Saturday, August 30, 2014

သချိုင်းမြေပါ သိမ်းတဲ့ကိစ္စ လွှတ်တော်တင်မည်

ကချင်ပြည်နယ် တနိုင်းမြို့နယ် လမုန်ကျေးရွာက ခရစ်ယာန်သချိင်္ုင်းမြေတပိုင်းကို ဒေသအာဏာပိုင်တွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ရောင်းချထားပြီး၊ အခုထိ နေရာအစား မပေးသေးတဲ့အတွက် ဒေသခံတွေအနေနဲ့ နာရေးကိစ္စအတွက် ခရီးကွာလှမ်းတဲ့ တခြားရွာမှာ သွားရောက်မြှုပ်နှံနေကြရပါတယ်။


အဲဒီ ခရစ်ယန်သချိုင်းမြေမှာ ကက်သလစ်သချို င်္င်းနဲ့ တခြားခရစ်ယာန် ဘာသာပေါင်းစုံသချိ င်္င်းအဖြစ် ခွဲခြားထားပြီး၊ တပိုင်းကို ရောင်းထားတာဖြစ်ကြောင်း ကချင်ပြည်နယ် NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဌ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

"ကုမ္ပဏီကို ရောင်းစားထားတယ်၊ သချိုင်းမြေက နှစ်ခြမ်းရှိတယ်၊ တခြမ်းက ကက်သလစ်ဘာသာနဲ့ ဆိုင်တဲ့တခြမ်း၊ လမ်းကတော့ လမ်းမတန်းမှာပဲ၊ အုပ်ချုပ်ရေးပိုင်းက ရောင်းစားထားတာ၊ ရောင်းတာတစ်နှစ်ကျော်သွားပြီ၊ သူတို့လည်း ရောင်းထားမှန်းလည်းမသိဘူး၊ အသုဘရှိလို့ဆိုပြီးတော့ သချိုင်းကိုသွားတဲ့အခါကျတော့ မြှုပ်ထားတဲ့ဟာတွေကို အကုန်လုံးဘူဒိုဇာနဲ့ ထိုးပြီးတော့ အပင်တွေစိုက်ထားတယ်"

ဒီကိစ္စကို အထက်ကိုတင်ပြထားတာ တစ်နှစ်နီးပါးလောက်ရှိပေမဲ့ အခုထိ အကြောင်းတစုံတရာ မထူးခြားတဲ့အတွက် ရှေ့လကျင်းပမယ့် လွှတ်တော်မှာတင်ပြဖို့ စီစဉ်ထားတယ်လို့လည်း ဒေါ်ဘောက်ဂျာက ပြောပါတယ်။




No comments:

Post a Comment