ဂျာမနီ ကလပ် အသင်းကြီး ဖြစ်သည့် ဟမ်းဘာ့ဂ် အသင်းသည် ကိုရင်သီယန် အသင်းတွင်
ကစားနေသည့် ဘရာဇီး ဗဟိုခံစစ် ကစားသမား
ကလဲဘားကို ပြောင်းရွှေ့ကြေး ဖော်ပြမှု မရှိဘဲ စာချုပ်ချုပ်ဆို ခေါ်ယူ လိုက်ပြီ
ဖြစ်ကြောင်း ဘရာဇီး နေ့စဉ် သတင်းစာ တစ်စောင်တွင် ဖော်ပြခဲ့သည်။
အသက် ၂၃ နှစ်အရွယ်ရှိ ကလဲဘားသည် ယခု
ရက်သတ္တပတ်အတွင်း ဟမ်းဘာ့ဂ် အသင်းသို့ ပြောင်းရွှေ့ရောက်ရှိ လာမည်
ဖြစ်သည့်အတွက် သြဂုတ် ၂၁ ရက်တွင် ကစားမည့် ကိုရင်သီယန် အသင်းနှင့် ဂိုအက်စ်
အသင်းတို့၏ ပွဲစဉ်တွင် ပါဝင်နိုင်တော့မည် မဟုတ်ကြောင်း ကလဲဘားက
ပြောကြားခဲ့သည်။
ဂျာမန် ချန်ပီယံဖလားကို
ခြောက်ကြိမ်တိုင်တိုင် ကိုင်မြှောက်ခွင့် ရခဲ့သည့် ဟမ်းဘာ့ဂ် အသင်းသည်
ပြီးခဲ့သည့် ဘွန်ဒက်စ်လီဂါ ရာသီတွင် အဆင့် ၁၆ နေရာတွင်သာ ရပ်တည်
နိုင်ခဲ့သည်။
No comments:
Post a Comment