
မြန်မာနိုင်ငံအတွင်း တိုင်းပြည်ပျက်စီးရာပျက်စီးစေကြောင်း၊ကိုးကွယ်ရာမတူညီပေမယ့်
ချစ်ခင်စွာ နေထိုင်လာသူများကြား အမုန်းတရာများဖြစ်စေ ရန်နှင့်တိုင်းပြည်မအေးချမ်း
ဆူပူအောင် သွေးထိုးလှုံ့ဆော်သူများကြောင့် မြန်မာနိုင်ငံအတွင်း လူမျိုးရေးပြဿ နာ အထိ
ကရုန်းများဖြစ် ပျက်စီးဆုံးရှုံးမှု များစွာဖြစ်ခဲ့ရသလို ပြည်သူများအနေနဲ့ ဆင်းရဲရသည်မှ
ဒုက္ခသည်များပင် ထပ်တိုးလာခဲ့ရသည်၊ ဒုက္ခသည်အများဆုံးနှင့် တိုင်းပြည်အတွင်းပြဿ
နာများစွာ အပြင်ပျက်စီးဆုံးရှုံးမှု အများဆုံးကိုမြန်မာ ပြည်တွင် အဆက်ဆက်အုပ်ချူ ပ်လာ
သူများ အနက်မှ တိုင်းပြည်တိုးတက်ကောင်းမွန်လာအောင် ပြု ပြင်ပြောင်းလဲခြင်းများအပြု
သဘော အကောင်အထည်ဖေါ်ဆောင်မည်ဟုဆိုသော သမ္မတကြီး ဦးသိန်စိန်(ယခုသ
မ္မတ) လက်ထက်တွင်အများဆုံး ဖြစ်လာသည်ကိုတွေ့ရသည်။
ဖြစ်ပွားခဲ့သောပြဿ နာများကို ကြည့်မည်ဆိုလျှင် မပြောပလောက်သည့်ပြဿ နာကိုအကြောင်းပြု
၍သွေးထိုးလှုံ့ဆော်ခြင်းကြောင့်ဖြစ်လာရတာတွေပဲ တွေ့ရပါတယ်၊ထိုပြဿ နာကိုအကြောင်း
ပြုပြီး လူနည်းစုဖြစ်သော အစ္စလာမ်ဘာသာဝင်များကို လူများစုဖြစ်သောဗုဒ္ဓဘာသာဝင်များ
ကအုပ်စုလိုက်ဖွဲ့ မတရားအနိုင်ကျင့် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြသလို အစ္စလာမ်ဘာ
သာဝင်များပိုင် အိုးအိမ်စည်းစိမ်း ပိုင်ဆိုင်မှုများ အပြင်ဝတ်ပြုသော ကျောင်းနှင့်သာသနာ့စာ
သင်ကျောင်းများကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြလေသည်။
ထိုကိစ္စရပ်ဖြစ်စဉ်များကိုလေ့လာသုံးသပ်ကြည့်ပါက မင်းမဲ့ စရိုက်ဆန်သလို ဥပဒေမဲ့လုပ်ရပ်
များပင်ဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင်အကြီးအကဲ သမ္မတကို အရာမထားအရေးမလုပ်သည့်အပြင်
ဥပဒေနှင့် အချူ ပ်အာဏာကို မထေမဲ့မြင်ပြု စော်ကားခြင်းပင် ဖြစ်သည်ဟုသုံးသပ်မိပါသည်
သွေးထိုးလှုံ့ဆော်သူနှင့် အကြမ်းဖက်သမားများ အဖျက်လုပ်ငန်းများလုပ်နေပုံကိုကြည့်လျှင်
ထိုသူတို့၏ လက်အောက်၌ပင် သမ္မတနှင့် အချူ ပ်အာဏာ၊ဥပဒေကပဲရှိနေသလိုဖြစ်နေသည်
ကိုတွေ့ရပြီး အာဏာရှိသူ သမ္မတနှင့် အာဏာလွှဲအပ်ခြင်း ခံထားရသူ အစိုးရအဖွဲ့ဝင်များ၏
လုပ်ပိုင်ခွင့်ကို စည်းကျော်ချိုးဖေါက်၍ လုပ်ဆောင်နေသည်များရှိပြီး နိုင်ငံတော်မှသာ ထုတ်ဖေါ်
ပြဋ္ဌါန်းခွင့်ရှိသည့် တရားဥပဒေများကိုပင် သွေးထိုးလှုံ့ဆော်အကြမ်းဖက်သူတွေက မိမိသဘော
ဖြင့် သမ္မတအပါအဝင် အာဏာရှိအစိုးရအဖွဲ့ဝင်များကို အရေးမစိုက် ဘောင်ကျော်ကာ တရား
ဥပဒေများထုတ်၍ ပြဋ္ဌါန်းခြင်းများလုပ်လာပါသည်။
ထိုလုပ်ရပ်မှာ နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ကိုများစွာထိခိုက် ဂုဏ်သိက္ခာကျ ဆင်းစေပြီး
ကမ္ဘာ့ အစိုးရအဖွဲ့အစည်းများအလယ် အကြီးအကျယ် အရှက်ရစေသောကိစ္စဖြစ်လေသည်၊
နိုင်ငံတော်သမ္မတ၏ အချူ ပ်အာဏာသည် တိုင်းပြည်အပေါ်သက်ရောက်မှုမရှိသလို ပြည်သူ
နှင့် တိုင်းပြည်ကို မထိန်းသိမ်းနှိင်ဘူးဟုလည်းကောင်း၊မြန်မာပြည်၏တ ည်ဆဲပြဋ္ဌါန်းဥပဒေများ
သည် ထိရောက်လေးနက်မှု မရှိသည်ဟုလည်းကောင်း၊အုပ်ချူ ပ်သူ သမ္မတအနေနှင့်အရည်
အချင်းညံ့ဖျင်းသေးသိမ်သည်ဟုလည်းကောင်း ကမ္ဘာ့အလယ်တွင်ပြစ်တင်ရှုံ့ချ ကဲ့ရဲ့စရာဖြစ်
လာလေမည်ဖြစ်သည်။
တရားဥပဒေနှင့်လည်း မသက်ဆိုင်၊အချူ ပ်အာဏာနှင့်လည်း မပတ်သက်၊အချူ ပ်အာဏာလွှဲ
အပ်ခြင်းမခံရ၊တိုင်းပြည်နှင့် ဥပဒေရေးရာ၌ ဝင်ရောက်စွက်ဖက်ခွင့်လည်းမရှိသူ ရဟန်းသံဃာ
များက ဦးဆောင်၍ ဥပဒေထုတ်ခြင်း၊ဥပဒေများပြဋ္ဌါန်းခြင်း၊အာဏာပြ တားဆီးပိတ်ပင်ခြင်းများ
ပြု လုပ်လာနေသည်ကို ပြည်သူလူထုအပြင် နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအဖွဲ့ဝင်များအား
လုံးသိနေကြပါသည်၊ထိုသို့သိနေပါလျှက်နှင့် အချူ ပ်အာဏာ ပိုင်ဆိုင်ထားသူများကတည်ဆဲ
ဥပဒေအတိုင်းအဘယ်ကြောင့် တာဆီးနှိမ်နင်းခြင်းမပြု ရသနည်း ဟုစဉ်းစားစရာဖြစ်လာပြီး
ထိုသို့ လုပ်ဆောင်နေခြင်းကို ဒီအတိုင်းလွှတ်ပေးထားခြင်းမှာ နိုင်ငံတော်ကို ပျက်စီးစေရန်နှင့်
အချူ ပ်အာဏာကို လွှဲပြောင်းအပ်နှင်းပေးလိုခြင်းမရှိသည့်အတွက် နိုင်ငံတော်အကြီးအကဲ
အပါအဝင် အစိုးရအဖွဲ့များက အလိုတူအလိုပါလုပ်ဆောင်နေတာဟု တိုင်းသူ ပြည်သားများ
အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းများမှ ယုံမှားသံသယ အထင်လွှဲမှုများက အချိန်ကြာမြင့်လာ
သည်နှင့်အမျှ တစတစကြီးထွားလာသလို နိုင်ငံတော်အုပ်ချူ ပ်သူများကိုပါ အယုံအကြည်ကင်း
မဲ့လာနေကြလေပြီဖြစ်သည်။
နိုင်ငံတော်သမ္မတနှင့် နိုင်ငံဥပဒေဂုဏ်ရှိန်တက်စေရန် အာဏာစက်နေရာတိုင်း သက်ရောက်
မှုရှိ စေရန်အများပြည်သူများနှင့် ကမ္ဘာကပါ အသိအမှတ်ပြု လေးစားယုံကြည်စေရန်၊တိုင်းပြည်
အမှန်တကယ် တိုးတက်အေးချမ်းသာယာပြီး စည်းကား သိုက်မြိုက်စေရန်၊စီးပွားရေးများကောင်း
