Monday, September 29, 2014

အစ္စလာမ်ဘာသာရေးခေါင်းဆောင် အသတ်ခံရမှု လူ ၂ ဦးကို သေဒဏ်ပေး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ၀ီဂါဒေသက ဘာသာရေး ခေါင်းဆောင်း တဦးကို သတ်ဖြတ်မှုနဲ့ လူ ၂ ဦးကို သေဒဏ်ပေး လိုက်ပြီး ၁ ဦးကိုတော့ တသက်တကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ဝီဂါဒေသက ကက်စ်ဂါ အုပ်ချုပ်ရေးနယ်မြေ တရားရုံးမှာ မနေ့က အမှုကို ကြားနာပြီး ချက်ချင်း ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းမှု၊ ဦးဆောင်မှု၊ လူသတ်မှု ကျူးလွန်တယ်လို့ တရားရုံးက စီရင်လိုက်တာပါ။

ဇွန်လ ၃၀ ရက်နေ့က အသက်ခံခဲ့ရတဲ့ အသက် ၇၄ နှစ်အရွယ် အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဂျိမ်းတာဟာကို တရုတ်နိုင်ငံတ၀ှမ်းမှာ နေထိုင်ကြတဲ့ မွတ်စလင်အများစုက လေးစားသလို အမျိုးသားပြည်သူ့ကွန်ဂရက်မှာလည်း ဒုတိယတန်း ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ သူဟာ တရုတ်ပြည် အစ္စလာမ်အဖွဲ့မှာလည်း ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment