Tuesday, September 2, 2014

သန်းကောင်စာရင်း နောက်ဆုံးရလာဒ်

ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့တော်နေ လူဦးရေမှာ ၅၂၀၉၅၄၁ (ငါးသန်းနှစ်သိန်း ကိုးထောင့်ငါးရာ လေးဆယ့်တစ်) ဦး ရှိပြီး မန္တလေးမြို့တော်နေ လူဦးရေမှာ ၁၂၂၅၁၃၃ (တစ်သန်းနှစ်သိန်း နှစ်သောင်းငါးထောင့် တစ်ရာသုံးဆယ့်သုံး) ဦး ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ အမျိုးသားဦးရေ ၂၄၈၂၁၁၇၆ (နှစ်ဆယ့်လေးသန်း တစ်သိန်းနှစ်သောင်း တစ်ထောင့်တစ်ရာ ခုနစ်ဆယ့်ခြောက်) ဦး ဖြစ်ပြီး၊ အမျိုးသမီး လူဦးရေကတော့ ၂၆၅၉၈၂၄၄ (နှစ်ဆယ့်ခြောက်သန်း ငါးသိန်းကိုးသောင်း ရှစ်ထောင်နှစ်ရာ လေးဆယ့်လေး) ဦး ဖြစ်ပါတယ်။

ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁၄၁၉၄၂၀ (ငါးဆယ့်တစ်သန်း လေးသိန်းတစ်သောင်း ကိုးထောင့်လေးရာ့ နှစ်ဆယ်) ရှိတယ်လို့ သိရပါတယ်။

No comments:

Post a Comment