အဆက်အသွယ်ပြတ်တောက်နေတဲ့ B4 ရဟတ်ယဉ်ကို ထူးဖောင်းဒေးရှင်းရဲ့ B3 ရဟတ်ယာဉ်၂ စီး၊ တပ်မတော်လေက MI 17 အမျိုးအစား စစ်ရဟတ်ယာဉ်တစ်စီးတို့နဲ့ ဆက်လက်ရှာဖွေနေပြီး၊ လောလောဆယ်အထိ အဆက်အသွယ်မရသေးဘူးလို့ ထူးဖောင်ဒေးရှင်း ကူညီကယ်ဆယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုသက်က RFA ကိုပြောပါတယ်။
"ကျနော်တို့ အခုရှာဖွေနေတဲ့ ထိုင်းနိုင်ငံ B4 အမျိုးအစားရဟတ်ယာဉ်ကို ကျနော်တို့ ရှာဖွေနေတဲ့အပိုင်းမှာ ထပ်မံအင်အားဖြည့်ပြီးတော့မှ ကျနော်တို့ စစ်ရဟတ်ယဉ်တွေနဲ့ အားလုံးပူးပေါင်းပြီးတော့မှ ဒေသခံတွေအကုန်လုံး ရွာစဉ်တလျှောက်လုံးပေါ့နော်၊ ပူတာအိုကနေပြီး ရွာစဉ်တလျှောက် ရွာသူရွာသားတွေအကုန်လုံး ပူးပေါင်းပြီးတော့ ဝိုင်းဝန်းပြီးတော့ ဆောက်ရွက်နေကြပါတယ်၊ လက်ရှိအခြေအနေအထိ အဆက်အသွယ်မရရှိသေးပါဘူးခင်ဗျ"
အဆက်အသွယ်ပြတ်တောက်နေတဲ့ ရဟတ်ယာဉ်ပေါ်မှာ ထိုင်းနိုင်ငံက ရဟတ်ယာဉ်မှူးတစ်ဦးနဲ့အတူ မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနဲ့ ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်ရဲ့ တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ၃ ဦးလိုက်ပါသွားခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ B4 ထိုင်းရဟတ်ယာဉ်ဟာ ရှာဖွေရေးလုပ်ငန်းတွေအတွက် ထူးဖောင်ဒေးရှင်းက ငှားရမ်းထားတာ ဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့အခြေစိုက်စခန်းရှိတဲ့ တဟွန်ဒမ်း ကျေးရွာကို စက်တင်ဘာ၂၇ ရက်နေ့လည်ပိုင်းက ရိက္ခာပို့ဖို့အသွား ပျံသန်းချိန် မိနစ် ၂၀ အကြာမှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment