Sunday, August 24, 2014

ဆတ်သားခြောက်ကြိုက်သူများ ဖတ်ရန်။ "... မန္တလေးတိုင်း ပုလိပ်မြို့ နယ်ထဲက သတင်းလေးတစ်ခုပါ ..."

"... မန္တလေးတိုင်း ပုလိပ်မြို့ နယ်ထဲက သတင်းလေးတစ်ခုပါ ..."
ညဘက်မှာ ဆိုင်ကယ်ဘေးတွဲ နဲ့ ခွေးဖမ်းအဖွဲ့ တွေက မန္တလေးမှာရှိတဲ့ မြို့ နယ်စုံက ခွေးတွေကို လိုက်ဖမ်းပြီး
ပုလိပ်မြို့ က ခြံတစ်ခြံ ထဲမှာ စုပြီး ထည့်ထားပါတယ်။



အဲဒီလိုမျိုး ဖမ်းထားတာတဲ့
ခွေးတွေကို သတ်ပြီး ဆတ်သားခြောက် သော်လည်းကောင်း၊ တရုတ်ပြည်ကို ပို့ ၍ သော်လည်းကောင်း စီးပွားရှာနေတဲ့ သတင်းကို ပြည်သူအများ သိရှိပြီး ဖြစ်ပါလိမ့်မယ်။

ထိုသတင်းဟာ အွန်လိုင်းပေါ် တက်မလာခင်ကတည်းက မန္တလေးမြို့ ခံ တိရစ္ဆာန် ချစ်တတ် သူများထံမှာ ပျံ့ နှံ့ နေခဲ့တာလည်း ကြာခဲ့ပါပြီ။
အခုဆိုလျှင် လမ်းဘေးလေလွင့် ခွေးများကိုသာ မကပဲ ပိုင်ရှင်ရှိ မွေးမြူထားသော ခွေးများအထိကိုပါ လိုက်လံဖမ်းဆီးပြီး ပိုက်ဆံပေး၍ ပြန်လည်ရွေးယူရတဲ့အထိ ခွေးပြန်ပေးဆွဲနည်း ပြုလုပ်လာတဲ့ ထိုအဖွဲ့ ဟာ ပိုမိုအတင့်ရဲကာ
မိုက်ရိုင်းကြီးစိုးလျှက် ရှိလာပါတယ်။

ဒါတွေကို မန္တလေးမြို့ တော်စည်ပင် သို့ မဟုတ် နိုင်ငံတော် အဖွဲ့ အစည်း တစ်ခုခုက လွတ်လပ်စွာ ခွင့်ပြုပေးထား တာလား။ ဒါမှ မဟုတ်ဘူးဆိုရင်တော့ ထိုအဖွဲ့ ကို အုပ်ချုပ်သူ လူတန်းစား အစိုးရ တာဝန်ရှိသူများ အနေဖြင့် ထိရောက်တဲ့ အရေးယူမှုတစ်ခု ပြင်းထန်စွာ လုပ်ဖို့  အချိန်တန်ပါပြီ။

No comments:

Post a Comment