ဆည်းဆာ ရိတ်သတ်ကြီးမင်္ဂလာပါ ဒီတစ်ပတ်မှာတော့ သဘာဝဓာတ်စာလေးတစ်ခုအကြောင်းပြောချင်ပါတယ်။
သဘာဝဓာတ်စာပြုလုပ်ဖို့နည်းကို မပြောခင် ဓာတ်စာမှာ ပါဝင်တဲ့ မြန်မာ့ရိုးရာစားစရာတစ်ခုဖြစ်တဲ့ ထန်းလျှက်နဲ့ မီးဖိုချောင်မှာ အသုံးများတဲ့ ဂျင်းရဲ့ အာနိသင်လေးတွေကို အရင်ဆုံးပြောပြချင်ပါတယ်။
ထန်းလျှက်
ထန်းလျှက်ကို သဘာဝပစ္စည်းဖြစ်တဲ့ ထန်းရည်နဲ့ ပြုလုပ်ထားပြီး မြန်မာ့ရိုးရာစားစရာတစ်ခုဖြစ်ပါတယ်။ ထန်းလျှက်ကို နေ့စဉ်စားသုံးခြင်းဖြင့် အစာချေဖျက်အား ပိုမိုကောင်းမွန်ပြီးတော့ သွေးသားသန့်စင်စေပါတယ်။ ဦးရေပြားနဲ့ ဆံပင်ရဲ့ ကျန်းမာရေးအတွက်လည်းကောင်း၊ မျက်နှာပေါ်ရှိ ၀က်ခြံ၊ အမဲကွက်များကိုလည်းကောင်း ဟန့်တားပေးပါတယ်။ အဆုတ်ပွခြင်း၊ ကြွက်သားများအားနည်းခြင်း၊ ဓမ္မတာရာသီသွေးမမှန်ခြင်း၊ ဓမ္မတာမလာခင် ကိုက်ခဲခြင်း၊ နာကျင်ခြင်းများအတွက် အထူးပျောက်ကင်းသက်သာစေနိုင်တယ်လို့ သိရပါတယ်။
ဂျင်း(Ginger)
ဥအတက်ကိုသာ များသော အားဖြင့် အစား အသောက်တွင် လည်းကောင်း၊ ဆေးဝါးများ အဖြစ် သော်လည်းကောင်း အသုံးပြု တက်ပါတယ်။ ၎င်းဂျင်း အတက်များကို မြန်မာပြည် အပါအ၀င် နိုင်ငံတော်တော်များများတွင် ဟင်းလျာများ၌ လည်းကောင်း၊ သွားရေစာစားစရာအဖြစ် လည်းကောင်း၊ ငရုတ်သီး အစားထိုးပစ္စည်းအဖြစ် လည်းကောင်း အသုံးပြု ကြပါတယ်။
အသံဝင်ခြင်း၊ အသံပျက်ခြင်း၊ လည်ချောင်း နာခြင်းများအတွက်လည်းကောင်း၊ ရာသီ အပြောင်းအလဲကြောင့် ဖြစ်ပေါ်တက်သော တုပ်ကွေး ဖျားခြင်း၊ ချမ်းစိမ့်စိမ့် ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုးခြင်း စသော ရောဂါများတွင်လည်းကောင်း၊ အနောက်တိုင်း သုတေသီ တချို့မှ ဂျင်းကို စားသုံးခြင်းဖြင့် virus များကြောင့် ဖြစ်သည့် အချို့ရောဂါ တော်တော်များများ ပျောက်ကင်းနိုင်ကြောင်းတွေ့ရှိထားပါတယ်။ သက်ရှည် တေဆေး အဖြစ်လည်းကောင်း၊ သွားကိုက်ရောဂါတွင် ဂျင်းကို ပါးပါးလှီး၍ အုံပေးခြင်းဖြင့် သွားကိုက် ရောဂါ ပျောက်ကင်းစေပါတယ်။ နားကိုက် ရောဂါတွင် ဂျင်းစိမ်း သတ္တုရည် နွေးနွေးအား နားတွင်
ခတ်ပေးခြင်းဖြင့် နားကိုက်ရောဂါ ပျောက်စေပါတယ်။ ဇက်ကြော တက်သူများ အတွက် ဂျင်းပါးပါး လှီးပြီး မီး အနည်းငယ်ပြပါ။ ပြီးလျှင် ဇက်ကြောတက်သည့် နေရာ၌ ကပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်စေနိုင်တယ်လို့ သိရပါတယ်။
စားသုံးနည်းများ
(၁) အဆုတ်ပွ၊ ပန်းနာရောဂါအတွက် နှမ်းနက်ဖြင့် စားသုံးပါ။
(၂) အားနည်းခြင်းအတွက် ထန်းလျက် စားပွဲဇွန်း (၁)ဇွန်းတစ်နေ့ (၂)ကြိမ် စားပါ။
(၃) ကြွက်သားများသန်စွမ်းစေရန် နို့နှင့် ရောသောက်ပါ။
(၄) မောပန်းခြင်းအတွက် တစ်နေ့ လျှင် ထန်းလျက်စားပွဲဇွန်း(၁) ဇွန်း သောက်ပါ။
(၅) လစဉ် ဓမ္မတာလာစဉ်နှင့် မလာမီ ဖြစ်တတ်သော နာကျင်မှုများ၊ သားအိမ်အတွင်းဖြစ်ပေါ်တတ်သော ရောဂါအမျိုးမျိုးအတွက်နှင့် အမျိုးသမီးများ မီးဖွားပြီး သားအိမ် မကျက်ဘဲ ဖျားနာခြင်းများအတွက် ထန်းလျက် ၂ ကျပ်သား၊ ဂျင်း ၁ ကျပ်သားအား ရေ (၂)လီတာတွင် တစ်ဝက်ခန့် ဖြစ်အောင်ကျိုပါ။ ပြီးလျှင် တစ်ခါသောက် အကြမ်းပန်းကန်လုံး(၁)လုံးခန့် တစ်နေ့(၃)ကြိမ် နေ့စဉ် သာက်သုံးခြင်းဖြင့် ၎င်းရောဂါကို ပျောက်ကင်းစေမဲ့အပြင် သွေးသားသန့်စင်ပြီး မျက်နှာနဲ့ အသားအရေလေးက ကြည်လင်သန့်စင်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်း မျှဝေရင်းနဲ့ ဒီတစ်ပတ်ရဲ့ ပျိုမေမွတ်စ်လင်မ်ကဏ္ဍကို ဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေ။ နောက်တစ်ပတ်မှာလည်း ပျိုမေတို့အတွက် ဗဟုသုတဖြစ်စေပြီး စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေကို ဒီထက်ပိုမိုကောင်းမွန်အောင် တင်ဆက်ပေးသွားမယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေနော်။
No comments:
Post a Comment