၁) Apple နာရီမှာ Digital Crown ဆိုတာ ဘေးက ဘုအတုံး ဖြစ်ပြီး လှည့်တာက
နာရီထဲမှာ scroll down, scroll up ဖြစ်ပြီး နှိပ်လိုက်ရင် Home ကို
ပြန်သွားပါတယ်။
၂) Built in App ပေါင်း ၁၅ ခုကျော် ပါဝင်တာကို တွေ့လိုက်ရပါတယ်။
၃) LED နဲ့ Photo sensors တို့က လက်သွေးပြန်ကြောခုန်နှန်းကို
တိုင်းတာပေးတာကြောင့် ကျန်းမာရေး အတွက် အသုံးဝင်တဲ့ ပစ္စည်းလည်း
ဖြစ်လာပါလိမ့်မယ်။
၎) Fitness App များ ပါဝင်တာမို့ အားကစား သမားများအတွက် ရည်ရွယ်တဲ့ ပစ္စည်း တစ်ခုလည်း ဖြစ်ပါ တယ်။
၅) မိမိ စိတ်ကြိုက် ကြိုးအရောင်ကို လဲလှယ်လို့ ရပါတယ်။ အရောင်အပြင် ကြိုးကိုလည်း စိတ်ကြိုက် ရွေး ချယ်လို့ ရပါတယ်။
၆) iPhone နဲ့ ချိတ်ထားတာကြောင့် အခြေခံအားဖြင့် ဖုန်းပြောခြင်း၊ Message ဖြေကြားခြင်း တို့ကို ပြုလုပ်နိုင်
ပြီး အခြားသော feature များစွာ ပါဝင်ပါသေးတယ်။ ဥပမာ - Facebook, Twitter, Photo တို့လို app တို့ ပါဝင်ခြင်း ဖြစ်ပါတယ်။
၇) stainless steel, aluminum နဲ့18-karat gold တို့ ပါဝင်တာကြောင့် ဇိမ်ခံ နာရီ တစ်လုံးလည်း ဖြစ်လာ ပါလိမ့်မယ်။
၈) ပြက္ခဒိန်များ အပြင် Planet တစ်ခုလုံးရဲ့ ဖြစ်စဉ် ပြောင်းလဲမှု များကို ကြည့်ရှုလို့ ရအောင်ပါ ဖန်တီး ထားခြင်း ဖြစ်ပါတယ်။
၉) Apple Watch ရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၄၉ ဒေါ်လာကနေ စတင်မှာ ဖြစ်ပါတယ်။
၁၀) Apple Watch ကို သက္ကရာဇ် ၂၀၁၅ နှစ်ဆန်းမှ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
No comments:
Post a Comment