Thursday, August 21, 2014

ရေးမိရေးရာလေးများ


အလုပ်ကိစ္စတစ်ခုနဲ့ ရက်ရှည်ခရီးထွက်ရတော့မယ့် ယောက်ျားလုပ်သူက သူ့မိန်းမကို မှာနေတယ် ...။

"မင်း ဘာဘဲလုပ်လုပ်၊ င့ါ စာကြည့်ခန်းထဲကိုတော့ မဝင်နဲ့"

မိန်းမဆိုတဲ့အမျိုးက ဘယ်ရလိမ့်မလဲ၊ သူ့ယောက်ျားလဲ ထွက်သွားရော စာကြည့်ခန်းထဲ တန်းဝင်ကြည့်တာ။
စာကြည့်စားပွဲအောက်မှာ ဒေါ်လာ ၁ သောင်းနဲ့ အရက်ပုလင်းခွံ ၂ခု တွေ့တယ်။

ဒါနဲ့ ယောက်ျားပြန်လာတော့ မေးတာပေါ့ ...

"ရှင့် စာကြည့်စားပွဲအောက်က အရက်ပုလင်းခွံ ၂ခုက ဘာအဓိပ္ပယ်လဲ"

ဒီတော့ ယောက်ျားက မျက်နှာငယ်လေးနဲ့ ပြန်ဖြေတယ် ...

"တခြား မိန်းမတစ်ယောက်နဲ့ တခါဖောက်ပြန်မိတိုင်း အရက်တစ်ပုလင်း သောက်မိတယ်၊ င့ါကို ခွင့်လွတ်ပါ"

"ရပါတယ်လေ၊ ယောက်ျားဘဲ ၂ကြိမ် ၂ခါလောက်တော့ ကိစ္စမရှိပါဘူး"

ပြီးတော့ မိန်းမက ဆက်မေးတယ်... ...

"ဒါနဲ့ ဒေါ်လာ ၁ သောင်းကရော၊ ဘာလဲ"

ယောက်ျားဖြစ်သူ ပြန်ဖြေလိုက်တဲ့ စကားကြောင့် မိန်းမလဲ ဂစ်ခနဲ တက်သွားပါလေရော...

ယောက်ျားပြန်ဖြေတာက... ...
"အရက်ပုလင်းခွံ ပြန်ရောင်းထားတာ"... တဲ့။

တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ...........................

No comments:

Post a Comment