တဒင်္ဂအတွင်းမှာဖြစ်ပေါ်လာတဲ့ ပြင်းပြင်းထန်ထန်စိတ်ခံစားမှု
ဒေါသအိုးကြောင့်နောက် ဆက်တွဲ အကျိုးရ လာဒ်က ပတ်ဝန်းကျင်လှုမှုဘ၀တွေမှာ
ဘယ်လိုမှအစားထိုး လို့ မရနိုင်တဲ့ပျက်စီးဆုံးရှုံးမှုတွေပါပဲ။
ကျွန်တော်တို့ သာမန်လူတွေမှာတော့ နေစဉ် နဲ့အမျှစိတ်ရှုပ်ထွေးမှုတွေ၊
လှုမှုဆက်ဆံရေးလုပ်ငန်းတွေမှာ အဆင် မပြေတဲ့ အခါမျိုး
တွေဖြစ်လာလေ့ရှိတတ်ကြပါတယ်။ အဆိုးဆုံးဖြစ်ကတော့ ဒေါသကို မထိန်း လိုက်နိုင်
ခဲ့လို့ မတော်တဆဖြစ်သွားခဲ့တဲ့အရာတွေပါပဲ။
တောင်အာဖရိက သမီးရည်းစားတို့နှစ်ဦးတစ်ဦးနဲ့ တစ်ဦးစိတ်အခန့်မသင့်
စကားများ ကြရာမှ ကောင်လေးဖြစ်တဲ့ ကွာဇူလူနက်တယ်လ်က ကောင်မလေး လောင်းဝေးလ်
နဲ့ ကောင်မလေးမိ ခင်ဖြစ်သူ တို့ကို ဓားဖြင့်အချက်ပေါင်းများစွာထိုးခဲ့ရာမှ
ချစ်သူကောင်မလေးက နေရာမှာပင်သေဆုံးသွားခဲ့ပါတယ်။
ယင်းနောက် ဇာပနအခမ်းအနားမှာ သူရဲ့ချစ်သူကောင်မလေးနဲ့ ပြန်လည်လက်ထက်
ခွင့်တောင်းခံခဲ့ကာ သူရဲ့စိတ်ဒေါပြင်းထန်ပေါက်ကွဲမှုကြောင့်
ဒီလိုဖြစ်သွားခဲ့ပေမဲ့လည်း သူ့ကောင်မလေးကိုတော့
တကယ်မြတ်မြတ်နိုးနိုးနဲ့ချစ်ခဲ့တာဖြစ်တဲ့ အတွက်လက် ထပ်လိုကြောင်းဆိုပြီး
သူ့ရဲ့ပြစ်မှုကိုဝန်ခံခဲ့ပါတယ်။
ချစ်သူကောင်မလေးရဲ့ ဇာပနအခမ်းအနားမှာ ကွာဇူလူက သူရဲ့ကောင်မလေးအုတ်ဂူ
ရှေ့မှာ သူ့ရဲ့ဒေါသ လက်လွတ်ဖြစ်မှုကြောင့် ဘယ်လိုမှ
အစားထိုးလို့မရနိုင်တဲ့ဆုံးရှုံး မှုကြီးကြောင့် ငိုယိုတောင်းပန်နေကာ
လက်ထပ်ခွင့် လည်းတောင်းနေပါတယ်။ သူ့ရဲ့ အပြစ်တွေကို ပြန်လည်ပေးဆပ်ဖို့တောင်
အခွင့်အရေးမ ရှိတော့ပါဘူး။ ကိုယ်ချစ်တဲ့ သူကို ကိုယ့်လက် နဲ့ပဲ
အသက်ဆုံးရှုံးသွားအောင် လုပ်လိုက်တဲ့တာက တခြားပြစ် မှုတွေ ထက်တောင်
ကြေကွဲဖွယ်ကောင်းပါတယ်။
သူတို့သမီးရည်းစားသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကိုတောင် ဖြတ်ကျော်ခဲ့ပြီးဖြစ်ပါတယ်။
မြို့တော် အီဗ်ကူဗူကီနီရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ကောင်မလေး ဇာပနအခမ်းအနား
မှာ မင်္ဂလာဆောင် သည်ဖြစ်စေ၊ မဆောင်သည်ဖြစ်စေ ညှာတာသောအားဖြင့် ကွာဇူလူ ကို
စောင့်ကြည့်ထား မှာဖြစ်ပြီးတော့ ဇာပနပြီးမှသာ သူ့ကို တရားဥပဒေအရ ဖမ်းဆီး
အပြစ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment