Sunday, September 28, 2014

ယူကရိန်းအစိုးရစစ်တပ် ဒွန်းညက်မြို့လေဆိပ်တွင် ပိတ်မိ



ယူကရိန်းနိုင်ငံ ဒွန်းညက်မြို့ လေဆိပ်မှာ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ပုံ၊ အစိုးရစစ်တပ် စက်သေနတ်တွေနဲ့ ပစ်ခတ်ခံရပြီး ပိတ်မိနေတဲ့ပုံကို ယူကရိန်း ရုပ်မြင်သံကြား 1+1 လိုင်းက ပြသပါတယ်။

သတင်းအရ စစ်သားတွေဟာ ကာရိုဂရက် အထူးနယ်မြေက ဖြစ်ပြီး လေဆိပ်ကို မေလကတည်းက ခုခံ ကာကွယ်နေရတယ်လို့ ဆိုပါတယ်။ ဒီပုံဟာ စက်တင်ဘာလ ၂၆ ရက်နေ့ညက ခွဲထွက်ရေး သူပုန်တွေ ဒွန်းညက်လေဆိပ်ကို တိုက်ခိုက်ခဲ့တဲ့ အချိန်က ရိုက်ကူးတာပါ။

ယူကရိန်း အစိုးရ လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ ပြောခွင့်ရသူက သူပုန်တွေဟာ လေဆိပ်ကို ၀င်သိမ်းဖို့ နှစ်ကြိမ် ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘူးလို့ စက်တင်ဘာလ ၂၆ ရက်နေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အခုလို တိုက်ခိုက်မှုဟာ ယူကရိန်း အရှေ့ပိုင်းဒေသ အပစ်ရပ်စဲရေး သဘောတူထားပေမယ့် ကြိုကြား ဖြစ်နေတဲ့ တိုက်ပွဲတွေထဲက တခုပါ။ စက်တင်ဘာလ ၂၆ ရက်နေ့မှာပဲ ယူကရိန်း အစိုးရနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေ တွေ့ဆုံပြီး ၁၉ မိုင် အကွာအဝေး ကြားခံ နယ်မြေ သတ်မှတ်ရေး ဆွေးနွေးခဲ့ပါတယ်။

ယူကရိန်း ပဋိပက္ခအတွင်း လူ ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး သူပုန်တွေကို ရုရှားက လက်နက်ထောက်ပံ့ပေးတယ်လို့ ယူကရိန်း အစိုးရနဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားပေမယ့် ရုရှားက ငြင်းဆန်ထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment