Tuesday, August 26, 2014

တစ်ရံတစ်ခါက…. တစ်ချို့


တစ်ချို့က ရူး၊တစ်ချို့က မြူး…
ထူး၊ ဗူး စုံတဲ့ ဘဝ…၊

တစ်ခါတစ်လေ.. ဆဲ.၊ တစ်ခါတစ်လေ… ကွဲ…၊
သြော်..တွဲလဲ တစ်ပြုံ တစ်မ…။

တစ်ခါတစ်ရံ လှ…၊ တစ်ခါတစ်ရံ ရွ…၊
ထကြွ… မြင်ရတာက ရင်တစစ။


ပြောကြ၊ ဆိုကြ၊ ကဲကြ သည်းကြ
အင်း…ခက်တာက ဒါလူ့သဘာဝ။

တစ်ချို့က …. မဟုတ်တာတွေကို အဟုတ်လို့ထင်…၊
တစ်ခါတစ်လေမှာ… ရမ်းသမ်းပြီး ဟုတ်သွားကြ…၊

တစ်ခါတစ်ရံ….. မ ဘက် လိုက်ပြီး မိုက်တယ်…၊
တစ်ချို့က… ဒါကိုဘဲ ဂုဏ် ယူစရာလို့ထင်တယ်…။

ကျည်ဆန်တွေအစား… ကြယ်စင်တွေ လင်းရင်ကောင်းမယ်..။
တစ်ခါတစ်ရံ…ဒီလိုလေးတွေးမိတယ်…၊

ချစ်လက်စ သူတွေလည်း ဆက်ချစ်နိုင်ပါစေ…၊
မချစ်တတ်သေးသူတွေလည်း ချစ်တတ်လာနိုင်ပါစေ…၊
ဒါပမယ့်…. မဟုတ်တာတွေကို ချစ်ကြခြင်းမှလည်း လွဲပါစေ..၊

တစ်ခါတစ်ရံမှ…. တစ်ချို့တစ်လေက…
ရင်ဘတ်ထဲက မလာတဲ့ စကားတွေကို ဆိုကြတယ်..၊

တစ်ခါတစ်လေမှ… တစ်ချို့တစ်လေက
ပြက်ရယ်ပြု ကြတယ်… ဖုံးကွယ်ပစ် ကြတယ်…။

တစ်ခါတစ်ရံက တစ်ချို့တစ်လေကို လွမ်းရင်းဖြင့်သာ
………………….ဆည်းဆာ……………………..


No comments:

Post a Comment