Wednesday, August 27, 2014

IS တပ်ဖွဲ့များကို ပြန်တိုက်ရန် အီရန်က စစ်လက်နက် ထောက်ပံ့

IS တပ်ဖွဲ့တွေကို ပြန်လည်တိုက်ထုတ်ရေးအတွက် လိုအပ်နေတဲ့ စစ်လက်နက်တွေ အီရန်နိုင်ငံက စတင်ထောက်ပံ့နေပြီလို့ ကာဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သမ္မတ Massoud Barzani က ပြောဆိုပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကာဒ်သမ္မတ

ကာဒ်မြို့တော် Arbil ကို ရောက်ရှိလာတဲ့ အီရန်နိုင်ငံခြားရေး ၀န်ကြီး Mohammad Javad Zarif နဲ့ တွေ့ဆုံအပြီး ကာဒ်သမ္မတက သတင်းထောက်တွေ ကို သြဂုတ် ၂၆ ရက်နေ့ က ပြောဆိုခဲ့ တာဖြစ်ပါတယ်။


ကာဒ်ပတ်ခ်ျမာဂါတပ်ဖွဲ့တွေကို စစ်လက်နက်တွေ ထောက်ပံ့ပေမယ့် အီရတ်နိုင်ငံထဲကို အီရန်တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာမဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ကာဒ်တပ်ဖွဲ့ဝင်တွေနဲ့ အီရတ်အမြဲတမ်း စစ်တပ်ဟာ သူတို့ဒေသတွေကို ကာကွယ်နိုင်စွမ်းရှိတာကြောင့် အီရန်တပ်ဖွဲ့တွေကို စေလွှတ်စရာမလိုဘူးလို့လည်း ဆိုပါတယ်။

အမေရိကန်က အခုလအစောပိုင်းကစပြီး အီရတ်မြောက်ပိုင်းမှာ IS တပ်ဖွဲ့တွေကို လေကြောင်းက တိုက်ခိုက်ဟန့်တားနေပေမယ့် အီရတ်ပြည်တွင်းပြဿ နာကို ၀င်ရောက် ဖြေရှင်းပေးရေးကိုတော့ လက်ရှောင်နေပါတယ်။

အီရန်နိုင်ငံဟာ ကာဒ်တပ်ဖွဲ့ဝင်တွေကို ပထမဆုံး စစ်လက်နက်ထောက်ပံ့ပေးတဲ့ နိုင်ငံ ဖြစ်လာပါတယ်။


အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကာဒ်သမ္မတ

No comments:

Post a Comment