အဆင့်မြင့် စမတ်ဖုန်းတစ်လုံး သင့် လက်ထဲရောက်ရှိလာပါက မည်သည့်အ ရာကို သင်အရင်ဆုံး စမ်းသပ်မည်နည်း။
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင်ပင် စမတ် ဖုန်းတစ်လုံး၏ ကောင်းမွန်မှု၊
စွမ်းဆောင် ရည်မည်မျှမြင့်မားသည်ကို ကင်မရာအရည် အသွေးဖြင့်
တိုင်းတာနေကြဆဲဖြစ်သည်။ မည်မျှဝေးနေစေကာမူ ခလုတ်တစ်ချက် နှိပ်ရုံဖြင့်
ကြည်လင်ပြတ်သားသည့်မြင် ကွင်းနှင့် မြင်တွေ့စေရမည်။
သင်တို့၏လှုပ်ရှားမှုတိုင်း၊ လုပ်ဆောင်မှုတိုင်းကို မှတ်တမ်း
တင်ထားကြပါစို့ဟူသည့် ဆောင် ပုဒ်များက စမတ်ဖုန်းကြော်ငြာတိုင်းလိုလို ၏
အသက်ဖြစ်လာသည်ကို မြင်တွေ့ဖူး ကြပါလိမ့်မည်။
သို့သော် ထိုနည်းပညာ မြင့်မားတိုး တက်လာမှု၏နောက်ကွယ်တွင် ခြိမ်းခြောက်
လာသည့်အန္တရာယ်တစ်ခု ရှိလာသည်ကို လည်း လူတို့သတိပြုမိရန် လိုအပ်လာ ပြီ
ဖြစ်သည်။
စမတ်ဖုန်းအတွင်းရှိ ကင်မရာခလုတ် တစ်ချိတ်နှိပ်လိုက်ရုံဖြင့်
မိမိတို့လှုပ်ရှား သွားလာမှုများသည် ကိုယ်တိုင်မသိရှိလိုက် ခင်မှာပင်
အခြားသူ၏ မှတ်တမ်းတင်ထား ခြင်း ကို ခံလိုက်ရနိုင်သည်ဆိုခြင်းပင် ဖြစ် သည်။
နေ့လယ်ခင်းမို့ ထမင်းဆိုင်တွင် လူက ကြိတ်ကြိတ်တိုးစည်ကားနေသည်။ အသက် ၂၄
နှစ်ခန့်ရှိ မထက်ထက်က ထမင်းကို အမျိုးသမီးသူငယ်ချင်းများနှင့် စကားပြော
ရင်းစားနေသည်မို့ ဘေးဘီဝဲ ယာ ဂရုမပြုမိ။ သို့သော် သူမကို မျက်နှာ
ချင်းဆိုင်ရှေ့ဝိုင်းမှ အမျိုးသားတစ်သိုက် စူးစိုက်ကြည့်နေသည်ဟု
ခံစားမိလာသည် ဟုဆိုသည်။ ထို့ကြောင့် မော့ကြည့်ချိန်တွင် ထိုသူတို့က လက်ထဲမှ
မိုဘိုင်းဖုန်းဖြင့် သူမဓာတ်ပုံကို ချိန်ရွယ်ရိုက်ကူးနေသည် ကို
သူသိလိုက်သည်။
”ငါဝတ်စားထားတာများ ရိုင်းနေလို့ လား။ ဘာများ မတော်တရော်ဖြစ်နေလို့လဲ
ဆိုပြီး ကိုယ့်ပုံကိုယ်ပြန်ကြည့်တော့လည်း အဲ့ဒီနေ့က မြန်မာရင်ဖုံးကိုမှ
ရင်စေ့အတိ ဝတ် ထားတာပါ။ နှာဗူးထစရာရှားလို့။ ထမင်းမစားဘဲ
ငါးမိနစ်လောက်စိုက်ကြည့် ပေးလိုက်တော့မှ ဟိုလိုလို ဒီလိုလိုနဲ့ ဖုန်း ကို
သိမ်းသွားတယ်”ဟု မထက်ထက်က သူမတွေ့ ကြုံခဲ့ရပုံများအတွင်းမှ ကိစ္စတစ်ခု ကို
ပြန်ပြောင်းပြောပြခြင်းဖြစ်သည်။
သို့သော် ထိုတစ်ကြိမ်က သူ့အတွက် ပထမဆုံးတော့မဟုတ်။ သုံးလေးငါးကြိမ် မက
ဖုန်းဖြင့် ဓာတ်ပုံခိုးရိုက်ရန် ခံရဖူးပြီး ထိုအကြိမ်များကလည်း
သူနှင့်အတူပါလာ သည့် သူငယ်ချင်းများမြင်၍သာ ယခုအ ချိန်ထိ ဓာတ်ပုံများ
အွန်လိုင်းပေါ်တွင်ပျံ့နှံ့မသွားခြင်းဖြစ်သည်ဟု သူက ဆို သည်။
ဘတ်(စ်)ကား၊ ကော်ဖီဆိုင်နှင့်လမ်း ဘေးလက်ဖက်ရည်ဆိုင်များတွင် ထိုင်နေ
ရင်းနှင့်ပင် ဓာတ်ပုံခိုးရိုက်ခံရခြင်းက ခဏ ခဏ ဖြစ်လာသည်ဟုလည်း သိရသည်။
တန်ဖိုးနည်းမိုဘိုင်းဖုန်းများ ထွက်ပေါ်လာ ခြင်းအပြင်
ဈေးနှုန်းသင့်စမတ်ဖုန်းများ ဈေးကွက်အတွင်း ပေါပေါများများ ဝင်
ရောက်လာခြင်း၏ နောက်ဆက်တွဲဖြစ်နိုင် သည်ဟု လည်း သူက သုံးသပ်သည်။
”လူများနေတဲ့ ဘတ်စ်ကားပေါ်မှာ တောင် ရူးကြောင်မူးကြောင်လိုစတိုင်မျိုးနဲ့
အကောင်တစ်ကောင်က ဓာတ်ပုံလာ ရိုက်ဖူးတယ်။ စကားမများချင်တာနဲ့ မျက် နှာလွှဲနေ
လိုက်တယ်။ အဲ့ဒါက ကိုယ်မြင် လိုက်လို့လေ။ မမြင်လိုက်ဘဲ အဲ့ဒီလို ခိုး
ရိုက်နေတဲ့သူတွေဘယ်လောက်များများ လိုက်မလဲ”ဟု မထက်ထက်က မေးခွန်း
ထုတ်လိုက်သည်။
သာမန်အဆင့် စမတ်ဖုန်းတစ်လုံး၏ ဓာတ်ပုံရိုက်ကူးနိုင်စွမ်းအားသည်ပင်လျှင် ၃.၅
ရှိသည့်အတွက် မလှမ်းမကမ်းမှပုံရိပ် များဆိုပါကသဲကွဲစွာမြင်နိုင်သည်။
ထို့ပြင် တရုတ်နိုင်ငံထုတ် အလယ်အလတ်စမတ် ဖုန်းအမျိုးအစားများစွာက
ပြည်တွင်းဈေးကွက်အတွင်း အများအပြားဝင်ရောက်လာ ခြင်းက လူတန်းစားမျိုးစုံ
မိုဘိုင်းဖုန်းများ ဝယ် ယူသုံးစွဲနိုင်ရန် အခွင့်အရေးတစ်ရပ်
ဟုဆိုနိုင်သော်လည်း အကောင်းဘက်တွင် မဟုတ်ဘဲ တလွဲသုံးလာသည့် လူများအ ကြား
မိုဘိုင်းဖုန်းဟူသည်မှာ ဂရုပြုရှောင် ရှားလာ ရသည့် နည်းပညာလက်နက်တစ်ခု
ဖြစ်လာသည်ဟု ဆိုရမည်ဖြစ်သည်။
အမှန်တကယ်ပင် ထိုကဲ့သို့ဖုန်းကင် မရာဖြင့် ချောင်းအရိုက်ခံရသည့်အမျိုး
သမီးငယ်တို့၏ ဓာတ်ပုံများက လူသုံးများ သည့် လူမှုကွန်ရက်ဆိုက်ဖြစ်သည့် ဖေ့စ်
ဘွတ်ခ် တွင်ပျံ့နှံ့လျက်ရှိနေသည်။ အမည် နာမ အမျိုးမျိုးမှည့်ခေါ်ထားကြသည့်
စာမျက်နှာများထက်တွင် အမျိုးသမီးငယ်တို့ ၏ ပုံစံအမျိုးမျိုးနှင့်
ဓာတ်ပုံများကို တင် လာကြသည်။ ထိုဓာတ်ပုံပိုင်ရှင်များကမူ
ထိုစာမျက်နှာများပေါ်တွင် ၄င်းတို့၏ဓာတ် ပုံများ ပလူပျံနေသည်ကို
သိရှိမှုနည်းတတ် ကြသည်။
”ဖုန်းကင်မရာတစ်ချက်က အန္တ ရာယ် ရှိလာတဲ့အနေအထားတစ်ခုဖြစ်လာ တယ်”ဟု
မိုဘိုင်းဖုန်းအရောင်းဆိုင်ကြီးတစ် ခုဖြစ်သည့် လူကြီးမင်းဆိုင်မှ အထွေထွေ
မန်နေဂျာ ဒေါ်ဇာခြည်က သုံးသပ်သည်။
မိုဘိုင်းစမတ်ဖုန်းများ နိစ္စဓူဝရောင်း ဝယ်နေကြရသည့် ဆိုင်များဖြစ်သည့်အ
တွက် လူတို့၏ အသုံးပြုလိုမှု ဝယ်လိုအား များလာသည်ကို ကောင်းစွာသိသည်ဟု
လည်းဆို သည်။ ဝယ်ယူသူအများစုက အင်တာနက်အသုံးပြုရာတွင် ကောင်းမွန်
ရန်နှင့်ကင်မရာရိုက်ကူးရာတွင် ရုပ်ထွက် ကောင်းမွန်ရန်ကို ဦးစားပေး လာကြသည်
ဟုလည်း သိရသည်။
ယခုနောက်ပိုင်းတွင် လူငယ်များက သာမက လူလတ်ပိုင်းနှင့် သက်ကြီးပိုင်း
များကပါ စမတ်ဖုန်း ကောင်းကောင်းများ ကို သုံးစွဲရန် ဆန္ဒရှိလာကြသည်။ ထိုအ
ချက်က နည်းပညာနှင့်အလှမ်းဝေးနေသည့် မြန်မာနိုင်ငံအတွက် အကောင်းဘက်သို့
ဦးတည်လာသည့် အနေအထားဖြစ်သည် ဟု တစ်ဖက်ကဆိုနိုင်သော်လည်း ထို အခြေအေ နနှင့်
တစ်ဆက်တည်းပါလာ သည်က စမတ်ဖုန်းကင်မရာများ၏ တိတ် တဆိတ်အန္တရာယ်ဖြစ်သည်။
”လှတယ်ဆိုတဲ့ကောင်မလေးတွေ မြင်ရင် ဖုန်းနဲ့ ဓာတ်ပုံရိုက်ပစ်လိုက်တာပဲ။
လွယ်တာကိုဗျာ။ ဖုန်းထဲကနေ ခိုးရိုက်ရ တာ ခက်တာမှမဟုတ်တာ”ဟု ကျောက် တံတား
မြို့နယ်တွင် နေထိုင်နေသည့် အ သက် ၂၈ နှစ်အရွယ်ရှိ ကိုဇေယျာက ၄င်း၏
မိုဘိုင်းဖုန်းအသုံးပြုရင်းဓာတ်ပုံ ရိုက်သည်က လုပ်လေ့လုပ်ထရှိသည့် ကိစ္စ
တစ်ရပ်ဖြစ် သည်ဟုပြောသည်။ သို့သော် ထိုဓာတ်ပုံများက အခြားသောနေရာများ သို့
ပျံ့နှံ့လို၍မဟုတ်ဘဲ သူငယ်ချင်းများ နှင့်တွေ့ဆုံစဉ်သော်လည်းကောင်း၊ မိမိ
ကိုယ်တိုင် အမှတ် တရအနေနှင့် သိမ်း ဆည်းထားလို၍သော်လည်းကောင်း ရိုက်
ကူးမှုဖြစ်သည်ဟု ထပ်လောင်းပြောပြ သည်။
လူငယ်သဘာဝမို့ လှသည့်မိန်းက လေးများမြင်လျှင် ဖုန်းဖြင့် ဓာတ်ပုံရိုက်ကူး
မိသည်ဆိုသော်လည်း ထိုအမျိုးသမီး၏ ပုံများကို တစ်ပတ်ဆယ်ရက်ပင် ဖုန်းထဲ တွင်မ
ထားဖြစ်ကြောင်း ကိုဇေယျာက ဆို သည်။ တစ်ဖက်လူမသိရှိဘဲ ဓာတ်ပုံခိုး
ရိုက်ခြင်းက ကောင်းသည့်အလုပ် မဟုတ် သည်ကို သူသိကြောင်းလည်း ဆိုသည်။
”ဖုန်းတွေခေတ်စားလာမှန်းတော့ သိတာပေါ့ဗျာ။ ဒါပေမဲ့ ကိုယ်ကြည့်ရုံ
လောက်ရိုက်တာက သိပ်မသိသာပေမယ့် ဟိုဆိုက်ဒီဆိုက်တွေပေါ်ကို ကာယကံရှင်
မသိဘဲတင် လိုက်မယ်ဆိုရင်တော့ နှမချင်း ကိုယ်ချင်းစာပါလို့ပဲ
ကျွန်တော်ပြောချင် တယ်”
လူငယ်တစ်ဦးဖြစ်သည့် ကိုဇေယျာ ၏ မှတ်ချက်စကားတစ်ခွန်းသာဖြစ်သည်။
စမတ်ဖုန်းကင်မရာကို အသုံးပြု၍ ဓာတ်ပုံရိုက်ကာ သူငယ်ချင်းများအကြား ပြသသည့်
ခေတ်အပြင် ယနေ့ခေတ်တွင် လူမှုကွန်ရက်မီဒီယာဟု ခေါ်ဆိုကြသည့် ဖေ့စ်
ဘွတ်ခ်ပေါ်သို့ တိုက်ရိုက်တင်သည့်စနစ် ကို လူများစွာက ပိုမိုနှစ်သက်လာကြသည်။
ဖုန်းဖြင့်ရိုက်နှိပ်ထားသည့် ကိုယ်ပိုင် ဓာတ်ပုံအမျိုးမျိုးကိုသာမက မည်သည့်
နေရာသို့သွားမည်၊ မည်သူနှင့်တွေ့ဆုံမည်၊
မည်သည့်ခံစားချက်မျိုးဖြစ်နေသည်ကိုပါ တွဲဖက် တင်ရသည်က ခေတ်စားလာသည့်
အခြေအနေတစ်ခုဖြစ်လာသည်။
ကိုယ်တိုင်ကိုယ်ကျ ခလုတ်နှိပ်ရိုက် ကူးထားသည့်ဓာတ်ပုံများက ကိုယ်ပိုင်စာ
မျက်နှာပေါ်တက်သွားသည်က ကိစ္စမဟုတ် သော်လည်း မိမိပင်မသိလိုက်သည့်အနေ အထားတွင်
ဓာတ်ပုံများက မတော်တရော် အမည်နာမဖြင့် ဖွင့်လှစ်ထားသည့် လူမှု
ကွန်ရက်စာမျက်နှာများပေါ်တွင် ရောက် ရှိသွားပါက မည်ကဲ့သို့ပြုလုပ်ကြမည်နည်း။
စဉ်းစားရန်သင့်သည့် အနေအထားတစ်ခု ဖြစ်လာပြီဟု ဆိုရမည်ဖြစ်သည်။
ကင်မရာခလုတ်နှိပ်သူကသာ ဓာတ် ပုံကို ပိုင်ဆိုင်မှုရှိသည်ဟူသော စကားက
လူငယ်များကြားတွင် အမျိုးသမီးပုံများ ခိုး ရိုက်ရာ၌
အမျိုးသမီးမှသိရှိသွားလျှင် အသုံးများ လာသည့် လက်သုံးစကားဖြစ်လာ သည်ဟု အသက်
၂ဝ မှ ၃ဝ နှစ်ကြား အမျိုးသားအချို့ထံမှ သိရသည်။
ထိုသို့ ဖုန်းကင်မရာဖြင့် ဓာတ်ပုံရိုက် ခြင်းသည် ရိုက်ကူးသူ၏
ကိုယ်ပိုင်လွတ် လပ်ခွင့်သာဖြစ်သည်ဟု ယူဆထားကြပြီး အမျိုးသမီးတို့၏
ဝတ်စားဆင်ယင်ပုံများ၊ လူမြင် ကွင်းတွင် မဖွယ်မရာပြုလုပ်နေသူ
များကိုမြင်တွေ့ရပါက လူအများကို အသိ ပေးပြသလိုသည့် သဘောဖြင့်ရိုက်ကူးခြင်း
သာဖြစ်သည်ဟု ပြောဆိုကြသည်။
ထို့သို့ဆိုပါလျှင် အချို့သော အမျိုး ကောင်းသမီးများ၏ဓာတ်ပုံများက လိင်
ပိုင်းဆိုင်ရာအသားပေးထားသည့် လူမှုစာ မျက်နှာများပေါ်သို့ မည်သည့်အတွက်
ကြောင့် ရောက် ရှိနေရပါသနည်း။
ဘာသာရေးဆိုင်ရာ အဓိကရုဏ်း ပြဿနာများနှင့်ပတ်သက်၍ ကိုယ်ပိုင်
ထင်မြင်ယူဆချက်ကို အွန်လိုင်းစာမျက်နှာ တွင် ရေးသားမိ၍ ဓာတ်ပုံများနှင့်တကွ
လိင်ပိုင်းဆိုင်ရာ စာမျက်နှာများတွင် မကောင်းသော အမျိုးသမီးအဖြစ်ရေးသား
ဖော်ပြခံခဲ့ရသည်ဟုမသီရိက ၂ဝ၁၃ ခု နှစ် နှစ်လယ်ပိုင်း အဖြစ်အပျက်တစ်ခုကို
ပြန်ပြောင်းပြောပြသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာများနှင့်စပ်လျဉ်း၍ ဖျန်ဖြေသည့်
စကားများကိုရေးသားမိခဲ့ခြင်းကြောင့် မျိုး ချစ်ဟုအမည်တပ်ထားသော
ပုဂ္ဂိုလ်များ ၏ နှိပ်ကွပ်မှုဒဏ် ကိုခံစားခဲ့ရသည်ဟု ၄င်းက သူမ၏
ကိုယ်တွေ့အဖြစ်အကြောင်း ကိုဆိုသည်။
ဓာတ်ပုံနှင့်တကွ မိန်းမပျက်ဟု လူ အများသုံးစွဲနေသည့် လူမှုကွန်ရက်စာ
မျက်နှာပေါ်တွင် အတင်ခံရခြင်းက ခံ ပျင်းစရာကောင်းသည်ဟုလည်း ဆိုသည်။
သို့သော်သူငယ် ချင်းများနှင့် သူမ၏ ချစ် သူက ထိုအကောင့်များကို ပိတ်ပစ်ရန်အ
တွက် ဖေ့စ်ဘွတ်ခ်သို့ ရီပို့ပေးပို့ခဲ့သည်ဟု လည်းသိရသည်။
သို့သော် အချိန်ကြာသည်အထိ သူမ ဓာတ်ပုံနှင့်တကွ ထိုသို့သောစာများကို စာ
မျက်နှာပေါင်းစုံတွင် တွေ့နေရဆဲဖြစ်ပြီး သူမ မဟုတ်မှန်သည်ကို ပတ်ဝန်းကျင်က
သိရှိ ပြီးဖြစ်သည့်အတွက် အွန်လိုင်းပေါ် တွင် ပြောဆိုခံနေရခြင်းကို
မမှုတော့ဟု မသီရိက ပြောသည်။
”သူတို့က ကျွန်မကို တခြားလူမျိုး ခြားရဲ့ မယားငယ်ဘာညာဆိုပြီး မိုက်မိုက်
ရိုင်းရိုင်းကို ရေးထားကြတာ။ သူတို့မသိ သေးတာက ကျွန်မကိုယ်တိုင်က ဗုဒ္ဓဘာ
သာစစ်စစ် နောက်ပြီး ရခိုင်လူမျိုး စစ်စစ် တစ်ယောက်ဆိုတာပါပဲ”
မသီရိ၏ အဖြစ်ကဲ့သို့ ခံစားရသည့် အမျိုးသမီးများ မည်မျှရှိနေမည်ကိုမူ တိ
ကျစွာမပြောနိုင်သော်လည်း ထိုကဲ့သို့ ပြု လုပ်ခံရသည့် အမျိုးသမီးတိုင်း၏
စိတ်အ တွင်းခံစား ချက်ကမူ တူညီသည့်အနေအထား တစ်ခုရှိနေနိုင်သည်။
”ဘာရန်ငြိုးရန်စမှ မရှိပါဘဲ ဒါမျိုး လုပ်တာက ပုဂ္ဂိုလ်ရေးအရစော်ကားတာ
လို့မြင်တယ်။ ဒါက လူ့ကျင့်ဝတ်မရှိတာလို့ ပဲ ထင်တယ်”ဟု မသီရိက
ပြင်းထန်စွာမှတ် ချက်ပေး သည်။
ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည့် မဇင်ဇင်(အမည်လွှဲ)ကမူ သူမနှင့် တစ်ရုံး
တည်းလုပ်ကိုင်နေသည့် အမျိုးသားတစ်ဦး က သူမ၏ဓာတ်ပုံကို ခိုးယူ၍
ရုံးရှိအခြား အမျိုး သားတစ်ဦး၏ အကောင့်တွင် တင် ကာ လူမှုရေးအကြောင်းအရာများ
ရေးသားတင်ထားခဲ့ဖူးသည်ဟု ဆိုသည်။
ထို့နောက် မည်သူလုပ်ကိုင်သည် သိရှိလို၍ နည်းပညာကျွမ်းကျင်သူများမှ တစ်ဆင့်
အကောင့်ကို ခြေရာခံလိုက်ရင်းမှ ရုံးတွင်းလိပ်စာနှင့်ဖြစ်နေသည်ကို သိရှိခဲ့
ရပြီး ၄င်းအမျိုးသားက ပုဂ္ဂိုလ်ရေးအရ မုန်းတီးနေမှုအပေါ်အခြေခံကာ ပြုလုပ်ခဲ့
ခြင်းဖြစ်ကြောင်းသိရသည်ဟုဆိုသည်။ ထို့ကြောင့် အလုပ်ထုတ်ခံရသည်အထိ
ဖြစ်ပွားခဲ့ရခြင်း အပေါ် ဝန်ထမ်းအချင်း ချင်းအနေနှင့် စိတ်မကောင်းဖြစ်မိသော်
လည်း ထိုကဲ့သို့ အများသူငါသုံးစွဲနေသည့် လူမှုကွန်ရက်ပေါ်တွင်
စွပ်စွဲရေးသားခြင်း ကိုမူ လုံးဝမနှစ်မြို့ ကြောင်း ဆိုသည်။
”သူအဲ့ဒီလိုတင်လိုက်တာက ပိုင်ရှင် အထိပါသိသွားပြီး ဘာမှမဟုတ်တဲ့ကိစ္စ
တစ်ခုကို ဖြေရှင်းပြရတဲ့ အထိဖြစ်သွား တယ်။ တကယ်ဆို မကျေနပ်တာရှိရင် တောင်
အဲ့ဒီလိုမျိုးတော့မလုပ်သင့်ဘူးလေ။ တစ်ဖက်ကမိန်းကလေး ဘယ်လောက်
ထိနစ်နာသွားမယ်ဆိုတာ သူ မစဉ်းစားမိ တာကို အံ့သြတယ်”ဟုပုဂ္ဂိုလ်ရေးမကျေ
နပ်မှုကို နည်းပညာအသုံးပြု၍ ဖြေရှင်းလို လာကြသည့် လူအချို့နှင့်ပတ်သက်၍ မှင်
သက်မိခြင်းဖြစ်သည်ကို မဇင်ဇင်က ဆို သည်။
စမတ်ဖုန်းသည် ကိုယ်တွေ့ဖြစ်ရပ် များကို ရုတ်ချည်းမှတ်တမ်းတင်ရန်အ တွက်
အထောက်အကူပေးနိုင်သည့်ခေတ် မီပစ္စည်းတစ်မျိုးဖြစ်သည်။ မိမိပတ်ဝန်း ကျင်တွင်
ရုတ်တရက်တွေ့မြင်ရသည့်အံ့သြ ဖွယ်ရာများ၊ စိတ်လှုပ်ရှားဖွယ်ရာများ၊
ဝမ်းနည်းဖွယ်ရာများ အပါအဝင် ရယ်ရွှင် ဖွယ်ရာများ၊ ထူးခြားဖွယ်ရာများကို မှတ်
တမ်းတင်ရန် ခလုတ်တစ်ချက်နှိပ်ရုံဖြင့်သိမ်း ဆည်းပေးထားနိုင်မည့်
အနေအထားတစ် ခုဖြစ်လာသည့် စမတ်ဖုန်း၏ လုပ်ဆောင် မှုများက ထိုမျှမကဘဲ
ကျော်လွန်လာသည်။
အချင်းချင်းနောက်ပြောင်လို၍ဖြစ်စေ၊ ကိုယ်တိုင်တွေ့ရှိခဲ့ရမှုများကို မိမိ
ပတ်ဝန်းကျင်သို့ ချပြလို၍ဖြစ်စေ ဓာတ်ပုံ ရိုက်မှတ်တမ်းတင်လာကြရုံသာမက မျက်
စိဖြင့်တွေ့မြ င်နေရသည့် မည်သည့်အဖြစ် အပျက်ကိုမဆို ဓာတ်ပုံရိုက်ကာ
ပြသရန်စိတ်ဝင်တစားရှိလာကြသည်။
သို့သော် ထိုအခြင်းအရာက တစ်ဖက် လူ၏ဂုဏ်သိက္ခာအပေါ် ထိခိုက်မှု မည်မျှ
ရှိနိုင်ပြီး အသရေဖျက်မှု မြောက်နိုင်သည် ကိုမူ မေ့လျော့နေတတ်ကြသည်ဟု နည်း
ပညာ သမားအများစုက ထောက်ပြသတိ ပေးသည်။
ထို့ပြင် ဓာတ်ပုံကိုရိုက်ကူးသိမ်းဆည်း ရုံထက်ကျော်လွန်ကာ လူမှုကွန်ရက်စာ
မျက်နှာပေါ်တွင်ဖြန့်ဝေပါက ကာယိနြေ္ဒ ပျက်ပြားစေမှုဖြင့် တရားစွဲဆိုနိုင်သည်
ဟု မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်း ပညာအဖွဲ့(မီဒို)မှ
ပရိုဂရမ်မန်နေဂျာ မထိုက်ထိုက်အောင်ကဆိုသည်။
တရားစွဲဆိုခြင်းသည် ပြုလုပ်ခံရသူ ၏စိတ်နှင့် သက်ဆိုင်သည်ဆိုသော်လည်း
ပတ်ဝန်းကျင်အနေနှင့် ၄င်းစာမျက်နှာကို ပိတ်သိမ်းပေးရန်အထိ တောင်းဆိုနိုင်
သည်ကို သိရှိထားရန် လိုသည်ဟုလည်း သိရသည်။
သုံးစွဲသူအမျိုးသမီးများကိုယ်တိုင်ပင်လျှင် နည်းပညာကို ကြောက်လန့်
မှုမရှိရန်လိုအပ်ပြီး ထိုသို့ပြုလုပ်ခံရပါက ကျွမ်းကျင်မှု
ရှိသူများနှင့်တိုင်ပင်ကာ ပြု လုပ်သူကို ခြေရာခံ၍ ဥပဒေအရ ဖမ်းဆီး
ထိန်းသိမ်းခိုင်းနိုင်သည့်အချက်ကို စဉ်း စားသင့်သည်ဟုလည်း ပြောကြားသည်။
အစိုးရအနေနှင့်လည်း အမုန်းပွား ဖွယ်ရာများ ပိုမိုရေးသားလှုံ့ဆော်လာနိုင်
သည့် လူမှုကွန်ရက်စာမျက်နှာကို စောင့် ကြည့်ထိန်းချုပ်ရန် နိုင်ငံတော်
သမ္မတရုံး နှင့်ဖေ့စ် ဘွတ်ခ်မှတာဝန်ရှိသူများ တွေ့ဆုံ ကာ
ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု လည်း သမ္မတရုံးမှအကြီးတန်းအရာရှိ တစ်ဦးက
ပြောကြားခဲ့သည်။
ဘာသာစကားအခက်အခဲကြောင့် မြန်မာနိုင်ငံမှရေးသားနေသည့် အချက်အ လက်များ၊
စာမျက်နှာအမည်များကို စောင့် ကြည့်ထိန်းချုပ်ရန်ခက် ခဲခဲ့သည့်အတွက်
မြန်မာဘာသာစကားတတ်ကျွမ်းသည့် ဝန် ထမ်းတစ်ဦးကို ဖေ့စ်ဘွတ်ခ်ပေါ်တွင်
ခန့်အပ်ထားရှိခဲ့ပြီးလည်း ဖြစ်သည်။
သို့သော် မြန်မာဘာသာဖြင့် ရှာဖွေ ပါက တွေ့ရှိနိုင်မည့် အမည်နာမအမျိုး
မျိုးဖြင့် ဖွင့်ထားသည့် စာမျက်နှာများကို တွေ့မြင်နေရဆဲဖြစ်မည်။
‘လိင်အကြောင်း ဆွေးနွေးလိုသူ များ’ဟူသည့်အမည်ဖြင့် စာမျက်နှာတစ်
ခုဖွင့်လှစ်ခဲ့ဖူးသည့် ကိုဝေလင်း(အမည်လွှဲ) ကမူ သူငယ်ချင်းများဖြင့်
အပြောင်အပျက် လုပ်ရင်းမှ စတင်ဖြစ်ခဲ့သည်ဟုသိရသည်။
၎င်းတို့စာမျက်နှာအတွက် ကုန် ကြမ်းကိုမူ အချို့သောအမျိုးသမီးငယ် များ၏
လူမှုကွန်ရက်စာမျက်နှာမှ တစ် ဆင့်လည်းကောင်း၊ ညနေခင်းသူငယ်ချင်း များနှင့်
လက်ဖက် ရည်ဆိုင်ထိုင်ရင်းမှ ဖြတ် သွားဖြတ်လာ အမျိုးသမီးငယ်များကိုဓာတ်
ပုံရိုက်ရင်းမှ တစ်ဆင့်လည်းကောင်း၊ တစ် ခါတစ်ရံ ကိုယ်တိုင်ကိုယ်ကျ အဖော်အ
ချွတ်ပုံများတင်ထား သည့် စာမျက်နှာများ မှတစ်ဆင့်လည်းကောင်းရရှိသည်ဟု ဝန်ခံ
သည်။
”တစ်ခါတုန်းကဆို ဘတ်စ်ကားပေါ် မှာ ကစ်ဆင်ဆွဲနေတဲ့ စုံတွဲတစ်တွဲတွေ့လို့
ပိတ်ရိုက်ပြီး တင်ပစ်လိုက်ဖူးတယ်။ လူ မြင်ကွင်းမှာတောင် ဖြစ်နေတယ်ဆိုတော့
အခြား သူတွေသိအောင်လို့ မှတ်လောက် သားလောက်ဖြစ်အောင် လုပ်လိုက်တဲ့သ ဘောပါ”
ဟု အထက်ပါစာမျက်နှာကို တည်ထောင်ထားဖူးသူ ကိုဝေလင်းက ၄င်း၏ေ တွ့ကြုံမှုကို
ပြောပြသည်။
မည်သို့ပင်ဆိုစေ စမတ်ဖုန်းတစ်လုံး ၏အားသာချက်ကို အမှီပြုကာ တစ်လွဲအ
သုံးပြုလာသည့် နောက်ဆက်တွဲအကျိုး ဆက်က ပြည်တွင်း၏ နည်းပညာဖွံ့ဖြိုးမှု အပေါ်
နှောင့်နှေးမှုဖြစ်လာစေသည်ဟု မြန်မာဘာသာဖြင့် လူမှုကွန်ရက်တစ်ခု
ရေးသားပြုလုပ်နေသည့် လူငယ်နည်းပညာ သမားဖြစ်သည့် ကိုပြည့်စုံကထောက်ပြ သည်။
အမျိုးသမီးသာမက အမျိုးသားများ ပင်လျှင် ထိုကဲ့သို့သော စိန်ခေါ်မှုများကို
သိရှိထားသင့်ပြီး လက်လွတ်စပယ်နေထိုင် ပြုမှုခြင်းကို
တတ်နိုင်သမျှရှောင်ကြဉ်သင့် သည်ဟု လည်း ဆိုသည်။
၎င်း၏ အရင်းနှီးဆုံးသူငယ်ချင်းတစ် ဦးပင်လျှင် မန္တလေးပဋိပက္ခကို ဖြစ်ပွားစေ
သည့် သွေးထိုးလှုံ့ဆော်သူဖြစ်သည်ဟူ သည့်ပုံနှင့်တကွ စာများကြောင့် ထိတ်
လန့်မှု များကြုံတွေ့နေရသည်ဟုသိရသည်။
”ဘာမှမသိတဲ့လူတစ်ယောက်ကို ဒီ လိုအခြေအနေထဲဆွဲသွင်းတာတော့ မဖြစ်
သင့်ဘူးပေါ့ဗျာ။ ခုတော့ သူ့ခမျာ အိမ် အောက်တောင် မဆင်းရဲဘူးဖြစ်နေတယ်” ဟု
ကိုပြည့်စုံက ပြောသည်။
အင်တာနက်လွတ်လပ်ခွင့်၊ နည်း ပညာတိုးတက်ခွင့်ကို တောင်းခံနေရဆဲ ဖြစ်သည့်
မြန်မာနိုင်ငံအနေနှင့် မလိုအပ် သည့်နေရာများတွင်မူ တစ်လွဲဆံပင်ကောင်း
နေခြင်းလော။
ရန်ကုန်အပါအဝင် မြို့ကြီးများတွင် သာ တွင်ကျယ်လာသေးသည့် စမတ်ဖုန်း
ယဉ်ကျေးမှုများနှင့် အင်တာနက်အကျိုး ကျေးဇူးများက ထိထိရောက်ရောက်ဟု
မဆိုနိုင်သေးေ သ်ာငြား ထိခိုက်မှုရှိလာ သည့်အပိုင်းတွင်မူ မြင်သာထင်သာရှိလာ
သည်ဟု ဆိုနိုင်မည်။
လက်တစ်ဝါးစာသာရှိသည့် နည်း ပညာအဆင့်မြင့် မိုဘိုင်းဖုန်းကို အသုံးပြု ၍
သတင်းအချက်အလက် ဖြန့်ဖြူးခြင်း၊ တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်လုပ်ဆောင်
ခြင်းထက် အချို့သောဓာတ်ပုံများကိုမူ ကာယကံရှင်၏ ခွင့်ပြုချက်မပါရှိဘဲ ခိုး
ယူရိုက်ကူးရန် ဖြစ်လာသည်။
ထို့ပြင် စမတ်ဖုန်းတစ်လုံးအတွင်း၌ သာအသုံးပြုသူ၏ အရေးကြီးအချက်အ လက်များ၊
ကိုယ်ရေး ကိုယ်တာဓာတ်ပုံများ ထည့်သွင်းသိမ်းဆည်းထားခြင်းကလည်း မလို
လားအပ်သော ပြဿနာများဖြစ်ပွား လာစေနိုင်သည်ကို သတိပြုမိရန်လိုသည်။
ပြုပြင်ရန် သွားရောက်အပ်နှံထား သည့်ဖုန်းထဲမှ သမီးရည်းစားချင်းချစ်ကြိုက် ၍
အတူနေသည့် ဗီဒီယိုဖိုင်များကို ဖုန်း ပြင်သူက အွန်လိုင်းပေါ် တင်လိုက်ခြင်း
ကြောင့် အရှက်တကွဲအကျိုးနည်းဖြစ်ရ မည့် ပုသိမ်နည်းပညာတက္ကသိုလ်မှ စုံတွဲ
တစ်တွဲ၏ အဖြစ်အပျက်သည်လည်း နည်း ပညာ၏ ဘေးထွက်ဆိုးကျိုးတစ်ခုပင် ဖြစ်သည်။
ထို့ကြောင့် တခြားသူမှ ခိုးယူရိုက်ကူး ခံရနိုင်သည်ကိုသတိထားရုံသာမက ကိုယ်
ပိုင်စမတ်ဖုန်းများ၏ လုံခြုံမှု၊ အချက်အ လက်သိမ်းဆည်းထားရှိမှုကိုပါ သတိထား
သင့်ကြောင်း နည်းပညာကျွမ်းကျင်သူ အ များစုက ထောက်ပြထားကြပြီးဖြစ်သည်။
တစ်နေ့ထက်တစ်နေ့ တိုးတက်လာ သည့်နည်းပညာရေစီးကြောင်းတွင် လူတို့
နေ့စဉ်အသုံးပြုနေရသည့် စမတ်ဖုန်းများ သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဓာတ်ပုံ
ဟုဆိုလျှင် ကင်မရာဖြင့်သာ ရိုက် ကူးနေခဲ့ရသည့် အနေအထားမှ လူတိုင်း လိုလို
အလွယ်တကူရိုက်ကူးနိုင်သည့် ဖုန်း အဖြစ်ကိုင်တွယ်ထားနိုင်သည့် အနေအ ထားသို့
ပြောင်းလဲရောက်ရှိခဲ့ပြီးဖြစ်သည်။
အကယ်၍သင်သည် အဆင့်မြင့်နည်း ပညာသုံး စမတ်ဖုန်းပြခန်းတစ်ခုထဲသို့
ရောက်ရှိသွားပြီဆိုပါစို့။ မည်သည့်အချက် အလက်နှင့် တိုင်းတာဝယ်ယူမည်နည်း။
သေချာ သည်တစ်ခုက ကင်မရာရုပ်ထွက် အားမည်မျှ ကောင်းမွန်သည်ဟူသည့် အ ခြေအနေကို
ကြည့်ရှုမည်ဆိုခြင်းသာ။
No comments:
Post a Comment