဲထူးချွန်အောင်လုပ်၊ စာလဲတော်ကြပါတယ်။ သူတို့ဆီမှာ ဟိုယောင်
ဒီယောင်လူတွေမရှိသလောက်ရှားပါတယ်။် ဒီလိုလူတွေအတွက်လဲအမေရိကလိုနိုင်ငံမှာနေရာမရှိပါဘူး။ ပြောချင်တာက လောကမှာ
ကျောင်းစာပဲတော်နေမှ၊ ထူးချွန်နေမှ ဖြစ်မယ်လို့မဆိုလိုပါဘူး။ တကယ့်နိုင်ငံတကာနဲ့ရင်ဘောင်တန်းဖို့ဆိုတာ ကျောင်းစာတော်နေရုံနဲ့မဖြစ်
တော့ဘူးဆိုတာကိုပါ။ စာတော်တာကောင်းပါတယ်။ ဒါပေမဲ့လူတယောက်စာမတော်လို့အထင်မသေးသင့်ဘူးလို့ပြောချင်တာပါ။ ကျွန်မတုန်းကလဲကျောင်းတုန်းကအတော်ကြီးမဟုတ်ပေမဲ့ အမှန်အတိုင်းဝန်ခံရရင်သာမန်ထက်နဲနဲလေးပိုတော်တယ် ဆိုရုံလောက်ပါ။
ကျွန်မထက်တော်တဲ့လူတွေလဲအများမှအများကြီးပါ။ ဒါပေမဲ့တခါတရံစာမေးပွဲရလဒ်တွေကိုကြည့်တဲ့အခါကိုယ့်ထက်ညံ့တယ်လို့ထင်
မိတဲ့သူတွေကိုယ့်ကိုကျော်တတ်သွားတတ်ကြပါတယ်။ ဘယ်သူ့ကိုမှအထင်သေးလို့မရပါဘူး။ လူတယောက်ရဲ့စွမ်းရည်ဟာ ထိုလူရဲ့
စိတ်နဲ့အများကြီးသက်ဆိုင်ပါတယ်။ စာကိုစိတ်ပါဝင်စားတဲ့အချိန်ကျက်တာနဲ့ စိတ်မပါတပါကျက်တဲ့အချိန်မှာတောင် စာကျက်နိုင်စွမ်း
ရည်မတူပါဘူး။ ပြီးတော့ကိုယ်တကယ်ဝါသနာပါရဲ့လားဆိုတာကိုစမ်းစစ်ကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့တခဏ သာယာမှုကိုဝါသနာလို့
ပြောလို့မရပါဘူး။ ဥပမာပေးရရင်ကျွန်မ အနေနဲ့ဝါသနာပါတာကိုပြောကြည့်လို့မေးရင်အရမ်းများပါတယ်။ ဂီတ၊ စာဖတ်၊ ရေကူး၊
စသဖြင့်ပေါ့။ ဒါပေမဲ့ကျွန်မငယ်ငယ်ကတည်းက၀ါသနာပါတာကဂီတပါ။ ဂီတကိုသင်ဖို့ဆိုအခြားပညာတွေကိုသင်ရမှာထက်ပို တက်ကြွ
တတ်တာမျိုး၊ သီချင်းဆိုတာ၊နားထောင်တာ၊ သီချင်းစာသား၊ သံစဉ်အသွားအလာတွေကိုဂရုတစိုက်နားထောင်တတ်တာမျိုးတွေ
ကြောင့်ကျွန်မ ဂီတကိုအခြားဟာတွေထက်ပိုဝါသနာပါတယ်ဆိုတာငြင်းလို့မရပါဘူး။ ဒီလိုပဲကိုယ်ဘာကိုတကယ်ဝါသနာပါလဲဆိုတာကို
စမ်းစစ်ကြည့်ဖို့လိုပါတယ်။ တခုရှိတာကစာတော်တဲ့လူတွေ၊ ထူးချွန်တဲ့လူတွေမှာအခွင့်အရေးတွေပိုရှိတယ်ဆိုတာပါပဲ။ စာတော်တဲ့လူ
