
မိန်းမကိုယ် ရောဂါကင်းရှင်းပါက ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာပါ။ မိန်းမကိုယ်မှိုစွဲပြီး အနံ့အသက်ဆိုးဖြစ်တာကနေ ကာကွယ်ဖို့ အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်ပါ။
(၁) ဆပ်ပြာလုံးဝ မသုံးပါနှင့်
မိန်းမကိုယ် သန့်ရှင်းစေဖို့ သန့်စင်ရာမှာ ဆပ်ပြာလုံးဝမသုံးသင့်ပါ။ ခန္ဓာကိုယ်မှာ သန့်ရှင်းတဲ့စနစ်က အလိုအလျောက်ပါပြီးသားမို့ မိန်းမကိုယ်အတွင်းဘက်ကို ဆေးကြောတာမျိုးတွေလည်း မလုပ်သင့်ပါ။
(၂) စပရေးဖျန်းဆေး မသုံးပါနှင့်
ပန်းရနံ့ တွေ မွှေးပျံ့ လိုတာကြောင့် အမွှေးနံ့ပါတဲ့ စပရေးဖျန်းဆေးကို မိန်းမကိုယ်မှာ အသုံးမပြုသင့်ပါ။ မိန်းမကိုယ်ရဲ့ စံကိုပြောင်းလဲစေပြီး ယားယံတာနဲ့ တခြားပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။
(၃) ရာသီလာနေစဉ် သန့်ရှင်းရေး ဂရုစိုက်ပါ
မိန်းမကိုယ်ရောဂါဘယကင်းရှင်းပြီး ကျန်းမာဖို့ဆိုရင် တစ်ကိုယ်ရေ သန့်ရှင်းရေး အပြင် ရာသီလာနေစဉ်မှာ မိန်းမကိုယ်သန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့လိုပါတယ်။ ရာသီလာစဉ်မှာ အသုံးပြုတဲ့ လစဉ်သုံးပစ္စည်းကို မလဲလှယ်ဘဲ တစ်နေကုန် အသုံးပြုတာမျိုး မလုပ်သင့်ပါ။အချိန်ကြာကြာအသုံးပြုတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားပြီး နီရဲတာ၊ ယားယံတာတွေ ဖြစ်နိုင်တာကြောင့်ပါ။
(၄) ချည်သားအတွင်းခံဘောင်းဘီ ၀တ်ဆင်ပါ
ချည်သားဘောင်းဘီက ခြောက်သွေ့လွယ်ပြီး လေ၀င်လေထွက်ကောင်းမွန်တာကြောင့် မှိုတွေပေါက်ဖွားမှု မဖြစ်အောင် ဟန့်တားနိုင်ပါတယ်။ နိုင်လွန်သား၊ ပိုးသားတွေနဲ့ ချုပ်လုပ်ထားတဲ့ အတွင်းခံဘောင်းဘီဝတ်ဆင်မှုမျိုးကိုရှောင်ပါ။
(၅) ပွပွချောင်ချောင် အ၀တ်အစား ၀တ်ဆင်ပါ
အ၀တ်အစားဝတ်ဆင်ရာမှာ ကျပ်လွန်းတဲ့ ဘောင်းဘီ၊ စကတ်တွေ ၀တ်ဆင်တာမျိုးက မိန်းမကိုယ်ခြောက်သွေ့မှုကို အားနည်းစေပြီး မှိုစွဲတာ၊ယားယံတာတွေကို ဖြစ်စေပါတယ်။
(၆) ဆီးခုံမွှေးရိတ်ပါ
မိန်းမကိုယ်မှာ ရောဂါကင်းပြီး ကျန်းမာစေဖို့ ဆီးခုံမွှေးရိတ်ပေးဖို့လိုပါတယ်။ မိန်းမကိုယ်တစ်ဝိုက်မှာ အမွှေးအမှင်တွေရှိနေပါက စိုစွတ်နေစေပြီး ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ ပေါက်ဖွားရှင်သန်မှုကို အားပေးတာကြောင့်ပါ။
(၇) Kegel လေ့ကျင့်ခန်းလုပ်ပါ
Kegel လေ့ကျင့်ခန်းလုပ်တာက တင်ပါးဆုံကြွက်သားတွေကို သန်မာစေပြီး အိမ်ထောင်ရေးသုခကို အပြည့်အ၀ရရှိစေပါတယ်။ Kegel လေ့ကျင့်ခန်းဆိုတာက ဆီးသွားနေချိန် တစ်ဝက်လောက်မှာ ဆီးသွားတာကို ခဏရပ်ပြီးမှ ဆီးဆက်သွားပါ။ ကြွက်သားတွေ သန်မာစေပါတယ်။
(၈) ရေများများသောက်ပါ
ရေမကြာခဏ သောက်ပေးတာက မိန်းမကိုယ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဆီးသွားတာတစ်ကြိမ်နဲ့ တစ်ကြိမ်ကြား ရေသောက်ပေးတာက ခန္ဓာကိုယ်မှာရှိတဲ့ ဘက်တီးရီးယားပိုးတွေ ဆီးနဲ့အတူ ထွက်သွားစေဖို့ အားပေးပါတယ်။
(၉) မိန်းမကိုယ်တွင် ပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးပါ
အဖြူဆင်းတဲ့အခါ အရောင်၊ အနံ့ရှိ၊ မရှိ၊ ယားယံတာတွေဖြစ်၊ မဖြစ် ကိုယ့်ကိုယ်ကိုယ် သတိထားဖို့ လိုအပ်ပါတယ်။ အဆိုပါ လက္ခဏာမျိုးတွေ တွေ့ရှိပါက ဆရာဝန်နဲ့ ပြသစစ်ဆေးပါ။
(၁၀) Pap Smear စစ်ဆေးပါ
ကြိုတင်ကာကွယ်တာက ကုသတာထက် ထိရောက်အကျိုးရှိပါတယ်။ Pap Smear ပြုလုပ်ပြီး သားအိမ်ခေါင်းကင်ဆာ မဖြစ်ပွားအောင် ကာကွယ်နိုင်ပါတယ်။ တစ်နှစ်တစ်ကြိမ် ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်းပြုလုပ်ဖို့လိုပါတယ်။
View Website
No comments:
Post a Comment