ဒါဟာ လျှို့ဝှက်ချက် 
သိပေးချင်လာတယ်..။ 
 အဲဒါနဲ့ ဇနီးသည်ရဲ့ ဟန်းဖုန်းကို ယူပြီး သူမဖုန်းထဲမှာရှိတဲ့ အဆက်အဆံရှိတဲ့သူတွေကို 
 “ငါ့မှာ ကိုယ်ဝန်ရှိနေပြီ”လို့ message တွေ ပို့လိုက်သတဲ့..။ 
 သိပ်မကြာပါဘူး ဇနီးရဲ့ အမေက စာပြန်တယ်… “နင့်ယောက်ျားက မြုံနေတာဆို..။ နင့်အရင်ဘဲနဲ့ ပြန်ဆက်သွယ်နေပြန်တာလား.။”
 
 ခဏနေတော့ ခဲအိုကစာပြန်တယ်.. “မင်းဘယ်လို ဖြေရှင်းမယ်စိတ်ကူးလဲ”
 
 ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်က “ငါတို့တွေ မတွေ့တော့တာ ၆လကျော်ပြီနော် ငါ့ခေါင်းပေါ်ပုံဖို့တော့ စိတ်မကူးနဲ့”
 
 လုပ်ဖော်ကိုင်ဖက်က “ဟုတ်ပမလားကွာ..။ ၂ရက်ပဲရှိသေးတာကို”
 
 … သူဌေးက “ငါမင်းကို သိန်း၁၀၀ပေးမယ်… မင်း ခဏလောက် နားနေလိုက်ကွာ”
 
 ဖောက်သည်က “အေးပါကွာ..။ မင်းငါ့ကို မခြောက်ပါနဲ့တော့..။ မနက်ဖြန် ငါ့အိမ် တစ်ခေါက်ထပ်လာခဲ့…ငါ စာချုပ်မှာ လက်မှတ်ထိုးပေးပါ့မယ်..။”
 
 သူစိမ်းတစ်ယောက်က “မင်းကွာရှင်းလိုက်ပါ..။ ငါတို့ ဒီကလေးကို မွေးကြမယ်..”
 
 နောက်သူစိမ်းတစ်ယောက်က “အဲဒီနေ့က မစ္စတာ Z လည်း ပါတာပဲ..။ ငါလို့တော့ မင်းမပြောပါနဲ့…”
 
 နောက်ထပ် သူစိမ်းတစ်ယောက်က “မနောက်ပါနဲ့ကွာ..။ ငါသားကြောဖြတ်ထားတာ ကြာပြီကွ…။”
 
 ကြည့်ရတာ ဇနီးသည်မှာ လျှို့ဝှက်ချက်တွေ တော်တော်များပုံရတယ်..။
 
 ××××××××××××××××××××××××××××××××××××××××××
 
 အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ့ရဲ့ small လေး ဆီကို အလည်သွားပါတယ်။ သူ့ရဲ့ small လေးကလဲ သူ့ကိုတွေ့တိုင်း
 
 Small လေး – “ရှင့်ရဲ့ ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ 
ရှင်ရဲ့ အင်မတန် ခန့်ညားတဲ့ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို့ရမှာ”
 အမျိုးသား – “ငါ့အိမ်က အဖွားကြီးက အဲ့ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါသာ အဲဒီ 
ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ့ ဝေးပြီ။”
 Small လေး – “တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန့်အဟွန့်”
 
 Small လေး ရဲ့ အချွဲကောင်းမူကြောင့် ထိုအမျိုးသားလဲ သူ့ရဲ့ ပသိုင်းမွေး ကို ရိတ်လိုက်ပါတယ်။
 
 အဲဒီည မှာပဲ သူအိမ်ပြန်ပြီး သူက ကျောပေးပြီး အိပ်နေသော သူ့မယားကြီး ခုတင်ပေါ်ကို တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။
 မယားကြီး က ရုတ်တရက် နိုးလာပြီး လှည့်မကြည့်ပဲ သူ့ ရဲ့ မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ
 “အမလေး ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော့မှာနော်” 
 
 ××××××××××××××××××××××××××××××××××××××××××
 
 ဆရာ။ ။ ဂျော့ခ်ျဝါရှင်တန်ဟာ ခွင့်ပြုချက်မရဘဲ သူ့အဖေ သိပ်နှစ်သက်တဲ့
 ချယ်ရီပင်လေးကို ပုဆိန်နဲ့ ခုတ်လှဲပစ်လိုက်တယ်.. ဒါပေမဲ့ သူ့အဖေက
 သူ့ကိုအပြစ်မပေးခဲ့ဘူး.. အဲဒါဘာကြောင့်လဲဆိုတာ ဘယ်သူသိလဲ?
 
 ကျောင်းသား။ ။ သူ့လက်ထဲမှာ ပုဆိန် ကိုင်ထားဆဲဖြစ်လို့ပါဆရာ
 
 
 
 
 
 
 
  
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment