တီဘီရောဂါ စတင်ဖြစ်ပေါ်စေသည့် အကြောင်းအရင်းကို စတင်ပြောရမည်ဆိုပါက … 
မိုင်ကိုဘက်တီးရီးယမ်းကျူဘာကူလိုဆစ် လို့ခေါ်တဲ့ ဘက်တီးရီးယာ ကြောင့် 
တီဘီရောဂါကို စတင်ဖြစ်ပေါ်စေပါသည် ။ 
လူ့ခန္ဓာကိုယ်အစိတ် အပိုင်း 
တော်တော်များများမှာ ဖြစ်သော အဆုတ်၊ အရေပြား၊ အူ၊ အရိုးစတဲ့နေရာတွေမှာ 
တီဘီရောဂါဖြစ်ပွားစေပါတယ်။ 
 အဆုတ်မှာဖြစ်လာခဲ့ရင် 
ချောင်းတွေဆိုးလာမည် ၊အချိန်အားဖြင့် တစ်လနည်းပါလောက်ထိ 
ချောင်းဆိုးရင်ခဲ့တော့ အဆုတ်တီဘီဖြစ်နိုင်ပါတော့တယ်။ တီဘီဖြစ်လာသည့် သူသည် 
ညနေဘက်မှာ ဖျားချင်သလိုလို ဖြစ်လာမယ် ခန္ဓာကိုယ်ကလည်း နေရင်းထိုင်ရင်း 
တရှောင်ရှောင်နဲ ပိန်ပိန်လိုက်လာတော့သည် တချို့မှာချောင်းဆိုးသူတွေဆိုရင် 
သွေးပါ ပါလားတတ်တော့တယ် ။ မိမိရဲ့  ရင်ဘတ်အောင့်တတ်လာပါတယ် ။ 
တီဘီဖြစ်ပြီဆိုရင် လူလည်း ပိန်ချုံး ပြီး တဖြည်းဖြည်းနဲ့ 
သေသွားတဲ့အဖြစ်မျိုး အဆင့်သို့ ရောက်နိုင်လို့  မပေါ့သင့်သော 
ရောဂါတမျိုးလည်း ဖြစ်ပါတော့သည် ။
 ဒီလို ရောဂါကို အဖြစ်များတာက 
ကိုယ်ခံစွမ်းအားမကောင်းတဲ့သူတွေမှာ ဖြစ်နိုင်ပါတယ်။ အဓိကတော့ 
ခုခံအားကျဆင်းမှုကူးစက်ရောဂါ HIV/AIDS ဖြစ်တဲ့လူတွေ ဆိုရင် အများစုဟာ 
အဆုတ်တီဘီဖြစ်လာဖို့  အလွန်ပင် လွယ်ပါတယ်။ 
 ငယ်ငယ်က တီဘီရောဂါ 
ကာကွယ်ဆေးထိုးထားတဲ့ လူတွေဆိုရင် ဦးနှောက်အမြှေး ပါး တီဘီရောဂါကို 
ကာကွယ်နိုင်ပါတယ် သို့ သော အဆုတ်ဖြစ်သော အဆုတ်တီဘီကိုတော့ 
မကာကွယ်နိုင်ပါဘူး။ အိမ်တအိမ်မှာ တီဘီပိုးတွေ့နေရင် အိမ်မှာရှိတဲ့ ကျန်တဲ့ 
လူတွေကို အချိန်မရွေး ရောဂါ ကူးစက်နိုင်တယ်။ 
ရောဂါရှိသူနဲ့နီးနီးကပ်ကပ်ရှိတဲ့လူတွေ၊ လုပ်ငန်းခွင်တွင် ရှိသော 
အပေါင်းအသင်းတွေကိုလည်း ကူးနိုင်တယ်။ အသက်ကြီးတဲ့လူတွေ၊ ဆီးချို၊ 
သွေးချိုရောဂါရှိတဲ့လူတွေ၊ စတီးရွိုက်ဆေး၊ ကင်ဆာကုသဆေး သောက်နေရတဲ့လူတွေ၊ 
ကျောက်ကပ် မကောင်းတဲ့လူတွေ၊ အာဟာရချို့တဲ့သူတွေလည်း 
တီဘီရောဂါကူးစက်ခံရနိုင်ပါသည် ။သလိပ်ထဲမှာ တီဘီပိုးတွေ့တဲ့သူတွေနဲ့ 
အတူနေတဲ့လူတွေပါ ဂရုစိုက် ကာကွယ်မှုမပြုရင် တီဘီပိုး အလျှင်အမြန် 
ကူးစက်ခံရနိုင်ပါတယ်။
 အကြမ်းအားဖြင့် အထက်တွင် ဖော်ပြထားသည့် 
အချက်များဖြစ်လာပါကု လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပေးရပါတော့မည် ထို့ နောက်
 ဆေးကုသမှုခံကို မဖြစ်မနေ ခံယူရပါမယ်။ 
 ရောဂါသိရှိရန် လုပ်ကြရပါတော့မယ် ၊
 စစ်ဆေးသည်ပြု့ လုပ်ချက်များတွင် သလိပ်မှာလည်း ပိုးမတွေ့ဘူး၊ 
ဓာတ်မှန်မှာလည်း ပြတ်ပြတ် သားသားမတွေ့ဘူး။ သွေးအနည်ထိုင်နှုန်းတော့ များတယ်။
 ညနေပိုင်းတော့ ဖျားတယ်ဆိုရင် လူနာလည်း လက်ခံမယ်ဆိုရင် (Test Trial) 
စမ်းသပ်ကုသခြင်း ပြုလုပ်ပါတယ်။ 
 WHO ကနေပြီး ( တိုက်ရိုက်ကြည့်ရှု 
အချိန်တိုနှင့်ကု )ဆိုသည့်အတိုင်း ကုထုံးနဲ့တီဘီဖြစ်တဲ့လူတွေကို အခမဲ့ကုသ 
ပေးနေပါတယ်။ တီဘီရောဂါဖြစ်တဲ့ မည်သူမဆို သက်ဆိုင်ရာကျန်းမာရေးဌာနမှာ 
အခမဲ့ကုသနိုင်ပါတယ်။ ဒီတီဘီကုသဆေးတွေကို နိုင်ငံ တော်ပိုင်ဆေးရုံတွေရော၊ 
အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနတွေမှာလည်း အချိန်မီ အခမဲ့သွားရောက် 
ကုသနိုင်ပါတယ်။
 ဒီရောဂါဖြစ်ပြီးဆိုရင် မပျောက်တော့ဘူးလို့  တချို့ က အစွဲထားကြပါတယ် မဟုတ်ပါဘူး 
 တီဘီရောဂါဟာ ကုသလို့ပျောက်တဲ့ရောဂါပါ။ မိမိကိုယ်တိုင်ရော၊ 
မိသားစုပတ်ဝန်းကျင်အတွက်ပါ ထည့် စဉ်းစားပြီး ထိထိရောက်ရောက် 
ဆရာဝန်မှာကြားတဲ့အတိုင်း ဆေးသောက်ရမယ့်သတ်မှတ်ကာလပြည့်အောင် တိတိကျကျ 
သောက်ဖို့တော့ အထူးလိုအပ်ပါတယ်။ 
 ဆေးကို ၂-လသောက်သောက်လိုက်တာနဲ့  
ကောင်းသွားပြီး သက်သာသွားတာနဲ ပ ပျောက်ပြီဆိုပြီး ဆေးမဖြတ်သင့်ပါဘူး 
သတ်မှတ်ကာထိရောက်အောင် သောက်ကိုသောက်ရပါလိမ့်မည် ရက်ပျက်လို့ သောက်လိုက် 
မသောက်လိုက်ဖြစ်နေပါက ဆေးယဉ်ပါးသော တီဘီမျီုးကို ရောက်ရှိတတ်ပါသည် ။ 
 တီဘီဆေးဝါးများကိုလည်း နိုင်ငံတော်ကနေ 
အမျိုးသားအဆင့်သတ်မှတ်ပြီးကျန်းမာစောင့်ရှောက်ရေးအဖြင့် တီဘီရောဂါကို 
အခမဲ့ကုသပေးနေပြီဆို တဲ့အကြောင်း ထပ်မံ အသိပေးပြောကြားလိုက်ပါသည် ။
No comments:
Post a Comment