၂ဝ၁၁ 
ခုနှစ်မှစတင်၍ ဖခင်၏ လက်တွဲခေါ်ယူမှုဖြင့် အနုပညာ လောကထဲသို့ ခြေချ ဝင်ရောက် 
လာခဲ့သည့် သရုပ်ဆောင် ထိုက်စံမော့စ်သည် သူလျှောက်လှမ်းမည့် အနုပညာ 
လမ်းခရီးတွင်  ဖခင်
ဆုံးမခဲ့သည့်အတိုင်း ရိုးသားကြိုးစားစွာ 
လျှောက်လှမ်းသွားမည်ဖြစ်ကာ ဖေဖေ ဦးမော့စ်၏သား တစ်ယောက် အနေဖြင့် ဘယ်လို 
အခက်အခဲ မျိုးကြုံကြုံ အောင်မြင်အောင် ကြိုးစား သွား မည် ဖြစ်ကြောင်း 
ယခုလို ပြောပြခဲ့သည်။
''ဖေဖေက ကျွန်တော့်ကို အနုပညာ လောကထဲ 
ဝင်မယ် ဆိုကတည်းက အမြဲသတိ ပေးတဲ့ စကားက ရိုးသားကြိုးစားဖို့၊ ဇွဲ၊ 
လုံ့လဝီရိယနဲ့ ဘာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင် အောင်မြင်အောင် လုပ်ဖို့နဲ့ 
နောက် မဆုတ်ဘဲ ကြိုးစားဖို့တွေကို အမြဲပြောပြတယ်။ ကျွန်တော်ရဲ့ ခံယူချက် 
ကလည်း ဖေဖေနဲ့ တစ်ထပ်တည်းကျပါတယ်။ ကျွန်တော်လုပ်ချင်တဲ့ ဆန္ဒရော၊ ဖေဖေရဲ့ 
သားတစ်ယောက် အနေနဲ့ရော ကျွန်တော် အောင်မြင်အောင် ကြိုးစားမယ်။ နောက်ဆုတ် 
ဖို့လည်း စိတ်ကူးမရှိပါဘူး။ ပြီးတော့ ငွေနောက်ကို လိုက်တဲ့ 
သရုပ်ဆောင်မဖြစ်အောင်၊ အောင်မြင် မှုရဲ့ နောက်မှာ ငွေကကပ်ပါလာတယ်လေ။ 
ဒါကြောင့် ကျွန်တော့်အနေနဲ့ ငွေနောက်ကို မလိုက်ဘဲ အောင်မြင်မှုကို 
ရအောင်ကြိုးစား သွားမှာပါ'' ဟု ၎င်းက ပြောပြ ခဲ့သည်။
ဆက်လက်၍  ဖခင်၏ အောင်မြင်ခဲ့သည့် 
ဇာတ်ကားများ ပြန်ရိုက် သွားရန် ပြန်လည်လေ့လာ နေကြောင်းနှင့် လတ်တလော အနုပညာ
 လှုပ်ရှားမှု များကိုလည်း ''ကျွန်တော့်ဖေဖေ အောင်မြင်ခဲ့ တဲ့ ဇာတ်ကားတွေကို 
ပြန်ရိုက်သွားဖို့ အစီအစဉ် ရှိပါတယ်။ ဒါပေမဲ့           ကျွန်တော့် ဘက်က  
ပြန်လည် လေ့လာ နေတာကြောင့် အချိန်ယူ နေတာပါ။ ရိုက်သွားဖို့ တော့ အစီအစဉ်တွေ
 ရှိပါတယ်။ ဖေဖေနဲ့ ပတ်သက်ပြီး ဖေဖေရဲ့ ပရိသတ်တွေ အမြဲတမ်း သတိရနေဖို့  
ဖေဖေရဲ့ နာမည်လေးတွေနဲ့ ပရဟိတ အလုပ်လေး တွေကိုလည်း လုပ်သွားဖို့ ရှိပါတယ်။ 
ကျွန်တော့် အနေနဲ့လည်း ကျွန်တော်နဲ့ လိုက်တဲ့ ဇာတ်ကား လေးတွေရော၊ ပရိသတ် 
တောင်းဆိုတဲ့ ဇာတ်ကားမျိုးတွေရော ကျွန်တော် ရိုက်ကူး သွားမှာပါ'' ဟု ပြောပြ
 ခဲ့သည်။
 
 
     
No comments:
Post a Comment