မွန်ပြီး အများပြည်သူများ ချမ်းသာကြွယ်ဝပြီး ဒုက္ခသည်များ ပပျောက်ပြီးထပ်မံဖြစ်မလာစေရန်
အတွက် တရားဥပဒေကိုထုတ်ပြန်၍ လည်းကောင်း၊ဥပဒေတစ်ရပ်ပမာပြဋ္ဌါန်းပြီးကန့်ကွက်ပိတ်
ပင်တားဆီးနေမှုများကို အခွင့်အာဏာနှင့်ပြု လုပ်ပိုင်ခွင့်မရှိပဲ နိုင်ငံတော်အပေါ်စည်းဘောင်
ကျော်ပြုလုပ်နေသူများကို နိုင်ငံတော်နှင့် တရားဥပဒေစိုးမိုးရေးအတွက် အချိန်မှီ မင်းမိန့်အာဏာ
သုံး၍ တရားဥပဒေ၏ ပုဒ်မများဖြင့် ထိန်းသိမ်းအရေးယူသင့်ပါသည်။
မြန်မာနိုင်ငံအတွင်း သမ္မတကြီးလက်ထက်၌ပင် တရားဥပဒေ၏ အာဏာစက်သက်ရောက်မှုနှင့်
အာဏာလွှဲအပ်ခြင်း လုံးဝပေးထားခြင်းမရှိသော ရဟန်းသံဃာများက မျိုးစောင့်ဥပဒေဟုဆိုသော
ဥပဒေ အသစ်ကိုမိမိတို့ သဘောဖြင့်ပြဋ္ဌါန်းလာခြင်း၊နိုင်ငံတော်မှ တရားဝင်ခွင့်ပြု ချက်မရယူပဲ
မ.ဘ.သ ဆိုသောစသည့် အဖွဲ့များကိုဖွဲ့စည်း၍ နိုင်ငံတော်ကပဲဖွဲ့စည်းပေးသယောင်ဖြင့် မိမိ
တို့သဘောနှင့် နိုင်ငံတော်ကို လုံးဝဂရုမစိုက်ပဲဖွဲ့စည်း လုပ်ကိုင်ကာခြင်း၊နိုင်ငံတော်သမ္မတနှင့်
တရားဥပဒေကိုရှိသည်လို့ပင် မထင် အကြမ်းဖက်မှုများ သွေးထိုးလှုံ့ဆော်ဖန်တီးပြုလုပ်ခြင်း၊
တပါးသာသနာများနှင့် လူမျိုးကိုဖိနှိမ်ညှင်းပန်းစော်ကားခြင်းများ ကိုပြောင်ပြောင်တင်းတင်းလုပ်
ဆောင်လာနေကြသည်။
ထို့အပြင်နိုင်ငံတော်သမ္မတနှင့် တရားဥပဒေကပင် တားဆီးပိတ်ပင်ခြင်းလုံးဝမရှိသည့် သား
သတ် လိုင်စင်နှင့် အစ္စလာမ်ဘာသာဝင်များ၏ ကုရ်ဘာန်နီ အီးဒ် ပြုလုပ်ခြင်းကိုပါ ထိုသူများ
ကပိတ်ပင် တားဆီးခြင်းများပြုလုပ်နေကြသည်၊ထိုသူများ ဤသို့ လုပ်ဆောင်နေမှုကို ဟန့်တား
ခြင်းများ လုံးဝမရှိလာသည့်အပေါ် အစ္စလာမ်ဘာသာဝင်များအပြင် စစ်မှန်၍ ထိုသို့ပြု လုပ်မှုများ
ကိုလက်မခံ မနှစ်သက်သူ ဗုဒ္ဓဘာသာဝင်များနှင့်ကမ္ဘာ့အစိုးရအဖွဲ့စည်းများကပါ မြန်မာနိုင်ငံ၏
သမ္မတ၊အခွင့်အာဏာ၊တရားဥပဒေ စသည်များက ရဟန်းသံဃာများနှင့် ထိုအဖွဲ့အစည်းများ၏
အောက်၌ရောက်နေပြီလားဟုပင် တွေးထင်လာနေကြပြီဖြစ်လေသည်။
မျိုးစောင့်ဥပဒေပြဋ္ဌါန်းလာမှုအပေါ် အစ္စလာမ်ဘာသာဝင်များက လုံးဝအပြည့်အဝ ခြွင်းချက်မရှိ
လက်ခံကြတယ်လို့သိရပါတယ် အဘယ့်ကြောင့်ဆိုသော အစ္စလာမ်ဘာသာဝင်များအနေနှင့် မိမိ
တို့ သာသနာထဲကို တခြားဘာသာဝင် ၁၀ ယောက် ဝင်ရောက်လာခြင်းထက် မိမိတို့အစ္စလာမ့်
သာသနာဝင် တယောက် တခြားသာသနာကိုကူးပြောင်း သွားတာမျိုးကို အထူးမလိုလားမနှစ်
သက်လို့ပဲဖြစ်ပါတယ်(ယခုခေတ်ကာလအခြေအနေကိုဆိုလိုသည်)၊ သို့သော်အစ္စလာမ်ဘာ
သာဝင်များကလက်ခံပေမယ့် ထိုဥပဒေသည် အမျိုးသမီးများ၏ အထူးလူ့အခွင့်အရေးကို ပိတ်ပင်
ချိုးဖေါက်ရာဖြစ်သည်ဟု ယူဆသူများလည်းရှိနေပေသည်၊ထိုလူ့အခွင့်အရေးချိုးဖေါက်မှုမှာ သား
သတ်လိုင်စင်ပိတ်သိမ်းပြီး တမြို့ လုံးတနယ်လုံး အမဲသားစားသုံးခွင့်ကို ပိတ်ပင်တားဆီးခြင်းနှင့်
ကုရ်ဘာန်နီအီးဒ် ပြု လုပ်ခွင့်ကို ပိတ်ပင်တာဆီးခြင်းများသည်လည်း အပါအဝင်ဖြစ်လေသည်။
ထို့ကြောင့်နိုင်ငံတော်ကို တိုးတက်ကောင်းမွန်ရန်ပြု ပြင်ပြောင်းလဲခြင်းများ အပြု သဘောဆောင်
ရွက်နေသော သမ္မတကြီးနှင့် အစိုးရအဖွဲ့အစည်းများအပြင် တိုင်းပြည်အတွက်ဟုအပြည့်အဝခံ
ယူထားသော လွှတ်တော်အမတ်များကပါ ထိုကိစ္စများကို အထူးစီစဉ်ဆောင်ရွက်သင့်ပြီးနိုင်ငံတော်
နှင့် တရားဥပဒေအတွက် အလွန်အရေးပါသော အခန်းကဏ္ဍတခုဖြင့် အကောင်အထည်ဖေါ်
ဆောင်ရွက်ဟန့်တားသင့်သည်ဟုထင်မိပါသည်။
ထိုကိစ္စများကိုဖြေရှင်း သုတ်သင်ရှင်းလင်း၍ လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်ခွင့်များကို
ပေးလာနှိင်မည်ဆိုပါက မြန်မာနိုင်ငံသည် အလွန်အင်မတန်အေးချမ်းသာယာ၍ သမ္မတကြီးဖြစ်
စေလိုသော ရည်မှန်းရာထားချက်စံညွှန်းနှင့် ကိုက်ညီသော နိုင်ငံတနိုင်ငံဖြစ်လာမည်မှာ ဧကန်မု
ချမလွဲပင်ဖြစ်မည်ကို ယုံကြည်မိပါသည်၊ ထိုကိစ္စရပ်များကို အရှိန်အဟုန်မြှင့်၍ အလေးအနက်
ထားဆောင်ရွက်စေလိုနေကြသည်မှာ မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသောပြည်သူလူထု
အများဆုံး၏ အမျှော်လင့်ဆုံးနှင့် အလိုချင်အတောင့်တဆုံး ဆန္ဒပင်ဖြစ်ပြီး ထိုသို့သာဆောင်ရွက်
ပေးခဲ့မည်ဆိုပါက ဥပဒေသည် အရာရားတိုင်းပေါ်သက်ရောက်မှုရှိပြီး အားလုံးရဲ့အထက်မှာ
ဥပဒေ ဆိုတာရှိတယ် ဆိုသည်ကို ကွက်ကွက်ကွင်းကွင်းသိမြင်လာကြမှာဖြစ်ပြီး ဥပဒေဆိုတာ
ဘယ်သူ့လက်ထဲမှာလည်း ဘယ်သူ့လက်အောက်မှာလည်း ဥပဒေဆိုတာ ဘယ်မှာလည်း လို့
မည်သူမှမေးလာစရာ မရှိတော့သလို နိုင်ငံတော်သမ္မတနှင့် တရားဥပဒေအပေါ် ယုံကြည်လက်
ခံ အားကိုးလေးစားကြမည်မှာ မြေကြီးလက်ခတ်မလွှဲပင်ဖြစ်မည်ဟု တထစ်ချ ယုံကြည်မိပါ
ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ဆရာကိုကို
No comments:
Post a Comment