Thursday, August 21, 2014

ကေပေါ့ပ်အယ်လ်ဘမ်အတွက် တောင်ကိုရီးယားကို သုံးလသွားမယ့် မေမြတ်နိုး

MAPI DOLLS ကေပေါ့ပ်မိန်းကလေးအဖွဲ့နှင့်အတူ ထုတ်လုပ်မည့် အယ်လ်ဘမ်အတွက် လေ့ကျင့်မှုများ လုပ်ဆောင်ရန် တောင်ကိုရီးယားသို့ သုံးလကြာ သွားရောက်မည်ဟု အလှမယ် မေမြတ်နိုးက ပြောသည်။
‘‘ဒီတစ်ခေါက်သွားတဲ့ သုံးလမှာ ကေပေါ့ပ်နဲ့ပတ်သက်ပြီးတော့ အဓိကထားပြီး လုပ်မှာပါ။ လေ့ကျင့်မှုအပိုင်းကတော့ အဆိုရယ်၊ အကရယ်၊ ဘာသာစကားပါ ပါမယ်ထင်တယ်’’ဟု မေမြတ် နိုးက ပြောသည်။

မေမြတ်နိုးသည် မိခင်ဖြစ်သူ နှင့်အတူ သြဂုတ် ၁၈ ရက်က ကိုရီးယားအဲလိုင်းဖြင့် တောင်ကိုရီးယားသို့ သွားရောက်ခဲ့သည်။


MAPI DOLLS အမည်ဖြင့် မြန်မာနိုင်ငံမှ မေမြတ်နိုး၊ ကိုရီး ယားသူနှစ်ဦးနှင့် အနောက်နိုင်ငံ သူတစ်ဦး စုစုပေါင်းအဖွဲ့ဝင်လေး ဦးဖြင့် ဂီတလုပ်ငန်းများ လုပ် ဆောင်မည် ဖြစ်သည်။ အောက် တိုဘာတွင် ၎င်းအဖွဲ့၏ ပထမ ဆုံးအယ်လ်ဘမ်ထွက်ရှိမည်ဟု မေမြတ်နိုးက ပြောသည်။
Miss Asia Pacific World 2014 သရဖူ ဆွတ်ခူးခဲ့သည့် အတွက် တောင်ကိုရီးယားနိုင်ငံ တွင် ဂီတလုပ်ငန်းများအပြင် သရုပ်ဆောင်လုပ်ခွင့်ပါ   ရရှိခဲ့သော် လည်း ယခုတစ်ခေါက်ခရီးစဉ် တွင် ဂီတပိုင်းတစ်ခုကိုသာ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိ ရသည်။
‘‘မြတ်နိုးကို မေ့မသွားပါနဲ့  သတိရနေပေးပါ။ သုံးလနေလို့ ပြန်လာလို့ရှိရင်    နိုင်ငံခြားက အတွေ့အကြုံတွေ အကုန်လုံးရယူပြီး အောင်မြင်မှုတွေနဲ့ မြန်မာ နိုင်ငံရဲ့ ဂုဏ်ကို သယ်ဆောင်လ ပါ့မယ်’’ဟု မေမြတ်နိုးက ပြောသည်။
လက်ရှိတွင် သရုပ်ဆောင်၊ အဆို၊ အက၊ မော်ဒယ် စသည့် အနုပညာလုပ်ငန်းအားလုံး လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ပိုင်းမှသာ ပရိသတ်လက်ခံသည့် အနုပညာလိုင်းတစ်ခုကိုသာ ရွေးချယ်လုပ်ကိုင်သွားမည်ဟု   မေမြတ်နိုးက ပြောသည်။
ကိုရီးယားသို့မသွားမီ ကြော်ငြာ၊ မဂ္ဂဇင်းများအတွက် ရိုက်ကူးရေးများ ပြုလုပ်ခဲ့ပြီး သူငယ်ချင်းအခွေများတွင် သီချင်း သုံးပုဒ် ၀င်ရောက် သီဆိုထားကြောင်း မေမြတ်နိုးက ပြောသည်။

No comments:

Post a Comment