တယောက်အနေနဲ့သူလုပ်ချင်ရာလုပ်ခွင့်ရှိပါတယ်။ လောကမှာပိုတော်တဲ့လူတွေကအမြဲတပန်းသာတယ်ဆိုတာကိုလဲမမေ့သင့်ပါဘူး။
ဒါပေမဲ့ဒီခေတ်မှာ စာတော်တဲ့သူရော၊ မတော်တဲ့သူရောဟာကိုယ့်ဝါသနာကိုတောင်ကိုယ်မသိကြပါဘူး။ ဘာလို့လဲဆိုတော့ ဒီပုံစံခွက်
တနည်းအားဖြင့်လူကြီးတွေလုပ်ပေးသလိုပဲအလိုက်သင့်မျောလာကြတော့ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ရမဲ့ကိတ်စမျိုးမှာဒွိဟဖြစ်လာကြ
ပါတယ်။ နိုင်ငံခြားမှာကတော့ ကလေးတွေကိုပါးစပ်နဲ့ဆုံးမတာထက် ကိုယ်တိုင်လက်တွေ့ဆင်းစေပါတယ်။ ဥပမာ.. ရေနွေးအိုးပူလို့
မကိုင်ခိုင်းတဲ့ဟာကိုအတင်းပဲကိုင်ချင်တယ်ဆိုရင်တုတ်တွေဘာတွေ သုံးပြီးမတားမြစ်ဘူး။ ကဲ..ကိုင်လိုက ကိုင်၊ ဆိုပြီးခွင့်ပြုတယ်။
ပြီးမှရေနွေးအိုးပူမှန်းသိတော့မှ အော်..ဒါကြောင့်သူကငါ့ကိုရေနွေးအိုးမကိုင်ခိုင်းတာပါလားဆိုပြီးအသိဝင်တာပါ။ ဒီလိုဆုံးမမှုဟာပါး
စပ်နဲ့ဆုံးမတာထက်တော်တော်တာသွားတာကိုတွေ့ရပါတယ်။ လူတွေဟာကိုယ်တွေ့မှယုံတတ်ကြတာ၊လက်ခံကြတာမို့ experience
ဟာအရေးကြီးပါတယ်။ ပြီးတော့အသက်၁၈နှစ်အရွယ်မှာ အလိုရှိရှိမရှိရှိ ကိုယ့်ခြေပေါ်ကိုယ်ရပ်ရပါတယ်။ ဒါမှဘ၀ကိုသိမှာလေ။
ဒီလိုမျိုးရင့်ကျက်ပြည့်စုံတဲ့လူတွေများစွာရှိလို့အမေရိကနိုင်ငံဆိုတာ အချမ်းသာဆုံး၊ အအောင်မြင်ဆုံးနိုင်ငံဖြစ်နေတာပါ။ ကလေးဘဝ
ကတည်းက သင့်တော်တဲ့နည်းလမ်းတွေနဲ့သင်ကြားပြသမှုတွေကြောင့် အလုပ်လုပ်တဲ့အခါမှာရှုံးနိမ့်မှုတွေ ခံရလဲခံနိုင်ရည်ရှိကြပါတယ်။
ကလေးဘ၀ကတည်းကအတွေ့အကြုံတွေရှိခဲ့တာကိုး။ သူတို့ဆီမှာအနိုင်ကျင့်ခံရရင်တောင် ဘယ်မိဘဆရာကမှတကူးတကလိုက်
မဖြေရှင်းပေးတတ်ကြပါဘူး။ ကိုယ့်ဘာကိုယ်စဉ်းစားဆုံးဖြတ်.. ဒါပါပဲ။ ဒါကြောင့်လောကကို ကိုယ့်ဘ၀ကျဉ်းကျဉ်းလေးထဲကအတွေ့
အကြုံနဲ့ ရင်ဆိုင်လို့မဖြစ်ဘူး၊ နေရာတကာမိဘဆရာတွေကိုချည်းအားကိုးနေလို့မရဘူးဆိုတာကိုသိစေချင်ပါတယ်။ကိုယ့်ငယ်စဉ်ဘဝ
ကစာတော်တဲ့လူတွေပဲအရေးကြီးတယ် ဆိုတဲ့အယူနဲ့နိုင်ငံတကာကိုယှဉ်လို့မရနိုင်ဘူးဆိုတာသဘောပေါက်သင့်ကြပါပြီ။

No comments:

Post a Comment